ကုိ ရုိနာဗုိင္းရပ္စ္ ကူးစက္ေရာဂါလူနာေတြရဲ႕ ရုပ္အေလာင္းေတြကုိ နီးစပ္ရာေနရာေတြမွာ မီးသၿဂၤဳိလ္ပစ္ၾကဖုိ ့နဲ႕ အသုဘရွဴ႕တာလုိမ်ဳိး အစဥ္အလာအခမ္းအနားေတြ မလုပ္ၾကဖုိ ့ တရုတ္အာဏာပုိင္ေတြက ညႊန္ၾကားထားေၾကာင္း ေဖေဖာ္ ၂ ရက္ ဆင္ဟြာသတင္းမွာ ေဖာ္ျပပါတယ္။

ေရာ ဂါကူးစက္ လူနာေတြရဲ႕ အေလာင္းေတြကုိ တစ္ျပည္နယ္မွ တစ္ျပည္နယ္ သယ္ေဆာင္တာမ်ဳိးမလုပ္အပ္ေၾကာင္းနဲ႕ ေျမျမွဳပ္သၿဂၤဳိလ္ျခင္း သို ့မဟုတ္ အေလာင္းမပ်က္စီးတဲ့ အျခား သၿဂၤဳိလ္မႈပုံစံေတြ မလုပ္ရဘူးလုိ ့ အမ်ဳိးသားက်န္းမာေရး ေကာ္မရွင္၊ ျပည္သူ႕ေရးရာ၀န္ႀကီးဌာနနဲ႕ ျပည္သူ႕လုံၿခဳံေရး ၀န္ႀကီးဌာနတုိ ့က ပူးတြဲထုတ္ျပန္တဲ့ လမ္းညႊန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

ေဆးဘက္ဆုိင္ရာ ၀န္ထမ္းေတြအေနနဲ႕ အေလာင္းေတြကုိ ပုိးသတ္ေဆးနဲ႕သန္ ့စင္ကာ အိတ္ေတြထဲ ထည့္ပိတ္္ထားဖုိ ့လုိအပ္ၿပီး ခြင့္ျပဳခ်က္မရဘဲ အေလာင္းအိတ္ေတြကုိ မဖြင့္ဖုိ ့ ဆင္ဟြာမွာ ေဖာ္ျပခဲ့ပါတယ္။ အသုဘအိမ္ေတြထံ အထူး၀န္ထမ္းေတြနဲ႕ ယာဥ္ေတြပုိ ့ေဆာင္ကာ သတ္မွတ္ထားတဲ့ လမ္းေၾကာင္းအတုိင္းသာ အေလာင္းေတြကုိ ပုိ ့ေဆာင္ၿပီး နီးစပ္ရာ သတ္မွတ္ထားတဲ့ေနရာေတြမွာ မီးသၿဂၤဳိလ္ဖုိ ့လည္း လမ္းညႊန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ သီးျခား ဆင္ဟြာသတင္းတစ္ပုဒ္အရ ဗုိင္းရပ္စ္ဟာ မိခင္ကေန ကေလးကုိ ကူးစက္ႏုိင္ေျခရွိေၾကာင္း ရွီက်င္းတကၠသုိလ္ ကေလးေဆးရုံရဲ႕ အသက္ရႈလမ္းေၾကာင္းဆုိင္ရာ ေဆးပညာဌာနမွ ကၽြမ္းက်င္သူ ခ်န္ရွီမင္းကုိ ကုိးကားၿပီး ေဖာ္ျပခဲ့ပါတယ္။

အကုန္သိ

ကို ရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါလူနာတွေရဲ့ ရုပ်အလောင်းတွေကို နီးစပ်ရာနေရာတွေမှာ မီးသင်္ဂြိုလ်ပစ်ကြဖို ့နဲ့ အသုဘရှူ့တာလိုမျိုး အစဉ်အလာအခမ်းအနားတွေ မလုပ်ကြဖို ့ တရုတ်အာဏာပိုင်တွေက ညွှန်ကြားထားကြောင်း ဖေဖော် ၂ ရက် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ရော ဂါကူးစက် လူနာတွေရဲ့ အလောင်းတွေကို တစ်ပြည်နယ်မှ တစ်ပြည်နယ် သယ်ဆောင်တာမျိုးမလုပ်အပ်ကြောင်းနဲ့ မြေမြှုပ်သင်္ဂြိုလ်ခြင်း သို ့မဟုတ် အလောင်းမပျက်စီးတဲ့ အခြား သင်္ဂြိုလ်မှုပုံစံတွေ မလုပ်ရဘူးလို ့ အမျိုးသားကျန်းမာရေး ကော်မရှင်၊ ပြည်သူ့ရေးရာဝန်ကြီးဌာနနဲ့ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနတို ့က ပူးတွဲထုတ်ပြန်တဲ့ လမ်းညွှန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အလောင်းတွေကို ပိုးသတ်ဆေးနဲ့သန် ့စင်ကာ အိတ်တွေထဲ ထည့်ပိတ််ထားဖို ့လိုအပ်ပြီး ခွင့်ပြုချက်မရဘဲ အလောင်းအိတ်တွေကို မဖွင့်ဖို ့ ဆင်ဟွာမှာ ဖော်ပြခဲ့ပါတယ်။ အသုဘအိမ်တွေထံ အထူးဝန်ထမ်းတွေနဲ့ ယာဉ်တွေပို ့ဆောင်ကာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသာ အလောင်းတွေကို ပို ့ဆောင်ပြီး နီးစပ်ရာ သတ်မှတ်ထားတဲ့နေရာတွေမှာ မီးသင်္ဂြိုလ်ဖို ့လည်း လမ်းညွှန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ သီးခြား ဆင်ဟွာသတင်းတစ်ပုဒ်အရ ဗိုင်းရပ်စ်ဟာ မိခင်ကနေ ကလေးကို ကူးစက်နိုင်ခြေရှိကြောင်း ရှီကျင်းတက္ကသိုလ် ကလေးဆေးရုံရဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာနမှ ကျွမ်းကျင်သူ ချန်ရှီမင်းကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အကုန်သိ