Lu Yuejin ဆို တဲ့အမျိုးသမီးဟာ ဝူဟန်မြို့ရှိတဲ့ ဟူဘေး ပြည်နယ်နဲ့ တောင်ဘက်က ကျန်းစီးပြည်နယ်ကို ခြားထားတဲ့ တံတားပေါ်မှာ….. အတားအဆီးဂိတ်က ရဲတွေကို ငိုယိုတောင်းပန်လျှက် ရှိပါတယ်။

မိ ခင် Lu ရဲတွေကို ငိုယိုပြီး အကြာကြီးတောင်းပန်နေချိန်မှာ သူ့သမီး အသက်၂၆ နှစ်ရှိ Hu Ping ဟာ တံတားပေါ်မှာ စောင်ခြုံပြီးကွေးလျှက်ရှိပါတယ်။

သူတို့သားအမိဟာ ဟူဘေးပြည်နယ် ရွာတစ်ရွာက လယ်သမားတွေပါ။ သမီး Hu Ping က ကင်ဆာဖြစ်နေလို့ ကျန်းစီးပြည်နယ်က Jiujiang မှာ ဓာတ်ကင်ဖို့ ရက်ချိန်းစေ့လို့ သွားရမယ်။ခက်တာက ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဟူဘေးပြည်နယ်ကို ပိတ်ထားတော့ သူတို့ဘယ်လိုမှလုပ်မရ။

မိခင် Lu ဟာ သမီးကို ဇွဲကောင်းကောင်းနဲ့ နယ်စပ်တံတားအထိ ရောက်အောင် အတားအဆီးတွေကို ဖြတ်သန်းလာနိုင်ခဲ့တယ်။ယန်ဇီမြစ်တံတားအရောက်မှာတော့ သူတို့ ဘယ်လိုမှ ခရီးဆက်လို့ မရတော့ပါဘူး။

“ကျေးဇူးပြုပြီး သမီးလေးကိုတော့ပေးဖြတ်ပါရှင်၊ ကျမမလိုပါဘူး။ ကျေးဇူးပြုပြီး သမီးလေးကို ကယ်ကြပါရှင်။” 😭

အခါခါ ငိုယိုတောင်းပန်နေတဲ့ မိခင် Lu ရဲ့အသံဟာ တံတားပေါ် လော်စပီကာကနေ “ဘယ်သူမှပေးမဖြတ်ကြောင်း”ကြေညာချက်သံတွေအကြား တိမ်မြှုပ်သွားပါတော့တယ်။အသံမထွက်တော့တဲ့အဆုံး မျက်ရည်သာ တွင်တွင်ကျကာ တောင်းပန်နေပါတော့တယ်။

“အခုအချိန်မှာ အလိုချင်ဆုံးက…. ကျမ သမီးလေး အသက်ကို ကယ်ဖို့ပဲ” အမေ Lu တိုးတိုးလေးသာ အသံမထွက်ပဲ ညည်းနိုင်တော့တယ်။တစ်နာရီခန့်အကြာမှာ ရဲတွေလှုပ်လှုပ်ရှားရှား ဖြစ်ကုန်တယ်။ ဖုန်း call တွေ ကြားနေရတယ်။

နောက်ဆုံးမတော့….. လူနာတင်ကား 🚑 တစ်စီးရောက်လာပြီး အမေရော သမီးရောကို တင်ခေါ်ကာ ကျန်းစီးပြည်နယ်ထဲကို တင်ခေါ်သွားပါတော့တယ်။

ကျန်းစီးပြည်နယ်အဝင် အပူချိန်စစ်ဆေးတဲ့ temperature check point မှာ အမေ Lu ဟာ ထော့နဲ့ထော့နဲ့နဲ့ ကြိုးစားဖြတ်ကျော် သွားပါတယ်။

နောက်ဆုံးတော့ အမေတစ်ယောက်ရဲ့ ယန်ဇီမြစ်ပေါ်မှာ ကျခဲ့တဲ့ မျက်ရည်ဟာ… အချည်းနည်းမဖြစ်တော့ဘူးလေ။Richard Myo Thant