၁။ က်န္း မာေ ရးႏွင့္အားကစားဝန္ႀကီးဌာနသည္ 2019 Novel Coronavirus ေရာဂါ ႀကိဳတင္ ကာကြယ္ေရး၊ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း၊ ေဆး႐ုံမ်ားတြင္ လူနာသီးသန႔္ထားရွိၿပီး ထိေရာက္ေသာ ကုသမႈမ်ား ေဆာင္ရြက္ေပးနိုင္ေရး၊ ျပည္သူလူထုအား က်န္းမာေရးသတင္း အခ်က္အလက္မ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ ထုတ္ျပန္ေရး၊ ဓါတ္ခြဲစမ္းသပ္မႈမ်ား အတည္ျပဳ သတ္မွတ္နိုင္ေရး လုပ္ငန္းမ်ားအတြက္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံတြင္ ေရာဂါစတင္ျဖစ္ပြားေၾကာင္း အတည္ျပဳခ်က္ရရွိခဲ့သည့္ (၅-၁-၂၀၂၀) ရက္ေန႔မွစတင္၍ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ပူးေပါင္း ၍ အရွိန္အဟုန္ျဖင့္ ေဆာင္ရြက္လ်က္ရွိပါသည္။

၂။ ထို သို႔ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ထြက္ ဂိတ္မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္ရြက္လ်က္ရွိရာ-

(က) တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ၊ ဂ်ယ္ေခါင္ၿမိဳ႕မွ (၂၀-၁-၂၀၂၀) ရက္ေန႔တြင္ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ သို႔ ျပန္လည္ေရာက္ရွိခဲ့သည့္ အသက္ (၃၈) ႏွစ္ အရြယ္ရွိ အမ်ိဳးသားတစ္ဦးတြင္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႈၾကပ္ျခင္း ေရာဂါလကၡဏာမ်ားေတြ႕ရွိရသျဖင့္ ၎အားသံသယလူနာအျဖစ္သတ္မွတ္၍ မင္းျပားေဆး႐ုံ၌ သီးသန႔္ခန္း (Isolation ward)တြင္ ထားရွိ၍ လူနာအား လိုအပ္ေသာေဆးကုသမႈမ်ား ေပးၿပီး ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

(ခ) (၁၉-၁-၂၀၂၀) ရက္ေန႔ တ ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ၊ စီခၽြမ္ျပည္နယ္မွ ျမန္မာနိုင္ငံသို႔ လာေရာက္လည္ပတ္သည့္ မိသားစုမွအသက္ (၁) ႏွစ္၊ (၂) လ အရြယ္ရွိ ကေလးငယ္တစ္ဦးတြင္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းေရာဂါလကၡဏာမ်ားျဖင့္ က်ိဳင္းတုံၿမိဳ႕ရွိ ပုဂၢလိကေဆးခန္းသို႔ လာေရာက္ျပသခဲ့ရာ အဆိုပါကေလးငယ္ကို သံသယလူနာအျဖစ္ သတ္မွတ္၍ (၁-၂-၂၀၂၀) ရက္ေန႔တြင္ က်ိဳင္းတုံျပည္သူ႔ေဆး႐ုံရွိ သီးျခားခန္း (isolation room) ၌ ထားရွိကုသလ်က္ရွိၿပီး၊ လူနာ၏ အေျခအေနမွာ သက္သာေကာင္းမြန္လ်က္ရွိပါသည္။ လူနာႏွင့္ ထိစပ္မႈရွိသည့္ မိသားစုဝင္စုစုေပါင္း (၅) ဦးအား ေရာဂါလကၡဏာတစ္စုံတစ္ရာ မရွိေသာ္လည္း ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

(ဂ) (၁-၂-၂၀၂၀) ရက္ေန႔ ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕မွ ပုဂၢလိကေဆး႐ုံတစ္ခုသို႔ ဖ်ားျခင္း၊ ေခ်ာင္ဆိုးေသြးပါျခင္း၊ အသက္ရႉၾကပ္ျခင္းေရာဂါလကၡဏာမ်ားျဖင့္ လာေရာက္ျပသခဲ့သူ အသက္ (၁၅) ႏွစ္အရြယ္ ထိုင္ဝမ္နိုင္ငံသားကေလးတစ္ဦးရွိေၾကာင္း ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲႏွင့္ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရး ဦးစီးဌာနမ်ားသို႔ ဆက္သြယ္အေၾကာင္းၾကားခဲ့သျဖင့္ သက္ဆိုင္ရာ ျပည့္သူ႔က်န္းမာေရးပညာရွင္မ်ားမွ လူနာေရာဂါရာဇဝင္ႏွင့္ ခရီးသြားရာဇဝင္အားသုံးသပ္ၿပီး သံသယလူနာအျဖစ္ သတ္မွတ္ ၿပီး ေဝဘာဂီေဆး႐ုံႀကီးသို႔ ခ်က္ခ်င္းလႊဲေျပာင္းကုသမႈ ေပးခဲ့ပါသည္။

