




(DM, 24.1.20) ချယ်ရီ

သတို့သားလောင်း၏ဖခင်နှင့် သတို့သမီးလောင်း၏မိခင် လိုက်ပြေးသွားသဖြင့် လူငယ်များရဲ့မင်္ဂလာပွဲပျက်သွား

လာမည့်လတွင် လက်ထပ်ရန် စီစဉ် ထားသည့် အိန္ဒိယစုံတွဲသည် ယောက်ျm; လေး၏ ဖခင်နှင့် မိန်းကလေး၏ မိခင် ခိုးရာလိုက်ပြေးသွားသဖြင့် မင်္ဂလာပွဲကို ဖျက်လိုက်ရပြီဖြစ်သည်။

နှစ်ဖက်မိဘ နှစ်ပါးလိုက်ပြေးသွားကြသည့်အတွက် အ ဆိုပါသတို့သား၊ သတို့သမီးလောင်းသည်
ဖေဖော်ဝါရီလတွင် လုပ်ရန်စီစဉ်ထား သည့် မင်္ဂလာပွဲကို ဖျက်လိုက်ရခြင်းဖြစ် သည်။

သတို့သား၏ဖခင်မှာ အသက် ၄၈ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး သတို့သမီး၏မိခင်မှာ အသက် ၄၆ နှစ်ဖြစ် ပြီး ၎င်းတို့သည် ဇန်နဝါရီလ ၁၀ ရက်တွင် ခိုးပြေးသွားကြသည်။

ထိုနှစ်ဦးသည် ငယ် သူငယ်ချင်းများဖြစ်သည့်အပြင် အိမ်နီး ချင်းများလည်းဖြစ်ကြသည်။ သားသမီး တို့၏မင်္ဂလာပွဲနီးလာချိန်တွင်မှ လူကြီးများ လိုက်ပြေးသွားကြခြင်းဖြစ်သည်။ ကျန်ရစ် သူမိသားစုကရဲစခန်းတွင် လူပျောက်တိုင် ချက်ဖွင့်ထားသည်။

အိမ်နီးချင်းလည်း ဖြစ်နေတော့ ငယ်ငယ်ကတည်းက ကစား ဖော်ကစားဖက်ပေါ့။ ပြီးတော့ အရွယ် ရောက်လာတော့သူတို့နှစ်ယောက်ဇာတ်လမ်းလည်းဖြစ်ခဲ့ကြဖူးတယ်လို့ အတွင်း သိသူငယ်ချင်းတွေကပြောပြတယ်] ဟု ဆွေမျိုးတစ်ဦးက ဆိုသည်။

(DM, 24.1.20) ချယ်ရီ