တ ရုတ်ပြည်မှာ သူတို့ တိုင်းရင်းဆေး တိုင်းရင်းသမားတော် နဲ့ ကုသလို့ပျောက်တဲ့ ဝူဟန်ဗိုင်းရပ်စ် လူနာတွေ ရှိလာတယ်။ အသက်ဆုံးရှုံးတာ နည်းလာတယ်။ အခု သေဆုံးနှုံး ၂% တောင်မရှိတော့ဘူး။ ဝူဟန်ကို လူသားတွေ စ နိုင်လာပြီ။

တ ရုတ် တိုင်းရင်းသမားတော်တွေ လူနာကို တိုက်တဲ့ဆေး က Chuan Xin Lian တဲ့။ လဘက်ရည် ဖျော်တိုက်တာတဲ့။ ကိုယ်လည်း မနေနိုင်တာနဲ့ လိုက်ရှာလိုက်တာ… Chuan Xin Lian ဆိုတာ အင်္ဂလိပ်လို Andrographis… မြန်မာလို.. မြန်မာလို….

ဟာ! မြန်မာပြည်မှာ ပေါတဲ့ ဆေးခါးကြီးဗျို့… ဗိုင်းရပ်စ်ပိုးကို နိုင်တယ် တဲ့။ မြန်မာလိုဆိုရင်တော့ သလိပ်ကြေတယ်ပေါ့။ သလိပ်ကြေတာ အဆုတ်ပိုးသတ်တာပေါ့။

တခြားဆေးသုတေသနတွေမှာလည်း ဗိုင်းရပ်စ် ပိုးအတွက် အရှေ့တောင်အာရှမှာ ရှေးကတည်းက ဆေးဆရာတွေ သုံးကြတယ်တဲ့။

ကျွန်တော်လည်း ဆေးဆရာမဟုတ်ဘူး ဗမာဆေးညွှန်းတခါမှမလုပ်ဖူးဘူး side effect တွေမသိဘူး၊ ပညာရှင်တွေ ဆက်ဆွေးနွေးကြပါ။ ဒါပေမဲ့ ဘာမှ ကုစရာမရှိဆေး မရှိသေးတဲ့ ရောဂါဆိုတော့ ကောက်ရိုးတမျှင်ပေါ့၊ ယုံတာ မယုံတာ အပထား…

ဆာဒူးကြီး အစား ဆေးခါးကြီး ဆောင်ထားပါလားဗျ…

Kyaw Swa Min
လေးစားစွာဖြင့် Blacker