ေ႐ႊျပည္ သာၿမိဳ႕နယ္၊ ဘုံရည္ေက်း႐ြာအနီး အမွတ္ (၄) လမ္းေဘးရွိ ေကတီဗီဆိုင္တြင္ ဆက္ရွင္ခမရွင္းႏိုင္သည့္ အမ်ိဳးသားသုံးဦး ေဂါက္႐ိုက္တံျဖင့္ ႐ိုက္ႏွက္ခံရေသာေၾကာင့္ တစ္ဦး ေသဆုံးကာ ႏွစ္ဦးမွာ ေပါက္ၿပဲဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ေသဆုံးသူ အသက္ ၂၅ ႏွစ္အ႐ြယ္ အမ်ိဳးသားအပါအဝင္ အမ်ိဳးသားသုံးဦးမွာ ဇန္နဝါရီ ၃၁ ရက္ ညပိုင္းက အမွတ္ (၄) လမ္းေဘးရွိ ေကတီဗီဆိုင္ တစ္ဆိုင္သို႔ သြားေရာက္ၿပီး သီခ်င္းဆိုၿပီးေနာက္ ဆက္ရွင္ခ အျပည့္မရွင္းႏိုင္သျဖင့္ ဆိုင္မန္ေနဂ်ာ အမ်ိဳးသားႏွစ္ဦးႏွင့္ စကားမ်ားရန္ျဖစ္ခဲ့သည္။

ယင္းသို႔ စကားမ်ားရန္ျဖစ္စဥ္ ဆိုင္မန္ေနဂ်ာႏွစ္ဦးက ၎တို႔သုံးဦးအား လက္သီးျဖင့္ ထိုးႀကိတ္ၿပီး ေဂါက္႐ိုက္တံျဖင့္ ႐ိုက္ႏွက္ေသာေၾကာင့္ အသက္ ၂၅ ႏွစ္အ႐ြယ္ အမ်ိဳးသားမွာ ဦးေခါင္းေပါက္ၿပဲ ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ၿပီး က်န္ႏွစ္ဦးမွာ ေပါက္ၿပဲဒဏ္ရာမ်ား ရရွိခဲ့ေသာေၾကာင့္ အင္းစိန္ေဆး႐ုံသို႔ တင္ပို႔ထားရေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါ လူသတ္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျပစ္မႈက်ဴးလြန္သည့္ ဆိုင္မန္ေနဂ်ာႏွစ္ဦးကို ဖမ္းဆီးထားၿပီး လူသတ္မႈ ပုဒ္မ ၃၀၂၊ အျပင္းအထန္ နာက်င္ေစမႈ ပုဒ္မ ၃၂၅ ႏွင့္ အားေပးကူညီမႈ ပုဒ္မ ၁၁၄ တို႔ျဖင့္ ေလွာ္ကားနယ္ေျမရဲစခန္းက အမႈဖြင့္အေရးယူစစ္ေဆးေဆာင္႐ြက္လ်က္ရွိသည္။

အကုန္သိ

Unicode

ရွှေပြည် သာမြို့နယ်၊ ဘုံရည်ကျေးရွာအနီး အမှတ် (၄) လမ်းဘေးရှိ ကေတီဗီဆိုင်တွင် ဆက်ရှင်ခမရှင်းနိုင်သည့် အမျိုးသားသုံးဦး ဂေါက်ရိုက်တံဖြင့် ရိုက်နှက်ခံရသောကြောင့် တစ်ဦး သေဆုံးကာ နှစ်ဦးမှာ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၂၅ နှစ်အရွယ် အမျိုးသားအပါအဝင် အမျိုးသားသုံးဦးမှာ ဇန်နဝါရီ ၃၁ ရက် ညပိုင်းက အမှတ် (၄) လမ်းဘေးရှိ ကေတီဗီဆိုင် တစ်ဆိုင်သို့ သွားရောက်ပြီး သီချင်းဆိုပြီးနောက် ဆက်ရှင်ခ အပြည့်မရှင်းနိုင်သဖြင့် ဆိုင်မန်နေဂျာ အမျိုးသားနှစ်ဦးနှင့် စကားများရန်ဖြစ်ခဲ့သည်။

ယင်းသို့ စကားများရန်ဖြစ်စဉ် ဆိုင်မန်နေဂျာနှစ်ဦးက ၎င်းတို့သုံးဦးအား လက်သီးဖြင့် ထိုးကြိတ်ပြီး ဂေါက်ရိုက်တံဖြင့် ရိုက်နှက်သောကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သောကြောင့် အင်းစိန်ဆေးရုံသို့ တင်ပို့ထားရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သည့် ဆိုင်မန်နေဂျာနှစ်ဦးကို ဖမ်းဆီးထားပြီး လူသတ်မှု ပုဒ်မ ၃၀၂၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

အကုန်သိ