တ ရုတ္နံပါတ္ေတြ တပ္ထားတဲ့ ကုိယ္ပုိင္ကားေတြရဲ႕ ကိစၥကေတာ့ စလာပါၿပီဗ်ာ။ ေရွးေဟာင္း ဘုရားကုန္းေပၚ ကားနဲ႔တက္ၿပီး ဘီယာေသာက္တဲ့ တရုတ္အဖြဲ႕ကုိေတာ့ အေရးယူဖုိ႔ စတင္လုပ္ေနပါၿပီ။ ဘာသာမဲ့ပဲ ျဖစ္ျဖစ္၊ ဘာႀကီးပဲျဖစ္ျဖစ္၊ လူမ်ဳိးတမ်ဳိးရဲ႕ ယဥ္ေက်းမႈအေပၚ အခုလုိ လုပ္တာကေတာ့ အေတာ္ဆုိးဝါးတယ္လုိ႔ပဲ ေျပာခ်င္ပါတယ္။ မူလပုိ႔စ္ကုိ ေအာက္မွာ ေဖာ္ျပလုိက္ပါတယ္-

ဒီေ န႔ ၁.၂.၂၀၂၀ ရက္ ညေန ