ေဒ ၚနယ္ထရန္႕က ေရြ႕ေၿပာင္းအေျခခ်ခြင့္ ဗီဇာ ဘာေႀကာင့္ ပိတ္သလဲ။ အေႀကာင္းအမ်ိဳးမ်ိဳး ရိွပါတယ္။ အခြန္မေပးပဲ လိမ္စားေနတဲ့သူေတြကို သူက ေဒါသထြက္ေနတာလဲ ပါတယ္။ ေရးခဲ့ဘူးတဲ့ ေဆာင္းပါးေလး ၿပန္တင္ေပးလိုက္ပါတယ္။

ျမန္ မာၿပည္က လာတဲ့သူေတြကို ဘာေႀကာင့္ “ေရႊ” လို႔ ေခၚသလဲ ဆိုတာကို ႏိုင္ငံရပ္ၿခားေရာက္လာမွ ပိုၿပီး သေဘာေပါက္ေတာ့တယ္။ မိန္းမေတြက ေရႊ တကယ္ႀကိဳက္တာကိုး။ မႀကာေသးမီက ေရာက္လာတဲ့ ဒုကၡသည္ေကာင္မေလးရဲ႕ လက္တခုလံုးမွာ ေရႊေတြ တလက္လက္ထေနတယ္။ ဒီေလာက္မ်ားတာ အတုေတြပဲ ေနမွာပါလို႔ ထင္ေနတာ။ မဟုတ္ဘူး။ အစစ္ေတြ တဲ့။ မႀကာဘူး။ တလထက္ တလ ၊ ေကာင္မေလးရဲ႕ ေရႊေတြက တံေထာင္ဆစ္အထိ ေရာက္လာေတာ့တယ္။ သူတို႔ကသာ တၿဖည္းၿဖည္း ေရႊေတြ အိေနတာ။ ကေလးေတြက ဝမလာဘူး။ အစုိးရက သံသယရိွလာတယ္။

ဒါေ ႀကာင့္ သူတို႔ကို ဝင္စစ္တယ္။ အပါးပါး။ ၿမန္မာဒုကၡသည္ အမ်ိဳးသမီးေတြ ကေလးေတြအတြက္ ေပးထားတဲ့ ႏြားႏို႔၊ Food Stamps ေတြကို ကေလးအတြက္မဝယ္ပဲ၊ ၿမန္မာကုန္စံုဆိုင္မွာသြား၊ ေငြနဲ႔လဲ၊ ၿပီးေတာ့ ေရႊဝယ္စုႀကသတဲ့။ ေက်ာင္းသားတေယာက္ဖြင့္ထားတဲ့ ၿမန္မာကုန္စံုဆိုင္ကလည္း သိပ္ၿပီး အၿမတ္မယူပါဘူး။ ေရာက္ခါစ လူဆိုရင္ Food Stamp ( ေဒၚလာ ၁၀၀) ဆိုရင္ (၈၀-၈၅ ေဒၚလာ) နဲ႔လဲသတဲ့။ ဒုကၡသည္ေတြ ကားမရိွရင္ ကားနဲ႔အႀကိဳအပို႔လုပ္ေပးၿပီး သူ႔ဆိုင္ကို ေစ်းဝယ္ေအာင္ လုပ္ေလ့ရိွသတဲ့။

ခုေ တာ့- food stamp ကို ေငြ နဲ႔ လဲသူေရာ၊ လဲေပးတဲ့ဆိုင္ေရာ၊ အစိုးရက ဝင္စစ္တယ္။ ဒဏ္ရိုက္ေတာ့တယ္။ ေနာက္တခါဆို ေထာင္ခ်မယ္ေပါ့။ ဒါေႀကာင့္ မီးရထားသံလမ္းေဘးက အရြက္ေလးေတြကိုခူးစား လို႔ ရြာကဓေလ့ပဲ ဆိုၿပီး မသနားနဲ႔ေလ။ သူတို႔က ကိုယ့္ထက္ ခ်မ္းသာတယ္။ အစိုးရက ေထာက္ပ့ံေပးထားတဲ့ food stamp ကို က်ေတာ့ ေရာင္းစား၊ ေရႊဝယ္စုၿပီး၊ လမ္းေဘးက အေလ့က်ေပါက္သစ္ပင္ေတြကို ႏႈတ္စားတာကေတာ့ ေအာက္တာေပါ့။

