ရန္ ကုန္၊ ေဖေဖာ္၀ါရီ ၃ – တရုတ္ႏုိ္င္ငံတြင္ ၀ူဟန္ဗုိင္းရပ္စ္ပုိးကူးစက္မႈေၾကာင့္ လူနာ ၃၆၁ ဦးေသဆုံးသြားၿပီး လူနာ ၄၇၈ ဦးမွာ အေရးေပၚ အေျခအေန ဆုိက္ေရာက္ေနေၾကာင္း တရုတ္အာဏာပုိင္မ်ားက ထုတ္ေဖာ္ေျပာဆုိလုိက္သည္။
လက္ ရွိ ေရာဂါကူးစက္ခံရသူအေရအတြက္မွာ ၁၇၂၃၈ ကူးစက္ခံေနရၿပီး သံသယေစာင္ၾကည့္ထားသူ ၂၁၅၅၈ ဦး ရွိကာ ၀ူဟန္ၿမိဳ႕တည္ရွိရာ ဟူေဘးျပည္နယ္တြင္ အမ်ားဆုံး ေသဆုံးမႈႏွင့္ ကူးစက္မႈမ်ား ျဖစ္ပြားေနေၾကာင္း သိရွိရသည္။
လူေပါင္း ၉၆၁၈ ဦး ေဆးရုံတက္ကုသမႈ ခံယူေနၿပီး လူနာ ၄၇၈ ဦးမွာ အေရးေပၚ အေျခအေန ေရာက္ရွိေနျခင္းျဖစ္သည္။ လူ ၄၇၇ ဦးမွာ ကုသ၍ သက္သာေပ်ာက္ကင္းသြားၿပီျဖစ္ေၾကာင္း သိရွိရသည္။
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကမာၻတလႊား ႏိုင္ငံေပါင္း ၂၃ ႏိုင္ငံတြင္ ျဖစ္ပြားေနၿပီး ကူးစက္ခံရသူ ၁၃၆ ဦး ရွိကာ တရုတ္ႏုိင္ငံျပင္ပေသဆုံးမႈအျဖစ္ ဖိလစ္ပိုင္ႏိုင္ငံတြင္ အသက္ ၄၄ ႏွစ္အရြယ္ တရုတ္ႏုိင္ငံသား တစ္ဦး ေသဆုံးသြားခဲ့သည္။
ျမန္မာႏုိင္ငံတြင္လည္း ေနျပည္ေတာ္၊ က်ဳိင္းတုံ၊ ရန္ကုန္၊ မင္းျပားတုိ႔တြင္ ၀ူဟန္ဗုိင္းရပ္စ္ သံသယလူနာမ်ား ေတြ႕ရွိထားေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနက တရား၀င္ သတင္းထုတ္ျပန္ထားသည္။
Ref – Alamy Live News
Credit-Blacker
Unicode
ရန် ကုန်၊ ဖေဖော်ဝါရီ ၃ – တရုတ်နို်င်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် လူနာ ၃၆၁ ဦးသေဆုံးသွားပြီး လူနာ ၄၇၈ ဦးမှာ အရေးပေါ် အခြေအနေ ဆိုက်ရောက်နေကြောင်း တရုတ်အာဏာပိုင်များက ထုတ်ဖော်ပြောဆိုလိုက်သည်။
လက် ရှိ ရောဂါကူးစက်ခံရသူအရေအတွက်မှာ ၁၇၂၃၈ ကူးစက်ခံနေရပြီး သံသယစောင်ကြည့်ထားသူ ၂၁၅၅၈ ဦး ရှိကာ ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ်တွင် အများဆုံး သေဆုံးမှုနှင့် ကူးစက်မှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။
လူပေါင်း ၉၆၁၈ ဦး ဆေးရုံတက်ကုသမှု ခံယူနေပြီး လူနာ ၄၇၈ ဦးမှာ အရေးပေါ် အခြေအနေ ရောက်ရှိနေခြင်းဖြစ်သည်။ လူ ၄၇၇ ဦးမှာ ကုသ၍ သက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကမ္ဘာတလွှား နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ဖြစ်ပွားနေပြီး ကူးစက်ခံရသူ ၁၃၆ ဦး ရှိကာ တရုတ်နိုင်ငံပြင်ပသေဆုံးမှုအဖြစ် ဖိလစ်ပိုင်နိုင်ငံတွင် အသက် ၄၄ နှစ်အရွယ် တရုတ်နိုင်ငံသား တစ်ဦး သေဆုံးသွားခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ကျိုင်းတုံ၊ ရန်ကုန်၊ မင်းပြားတို့တွင် ဝူဟန်ဗိုင်းရပ်စ် သံသယလူနာများ တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။
Ref – Alamy Live News
Credit-Blacker