တ ႐ုတ္နိုင္ငံမွာ ကူးစက္ပ်ံ႕ႏွံ့ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ ယခုအခါ ၃၀၄ ဦးအထိ ရွိလာၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

အလားတူ နိုင္ငံတစ္ဝန္း ယင္း ဗိုင္းရပ္စ္ ကူးစက္ခံရသူ ဦးေရဟာ စုစုေပါင္းအားျဖင့္ ၁၄,၀၀၀ ေက်ာ္လာခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈ၊ ကူးစက္မႈ အမ်ားစုကေတာ့ တ႐ုတ္နိုင္ငံအလယ္ပိုင္း ဟူေပျပည္နယ္မွာ ျဖစ္ပြားေနတာ ျဖစ္ပါတယ္။

ယင္းဗိုင္းရပ္စ္ဟာ ဟူေပျပည္နယ္အျပင္ က်ီက်န္း၊ ကြမ္တုံ ျပည္နယ္ေတြမွာလည္း ကူးစက္ပ်ံ႕ႏွ႕ံမႈ မ်ားျပားေနတယ္လို႔ သိရပါတယ္။

လက္ရွိမွာ ယင္းဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္နိုင္ဖို႔ တ႐ုတ္အာဏာပိုင္ေတြ အျပင္းအထန္ ႀကိဳးပမ္းလ်က္ ရွိသလို အဆိုပါ ဗိုင္းရပ္စ္ကလည္း တ႐ုတ္ျပင္ပ နိုင္ငံအမ်ားအျပားကိုလည္း ကူးစက္ပ်ံ႕ႏွံ့ေနၿပီ ျဖစ္ပါတယ္။

ၿဗိတိန္၊ ႐ုရွားနဲ႔ ဆြီဒင္တို႔မွာလည္း ယင္းဗိုင္းရပ္စ္ကို ပထမဆုံး ေတြ႕ရွိၿပီျဖစ္ေၾကာင္း အသီးသီး ထုတ္ေဖာ္ခဲ့ၾကၿပီး ျဖစ္ပါတယ္။

အေမရိကန္နဲ႔ ၾသစေၾတးလ်တို႔ကေတာ့ ယင္းဗိုင္းရပ္စ္ ပ်ံ႕ႏွံ့မႈကို ထိန္းခ်ဳပ္တားဆီးဖို႔ ရည္ရြယ္ၿပီး ၿပီးခဲ့တဲ့ ႏွစ္ပတ္အတြင္း တ႐ုတ္ကို ခရီးသြားထားသူေတြအေပၚ ခရီးသြားကန႔္သတ္ပိတ္ပင္ခ်က္ေတြ လုပ္ေဆာင္မယ္ဆိုၿပီး ထုတ္ျပန္ထားခဲ့ပါတယ္။

လက္ရွိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ့မႈကိုေတာ့ နိုင္ငံတကာ က်န္းမာေရး အေရးေပၚ အေျခအေနအျဖစ္ ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီးက ထုတ္ျပန္ေၾကညာထားၿပီး ျဖစ္ပါတယ္။

Credit – မဇၥ်ိမ

Unicode

တ ရုတ်နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ယခုအခါ ၃၀၄ ဦးအထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ နိုင်ငံတစ်ဝန်း ယင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ စုစုပေါင်းအားဖြင့် ၁၄,၀၀၀ ကျော်လာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု၊ ကူးစက်မှု အများစုကတော့ တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ယင်းဗိုင်းရပ်စ်ဟာ ဟူပေပြည်နယ်အပြင် ကျီကျန်း၊ ကွမ်တုံ ပြည်နယ်တွေမှာလည်း ကူးစက်ပျံ့နှ့ံမှု များပြားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ယင်းဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်အာဏာပိုင်တွေ အပြင်းအထန် ကြိုးပမ်းလျက် ရှိသလို အဆိုပါ ဗိုင်းရပ်စ်ကလည်း တရုတ်ပြင်ပ နိုင်ငံအများအပြားကိုလည်း ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

ဗြိတိန်၊ ရုရှားနဲ့ ဆွီဒင်တို့မှာလည်း ယင်းဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိပြီဖြစ်ကြောင်း အသီးသီး ထုတ်ဖော်ခဲ့ကြပြီး ဖြစ်ပါတယ်။

အမေရိကန်နဲ့ သြစတြေးလျတို့ကတော့ ယင်းဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်တားဆီးဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း တရုတ်ကို ခရီးသွားထားသူတွေအပေါ် ခရီးသွားကန့်သတ်ပိတ်ပင်ချက်တွေ လုပ်ဆောင်မယ်ဆိုပြီး ထုတ်ပြန်ထားခဲ့ပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကိုတော့ နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။

Credit – မဇ္စျိမ