မိန္းမေတြက ေရႊစုလို႔ ေယာကၤ်ားေတြက ဘာလုပ္တယ္ထင္သလဲ။ ေယာကၤ်ားေတြက ရြာမွာေနတံုးက လွည္းတစီးေတာင္ မပိုင္တာ၊ ဒီေရာက္ေတာ့ ကားဝယ္ရင္ Zero millage အသစ္စက္စက္မွ စီးႀကတယ္။ ဒီမွာက Learner permit လို႔ ေခၚတဲ့ အေမာင္းသင္ လက္မွတ္ရိွရင္ ကားဝယ္လို႔ရတယ္ မို႔လား။ ဆိုေတာ့– ေမာင္မင္းႀကီးသားေတြက ကားအသစ္တစီးဝယ္တယ္။ သူ႔သူငယ္ခ်င္းက သူ႔ထက္ေကာင္းတာဝယ္ရင္၊ သူကလည္း အားက်မခံ သူ႕သူငယ္ခ်င္းထက္ သစ္တဲ့ ေနာက္ထပ္ကားတစီးသြားၿပီး အလဲအလွယ္လုပ္ ဝယ္တယ္။

ၿပိဳင္စရာမရိွေတာ့ ကားၿပိဳင္တယ္။ အိမ္ၿပိဳင္တယ္။ ပထမေတာ့ ကားေရာင္းတဲ့သူက သေဘာက်တာေပါ့။ တႏွစ္ေတာင္မၿပည့္ေသးဘူး။ ေနာက္ထပ္ ေဒၚလာ (သံုးေထာင္) ေလာက္ ပိုၿပီး ထပ္ေပး၊ ကားအသစ္တစီးကို ထပ္ဝယ္ ဆိုေတာ့ သေဘာမက်ပဲ ေနပါ့မလား။ ေနာက္ေတာ့ တေယာက္မဟုတ္၊ ဆယ္ေယာက္မဟုတ္၊ ကားကလည္း လဲလိုက္ႀကတာ၊ (၄) လ တခါေလာက္ၿဖစ္ေနတယ္။

ေနာက္ေတာ့ ကားေရာင္းတဲ့ဆိုင္က အားနာလာတယ္။ “မင္းတို႔ အဲ့သလို လုပ္ေနတာ မေကာင္းဘူး။ ကားဆိုတာ အနည္းဆံုး (၁-၂) ႏွစ္ေလာက္ေတာ့ စီးရတယ္။ ေနာက္မွ ေၿပာင္းႀကေပါ့” ေၿပာလည္း မရဘူး။ “ခင္ဗ်ား အၿမတ္ရတာပဲ။ ေအးေအးေဆးေဆးေနစမ္းပါ။ က်ဳပ္တို႔ ပိုက္ဆံ နဲ႔ က်ဳပ္တို႔လုပ္တာ ဘာၿဖစ္သလဲ” တဲ့။ ကားေရာင္းတဲ့ သူလည္း ဘာမွမေၿပာေတာ့ပါဘူး။

ဒုကၡသည္ေတြက ကားေရာင္းတဲ့သူတင္ အံ့ႀသေအာင္ လုပ္တာမဟုတ္ဘူး။ ရဲေတြကိုလည္း စိတ္ကသိကေအာက္ ၿဖစ္ေအာင္ လုပ္ေသးတယ္။ တခ်ိဳ႕က Learner Permit ပဲ ရေသးတာေလ။ အေဝးေၿပးကားေပၚတက္ေမာင္းတယ္။ ၿမန္မာၿပည္ကလာတဲ့ ဒုကၡသည္ေတြက Learning permit နဲ႔ ကားအသစ္ေတြဝယ္တယ္။ ကားတိုက္မႈ ၿဖစ္တယ္။ Insurance ေတြက တက္သြားတယ္။ နဂိုက တလမွာ အာမခံေႀကး ေဒၚလာ (၅၀-၆၀) ေလာက္သာေပးရတဲ့အဆင့္ကေန တလ ေဒၚလာ (၂၀၀-၂၅၀) ေတြ ၿဖစ္ကုန္တယ္။

တကယ္ေတာ့ အရင္းရွင္စံနစ္ႀကီးထဲမွာ လူေတြ သံသရာလည္ေနႀကတယ္။ ဒုကၡသည္ေတြက အစိုးရဆီက ေတာင္းစားတယ္။ အာမခံ ကုမၼဏီေတြက ဒုကၡသည္ေတြ ဆီက အၿမတ္ရတယ္။ အစိုးရ နဲ႔ အာမခံကုမၼဏီေတြ က အၿမတ္ကို ခြဲယူတယ္။ ခံရတာက အလုပ္ကို ႀကိဳးႀကိဳးစားစားလုပ္၊ အခြန္ေပးေဆာင္ေနရတဲ့ လူလတ္တန္းစားေတြ။

