ရန် ကုန်၊ ဖေဖော်ဝါရီ ၂ – မြန်မာနိုင်ငံသား တရုတ်လူမျိုး အသက် (၁၅) နှစ်အရွယ် Yang Shu Ming ကို ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သံသယ ရှိနေတဲ့အတွက် ဒီနေ့ဖေဖော်ဝါရီလ (၂)ရက်မနက် အစောပိုင်းက အောင်ရတနာဆေးရုံကနေ ဝေဘာဂီဆေးရုံကို လွှဲပြောင်း ရောက်ရှိလာတဲ့အကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အတည်ပြုလိုက်ပါတယ်။

“ဟု တ်ပါတယ်။ ဒီနေ့မနက်ပိုင်းက သူ့ကိုသံသယရှိလို့ ဝေဘာဂီဆေးရုံကိုပို့လိုက်တာပါ။ ကျွန်မအခုအရေးကြီး ပွဲထဲရောက်နေလို့ အသေးစိတ်ပြောဖို့တော့အချိန်မရသေးလို့ပါ” လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးက ပြောပါတယ်။

လူနာဟာ ဇန်နဝါရီလ (၁၉)ရက်နေ့က တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့တာဖြစ်ပြီး (၂၉)ရက်နေ့မှာတော့ ချောင်းဆိုးရောဂါခံစားနေရတဲ့အတွက် အောင်ရတနာ ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေစဉ် ဗိုင်းရပ်စ်သံသယရှိလို့ ဝေဘာဂီဆေးရုံကို ပို့ဆောင်ထားကြောင်း သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ အောင်ရတနာဆေးရုံကို ဆက်သွယ်ခဲ့တာမှာတော့ ဆေးရုံကိုလာခဲ့ဖို့သာ ဖြေကြားခဲ့ပါတယ်။

အခုအချိန်မှာတော့ ဝေဘာဂီဆေးရုံမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် မြန်မာနိုင်ငံသား(၃)ယောက်နဲ့ တရုတ်နိုင်ငံသား(၁)ယောက်စုစုပေါင်း (၄)ယောက်ကို စောင့်ကြည့်ကုသပေးနေပါတယ်။

Credit-Blacker