၃။ 2019 Novel Coronavirus ေရာဂါ ရွိ၊ မရွိ အတည္ျပဳစစ္ေဆးရန္အတြက္ လူနာမ်ားထံမွ ႏွာေခါင္းတို႔ဘတ္နမူနာ (Nasopharyngeal Swab) မ်ား ရယူၿပီး၊ ညႊန္းပို႔ ဓါတ္ခြဲခန္းမ်ားသို႔ ေပးပို႔ၿပီး စစ္ေဆး လ်က္ရွိပါသည္။

၄။ ေရာဂါအတည္ျပဳခ်က္ရရွိၿပီးပါက က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ခ်က္ခ်င္းသတင္းထုတ္ျပန္သြားမည္ျဖစ္ပါသည္။

Ministry of Health and Sports, Myanmar

Unicode

၁။ ကျန်း မာေ ရးနှင့်အားကစားဝန်ကြီးဌာနသည် 2019 Novel Coronavirus ရောဂါ ကြိုတင် ကာကွယ်ရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ဆေးရုံများတွင် လူနာသီးသန့်ထားရှိပြီး ထိရောက်သော ကုသမှုများ ဆောင်ရွက်ပေးနိုင်ရေး၊ ပြည်သူလူထုအား ကျန်းမာရေးသတင်း အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရေး၊ ဓါတ်ခွဲစမ်းသပ်မှုများ အတည်ပြု သတ်မှတ်နိုင်ရေး လုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောဂါစတင်ဖြစ်ပွားကြောင်း အတည်ပြုချက်ရရှိခဲ့သည့် (၅-၁-၂၀၂၀) ရက်နေ့မှစတင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထို သို့ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက် ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ-

(က) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့မှ (၂၀-၁-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သို့ ပြန်လည်ရောက်ရှိခဲ့သည့် အသက် (၃၈) နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ၎င်းအားသံသယလူနာအဖြစ်သတ်မှတ်၍ မင်းပြားဆေးရုံ၌ သီးသန့်ခန်း (Isolation ward)တွင် ထားရှိ၍ လူနာအား လိုအပ်သောဆေးကုသမှုများ ပေးပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

(ခ) (၁၉-၁-၂၀၂၀) ရက်နေ့ တ ရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် မိသားစုမှအသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ်တစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသခဲ့ရာ အဆိုပါကလေးငယ်ကို သံသယလူနာအဖြစ် သတ်မှတ်၍ (၁-၂-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံပြည်သူ့ဆေးရုံရှိ သီးခြားခန်း (isolation room) ၌ ထားရှိကုသလျက်ရှိပြီး၊ လူနာ၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ လူနာနှင့် ထိစပ်မှုရှိသည့် မိသားစုဝင်စုစုပေါင်း (၅) ဦးအား ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

(ဂ) (၁-၂-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ဖျားခြင်း၊ ချောင်ဆိုးသွေးပါခြင်း၊ အသက်ရှူကြပ်ခြင်းရောဂါလက္ခဏာများဖြင့် လာရောက်ပြသခဲ့သူ အသက် (၁၅) နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသားကလေးတစ်ဦးရှိကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနများသို့ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ပြည့်သူ့ကျန်းမာရေးပညာရှင်များမှ လူနာရောဂါရာဇဝင်နှင့် ခရီးသွားရာဇဝင်အားသုံးသပ်ပြီး သံသယလူနာအဖြစ် သတ်မှတ် ပြီး ဝေဘာဂီဆေးရုံကြီးသို့ ချက်ချင်းလွှဲပြောင်းကုသမှု ပေးခဲ့ပါသည်။

၃။ 2019 Novel Coronavirus ရောဂါ ရှိ၊ မရှိ အတည်ပြုစစ်ဆေးရန်အတွက် လူနာများထံမှ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး၊ ညွှန်းပို့ ဓါတ်ခွဲခန်းများသို့ ပေးပို့ပြီး စစ်ဆေး လျက်ရှိပါသည်။

၄။ ရောဂါအတည်ပြုချက်ရရှိပြီးပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချက်ချင်းသတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

Ministry of Health and Sports, Myanmar