တကယ္လိုအပ္လို႕ အစိုးရဆီက ေထာက္ပံ့ေႀကးယူေနသူေတြကို နားလည္ပါတယ္။ ဒါေပမယ့္ တိုင္းၿပည္ကိုလည္း ဂုဏ္သိကၡာက်ေအာင္လုပ္၊ အလုပ္လုပ္ေနတဲ့သူေတြဆီက အခြန္ေတြကို လိမ္စားေနတဲ့ ႏိုင္ငံသားေတြကိုေတာ့ ေတာ္ေတာ္ေလးစိတ္ပ်က္လာမိတာ အမွန္။ ဒီလိုလူေတြ ေရာက္မလာတာ ေကာင္းပါတယ္…

Aung Moe Win
ေလးစားစြာျဖင့္ Blacker

Unicode

ဒေ ါ်နယ်ထရန့်က ရွေ့ပြောင်းအခြေချခွင့် ဗီဇာ ဘာကြောင့် ပိတ်သလဲ။ အကြောင်းအမျိုးမျိုး ရှိပါတယ်။ အခွန်မပေးပဲ လိမ်စားနေတဲ့သူတွေကို သူက ဒေါသထွက်နေတာလဲ ပါတယ်။ ရေးခဲ့ဘူးတဲ့ ဆောင်းပါးလေး ပြန်တင်ပေးလိုက်ပါတယ်။

မြန် မာပြည်က လာတဲ့သူတွေကို ဘာကြောင့် “ရွှေ” လို့ ခေါ်သလဲ ဆိုတာကို နိုင်ငံရပ်ခြားရောက်လာမှ ပိုပြီး သဘောပေါက်တော့တယ်။ မိန်းမတွေက ရွှေ တကယ်ကြိုက်တာကိုး။ မကြာသေးမီက ရောက်လာတဲ့ ဒုက္ခသည်ကောင်မလေးရဲ့ လက်တခုလုံးမှာ ရွှေတွေ တလက်လက်ထနေတယ်။ ဒီလောက်များတာ အတုတွေပဲ နေမှာပါလို့ ထင်နေတာ။ မဟုတ်ဘူး။ အစစ်တွေ တဲ့။ မကြာဘူး။ တလထက် တလ ၊ ကောင်မလေးရဲ့ ရွှေတွေက တံထောင်ဆစ်အထိ ရောက်လာတော့တယ်။ သူတို့ကသာ တဖြည်းဖြည်း ရွှေတွေ အိနေတာ။ ကလေးတွေက ဝမလာဘူး။ အစိုးရက သံသယရှိလာတယ်။

ဒါေ ကြာင့် သူတို့ကို ဝင်စစ်တယ်။ အပါးပါး။ မြန်မာဒုက္ခသည် အမျိုးသမီးတွေ ကလေးတွေအတွက် ပေးထားတဲ့ နွားနို့၊ Food Stamps တွေကို ကလေးအတွက်မဝယ်ပဲ၊ မြန်မာကုန်စုံဆိုင်မှာသွား၊ ငွေနဲ့လဲ၊ ပြီးတော့ ရွှေဝယ်စုကြသတဲ့။ ကျောင်းသားတယောက်ဖွင့်ထားတဲ့ မြန်မာကုန်စုံဆိုင်ကလည်း သိပ်ပြီး အမြတ်မယူပါဘူး။ ရောက်ခါစ လူဆိုရင် Food Stamp ( ဒေါ်လာ ၁၀၀) ဆိုရင် (၈၀-၈၅ ဒေါ်လာ) နဲ့လဲသတဲ့။ ဒုက္ခသည်တွေ ကားမရှိရင် ကားနဲ့အကြိုအပို့လုပ်ပေးပြီး သူ့ဆိုင်ကို စျေးဝယ်အောင် လုပ်လေ့ရှိသတဲ့။

ခုေ တာ့- food stamp ကို ငွေ နဲ့ လဲသူရော၊ လဲပေးတဲ့ဆိုင်ရော၊ အစိုးရက ဝင်စစ်တယ်။ ဒဏ်ရိုက်တော့တယ်။ နောက်တခါဆို ထောင်ချမယ်ပေါ့။ ဒါကြောင့် မီးရထားသံလမ်းဘေးက အရွက်လေးတွေကိုခူးစား လို့ ရွာကဓလေ့ပဲ ဆိုပြီး မသနားနဲ့လေ။ သူတို့က ကိုယ့်ထက် ချမ်းသာတယ်။ အစိုးရက ထောက်ပ့ံပေးထားတဲ့ food stamp ကို ကျတော့ ရောင်းစား၊ ရွှေဝယ်စုပြီး၊ လမ်းဘေးက အလေ့ကျပေါက်သစ်ပင်တွေကို နှုတ်စားတာကတော့ အောက်တာပေါ့။

