ေ ဖေဖာ္ဝါရီ ၂။ ။ ရဲေမကိုမွ ျပည့္တန္ဆာလို႔ ထင္မွတ္ၿပီး ေစ်းသြားညႇိမိတဲ့ အမ်ိဳးသားတစ္ဦး အဖမ္းခံလိုက္ရတဲ့ ျဖစ္စဥ္တစ္ခု အေမရိကန္နိုင္ငံ နယူးမကၠဆီကို ျပည္နယ္မွာ ျဖစ္ပြားခဲ့ပါတယ္။ယင္းျဖစ္စဥ္မွာ ဒိုမစ္နစ္ ကယ္လ္ဒါရြန္ ဆိုသူ အမ်ိဳးသားကို ျပည့္တန္ဆာ ျမႇဴဆြယ္မႈနဲ႔ ရဲေတြက ဇန္နဝါရီ ၂၈ ရက္မွာ ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္ရွိ ကယ္လ္ဒါရြန္ဟာ ယင္းေန႔ ညေန ပိုင္းက Albuquerque ၿမိဳ႕ ရွိ Central Avenue လမ္းမွာ စက္ဘီးတစ္စီးကို စီးလာခဲ့စဥ္ လမ္းမွာ အမ်ိဳးသမီးရဲေမတစ္ေယာက္ကို ေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။အဲဒီေနာက္ ကယ္လ္ဒါရြန္ဟာ အဆိုပါ ရဲေမ အနား ခ်ဥ္းကပ္သြားၿပီး ျပည့္တန္ဆာအမွတ္နဲ႔ ေစ်းဘယ္ေလာက္ေပးရမလဲ ဆိုၿပီး ေမးခဲ့တယ္လို႔ သိရပါတယ္။

အဲဒီအခါမွာ ရဲေမကလည္း သူမကိုယ္သူမ ျပည့္တန္ဆာ တစ္ေယာက္အျဖစ္ ဟန္ေဆာင္ၿပီး အမူအရာ မပ်က္ ကယ္လ္ဒါရြန္နဲ႔ ဆက္ၿပီး ေစ်းညႇိရာမွာ ႏႈန္းထားတစ္ခုအတြက္ သေဘာတူခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ကယ္လ္ဒါရြန္က ၎မွာ ေလာေလာဆယ္ ေပးစရာ ပိုက္ဆံပါမလာေၾကာင္း၊ သူ႔အလုပ္ကေန လစာ မရေသးေၾကာင္း ေျပာတယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ သူမရဲ့ ဖုန္းနံပါတ္ကိုသာ ေတာင္းခဲ့ၿပီး ေနာက္က်မွ ဆက္သြယ္မယ္ဆိုၿပီး ကယ္လ္ဒရြန္က ေျပာခဲ့တယ္လို႔ သိရပါတယ္။

အဲဒီအခ်ိန္မွာ ကယ္လ္ဒါရြန္ဟာ အိတ္တလုံး လြယ္ထားတာကို ရဲေမက သတိျပဳမိခဲ့ၿပီး အိတ္ထဲမွာ ဘာပါလဲလို႔ ေမးခဲ့တယ္လို႔ ဆိုပါတယ္။ ကယ္လ္ဒါရြန္ကလည္း အိတ္ထဲမွာ ဟမ္ဘာဂါတစ္လုံးပါတယ္လို႔ ျပန္ေျဖခဲ့ပါတယ္။ အဲဒီေတာ့ ရဲေမက ေငြအစား ဟမ္ဘာဂါ ေပးရင္ ျဖစ္နိုင္တယ္လို႔ ကယ္လ္ဒါရြန္ကို ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

အဲဒီေတာ့ ကယ္လ္ဒါရြန္ကလည္း မဆိုင္းမတြ ဝမ္းပန္းတသာ လက္ခံလိုက္ပါတယ္။ အဲဒီလို လက္ခံသေဘာတူလိုက္ခ်င္းမွာပဲ ကယ္လ္ဒါရြန္ဟာ ျပည့္တန္ဆာ ျမႇဴဆြယ္မႈနဲ႔ ခ်က္ခ်င္း အဖမ္းခံလိုက္ရပါေတာ့တယ္။ ယင္းျပစ္ဒဏ္ကေတာ့ အမ်ားဆုံး ေထာင္ေျခာက္လနဲ႔ ဒဏ္ေငြ ၅၀၀ က်ခံရနိုင္တယ္လို႔ သိရပါတယ္။ရဲက ကယ္လ္ဒါရြန္ဆီက ဘာဂါကိုလည္း သက္ေသခံပစၥည္းအျဖစ္ သိမ္းဆည္းခဲ့တယ္လို႔ သိရပါတယ္။

ယခုအခါမွာေတာ့ ရဲကိုမွ ျပည့္တန္ဆာ မွတ္ၿပီး သြားေစ်းညႇိမိခဲ့တဲ့ ကယ္လ္ဒါရြန္တစ္ေယာက္ လာမယ့္ ေဖေဖာ္ဝါရီ ၂၅ ရက္မွာ တရား႐ုံးမွာ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ဒါေပမယ့္ ကယ္လ္ဒါရြန္ကေတာ့ လိင္ပိုင္းဆိုင္ရာ ျပစ္မႈက်ဴးလြန္သူတစ္ဦးအျဖစ္ စာရင္းသြင္းခံထားရသူလည္း ျဖစ္တယ္လို႔ သိရပါတယ္။

