က်န္း မာေရးႏွင့္အားကစားဝန္ႀကီးဌာနကယေန႕ည ပိုင္း သတင္းထုတ္ျပန္ခ်က္အရ တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံကြမ္က်ိဳးၿမိဳ႕က ျမန္မာနိုင္ငံကို ဇန္နဝါရီလ၃၁ ရက္ေန႕က ေရာက္ရွိလာခဲ့တဲ့ ျမန္မာနိုင္ငံတြင္ အလုပ္လုပ္ေနသူအသက္ (၂၉) ႏွစ္အ႐ြယ္ တ႐ုတ္နိုင္ငံသား အမ်ိဳးသားတစ္ဦး ကိုယ္အပူခ်ိန္ျမင့္မားလို႔ ေနျပည္ေတာ္ရွိ ပုဂၢလိက ေဆးခန္းတြင္ သြားေရာက္ျပသခဲ့ၿပီး အဆိုပါ ေဆးခန္းက ေနျပည္ေတာ္ ခုတင္ (၁၀၀၀) ဆံ့ျပည္သူ႕ေဆး႐ုံႀကီး ဆက္ၿပီးလႊဲေပးခဲ့ပါတယ္။

အဆိုပါ အမ်ိဳးသားကို ေနျပည္ေတာ္ခုတင္ (၁၀၀၀) ဆံ့ျပည္သူ႕ေဆး႐ုံႀကီးရွိသီးျခားခန္းတြင္ထားရွိကုသကာ အေသးစိတ္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာ ကိုယ္အပူခ်ိန္ျမင့္မားျခင္း၊ ေခ်ာင္းဆိုးျခင္းနဲ႕ ႏွာေစးျခင္လကၡဏာေတြေတြ႕ရွိရ တယ္လို႔ထုတိျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ အဲဒီ အမ်ိဳးသားအား 2019 Novel Coronavirus ေရာဂါ သံသယလူနာအျဖစ္သတ္မွတ္၍ ေရာဂါရွိ၊ မရွိ အတည္ျပဳနိုင္ရန္အတြက္ ၎ထံမွ ႏွာေခါင္းတို႔ဘတ္နမူနာ (Nasopharyngeal Swab) ကို ရယူၿပီး ရည္ၫႊန္းဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးေဆာင္႐ြက္မည္ျဖစ္ပါသည္ဟုက်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခ်က္ မွာေဖာ္ျပထားပါတယ္။

source BBC

Unicode

ကိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူနေပြည်တော်တွင်တွေ့ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကယနေ့ည ပိုင်း သတင်းထုတ်ပြန်ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ကျိုးမြို့က မြန်မာနိုင်ငံကို ဇန်နဝါရီလ၃၁ ရက်နေ့က ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူအသက် (၂၉) နှစ်အရွယ် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး ကိုယ်အပူချိန်မြင့်မားလို့ နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီး အဆိုပါ ဆေးခန်းက နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး ဆက်ပြီးလွှဲပေးခဲ့ပါတယ်။

အဆိုပါ အမျိုးသားကို နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးရှိသီးခြားခန်းတွင်ထားရှိကုသကာ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနဲ့ နှာစေးခြင်လက္ခဏာတွေတွေ့ရှိရ တယ်လို့ထုတိပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီ အမျိုးသားအား 2019 Novel Coronavirus ရောဂါ သံသယလူနာအဖြစ်သတ်မှတ်၍ ရောဂါရှိ၊ မရှိ အတည်ပြုနိုင်ရန်အတွက် ၎င်းထံမှ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) ကို ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးဆောင်ရွက်မည်ဖြစ်ပါသည်ဟုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

source BBC