မိန်းမတွေက ရွှေစုလို့ ယောင်္ကျားတွေက ဘာလုပ်တယ်ထင်သလဲ။ ယောင်္ကျားတွေက ရွာမှာနေတုံးက လှည်းတစီးတောင် မပိုင်တာ၊ ဒီရောက်တော့ ကားဝယ်ရင် Zero millage အသစ်စက်စက်မှ စီးကြတယ်။ ဒီမှာက Learner permit လို့ ခေါ်တဲ့ အမောင်းသင် လက်မှတ်ရှိရင် ကားဝယ်လို့ရတယ် မို့လား။ ဆိုတော့– မောင်မင်းကြီးသားတွေက ကားအသစ်တစီးဝယ်တယ်။ သူ့သူငယ်ချင်းက သူ့ထက်ကောင်းတာဝယ်ရင်၊ သူကလည်း အားကျမခံ သူ့သူငယ်ချင်းထက် သစ်တဲ့ နောက်ထပ်ကားတစီးသွားပြီး အလဲအလှယ်လုပ် ဝယ်တယ်။

ပြိုင်စရာမရှိတော့ ကားပြိုင်တယ်။ အိမ်ပြိုင်တယ်။ ပထမတော့ ကားရောင်းတဲ့သူက သဘောကျတာပေါ့။ တနှစ်တောင်မပြည့်သေးဘူး။ နောက်ထပ် ဒေါ်လာ (သုံးထောင်) လောက် ပိုပြီး ထပ်ပေး၊ ကားအသစ်တစီးကို ထပ်ဝယ် ဆိုတော့ သဘောမကျပဲ နေပါ့မလား။ နောက်တော့ တယောက်မဟုတ်၊ ဆယ်ယောက်မဟုတ်၊ ကားကလည်း လဲလိုက်ကြတာ၊ (၄) လ တခါလောက်ဖြစ်နေတယ်။

နောက်တော့ ကားရောင်းတဲ့ဆိုင်က အားနာလာတယ်။ “မင်းတို့ အဲ့သလို လုပ်နေတာ မကောင်းဘူး။ ကားဆိုတာ အနည်းဆုံး (၁-၂) နှစ်လောက်တော့ စီးရတယ်။ နောက်မှ ပြောင်းကြပေါ့” ပြောလည်း မရဘူး။ “ခင်ဗျား အမြတ်ရတာပဲ။ အေးအေးဆေးဆေးနေစမ်းပါ။ ကျုပ်တို့ ပိုက်ဆံ နဲ့ ကျုပ်တို့လုပ်တာ ဘာဖြစ်သလဲ” တဲ့။ ကားရောင်းတဲ့ သူလည်း ဘာမှမပြောတော့ပါဘူး။

ဒုက္ခသည်တွေက ကားရောင်းတဲ့သူတင် အံ့သြအောင် လုပ်တာမဟုတ်ဘူး။ ရဲတွေကိုလည်း စိတ်ကသိကအောက် ဖြစ်အောင် လုပ်သေးတယ်။ တချို့က Learner Permit ပဲ ရသေးတာလေ။ အဝေးပြေးကားပေါ်တက်မောင်းတယ်။ မြန်မာပြည်ကလာတဲ့ ဒုက္ခသည်တွေက Learning permit နဲ့ ကားအသစ်တွေဝယ်တယ်။ ကားတိုက်မှု ဖြစ်တယ်။ Insurance တွေက တက်သွားတယ်။ နဂိုက တလမှာ အာမခံကြေး ဒေါ်လာ (၅၀-၆၀) လောက်သာပေးရတဲ့အဆင့်ကနေ တလ ဒေါ်လာ (၂၀၀-၂၅၀) တွေ ဖြစ်ကုန်တယ်။

တကယ်တော့ အရင်းရှင်စံနစ်ကြီးထဲမှာ လူတွေ သံသရာလည်နေကြတယ်။ ဒုက္ခသည်တွေက အစိုးရဆီက တောင်းစားတယ်။ အာမခံ ကုမ္မဏီတွေက ဒုက္ခသည်တွေ ဆီက အမြတ်ရတယ်။ အစိုးရ နဲ့ အာမခံကုမ္မဏီတွေ က အမြတ်ကို ခွဲယူတယ်။ ခံရတာက အလုပ်ကို ကြိုးကြိုးစားစားလုပ်၊ အခွန်ပေးဆောင်နေရတဲ့ လူလတ်တန်းစားတွေ။

တကယ်လိုအပ်လို့ အစိုးရဆီက ထောက်ပံ့ကြေးယူနေသူတွေကို နားလည်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကိုလည်း ဂုဏ်သိက္ခာကျအောင်လုပ်၊ အလုပ်လုပ်နေတဲ့သူတွေဆီက အခွန်တွေကို လိမ်စားနေတဲ့ နိုင်ငံသားတွေကိုတော့ တော်တော်လေးစိတ်ပျက်လာမိတာ အမှန်။ ဒီလိုလူတွေ ရောက်မလာတာ ကောင်းပါတယ်…

Aung Moe Win
လေးစားစွာဖြင့် Blacker