၎ဟာ ၂၀၀၆ ခုႏွစ္တုန္းက လိင္ေစာ္ကားမႈတစ္ခုအတြက္တရားစြဲခံခဲ့ရၿပီး ယင္းစာရင္းသြင္းခံထားရတာ ျဖစ္ၿပီး ၎ဟာ ခံဝန္ခ်ဳပ္နဲ႔ လြတ္ေနခဲ့သူျဖစ္တယ္လို႔ သိရပါတယ္။ ယခုအခါမွာေတာ့ ၎ဟာ ေနာက္ထပ္အမႈသစ္တစ္ခုကို ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

Credit-မဇၥ်ိမ

Unicode

ေ ဖဖော်ဝါရီ ၂။ ။ ရဲမေကိုမှ ပြည့်တန်ဆာလို့ ထင်မှတ်ပြီး စျေးသွားညှိမိတဲ့ အမျိုးသားတစ်ဦး အဖမ်းခံလိုက်ရတဲ့ ဖြစ်စဉ်တစ်ခု အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ယင်းဖြစ်စဉ်မှာ ဒိုမစ်နစ် ကယ်လ်ဒါရွန် ဆိုသူ အမျိုးသားကို ပြည့်တန်ဆာ မြှူဆွယ်မှုနဲ့ ရဲတွေက ဇန်နဝါရီ ၂၈ ရက်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိ ကယ်လ်ဒါရွန်ဟာ ယင်းနေ့ ညနေ ပိုင်းက Albuquerque မြို့ ရှိ Central Avenue လမ်းမှာ စက်ဘီးတစ်စီးကို စီးလာခဲ့စဉ် လမ်းမှာ အမျိုးသမီးရဲမေတစ်ယောက်ကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက် ကယ်လ်ဒါရွန်ဟာ အဆိုပါ ရဲမေ အနား ချဉ်းကပ်သွားပြီး ပြည့်တန်ဆာအမှတ်နဲ့ စျေးဘယ်လောက်ပေးရမလဲ ဆိုပြီး မေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအခါမှာ ရဲမေကလည်း သူမကိုယ်သူမ ပြည့်တန်ဆာ တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အမူအရာ မပျက် ကယ်လ်ဒါရွန်နဲ့ ဆက်ပြီး စျေးညှိရာမှာ နှုန်းထားတစ်ခုအတွက် သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကယ်လ်ဒါရွန်က ၎င်းမှာ လောလောဆယ် ပေးစရာ ပိုက်ဆံပါမလာကြောင်း၊ သူ့အလုပ်ကနေ လစာ မရသေးကြောင်း ပြောတယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူမရဲ့ ဖုန်းနံပါတ်ကိုသာ တောင်းခဲ့ပြီး နောက်ကျမှ ဆက်သွယ်မယ်ဆိုပြီး ကယ်လ်ဒရွန်က ပြောခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်မှာ ကယ်လ်ဒါရွန်ဟာ အိတ်တလုံး လွယ်ထားတာကို ရဲမေက သတိပြုမိခဲ့ပြီး အိတ်ထဲမှာ ဘာပါလဲလို့ မေးခဲ့တယ်လို့ ဆိုပါတယ်။ ကယ်လ်ဒါရွန်ကလည်း အိတ်ထဲမှာ ဟမ်ဘာဂါတစ်လုံးပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီတော့ ရဲမေက ငွေအစား ဟမ်ဘာဂါ ပေးရင် ဖြစ်နိုင်တယ်လို့ ကယ်လ်ဒါရွန်ကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီတော့ ကယ်လ်ဒါရွန်ကလည်း မဆိုင်းမတွ ဝမ်းပန်းတသာ လက်ခံလိုက်ပါတယ်။ အဲဒီလို လက်ခံသဘောတူလိုက်ချင်းမှာပဲ ကယ်လ်ဒါရွန်ဟာ ပြည့်တန်ဆာ မြှူဆွယ်မှုနဲ့ ချက်ချင်း အဖမ်းခံလိုက်ရပါတော့တယ်။ ယင်းပြစ်ဒဏ်ကတော့ အများဆုံး ထောင်ခြောက်လနဲ့ ဒဏ်ငွေ ၅၀၀ ကျခံရနိုင်တယ်လို့ သိရပါတယ်။ရဲက ကယ်လ်ဒါရွန်ဆီက ဘာဂါကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ယခုအခါမှာတော့ ရဲကိုမှ ပြည့်တန်ဆာ မှတ်ပြီး သွားစျေးညှိမိခဲ့တဲ့ ကယ်လ်ဒါရွန်တစ်ယောက် လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်မှာ တရားရုံးမှာ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒါပေမယ့် ကယ်လ်ဒါရွန်ကတော့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတစ်ဦးအဖြစ် စာရင်းသွင်းခံထားရသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

၎င်းဟာ ၂၀၀၆ ခုနှစ်တုန်းက လိင်စော်ကားမှုတစ်ခုအတွက်တရားစွဲခံခဲ့ရပြီး ယင်းစာရင်းသွင်းခံထားရတာ ဖြစ်ပြီး ၎င်းဟာ ခံဝန်ချုပ်နဲ့ လွတ်နေခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ယခုအခါမှာတော့ ၎င်းဟာ နောက်ထပ်အမှုသစ်တစ်ခုကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

Credit-မဇ္စျိမ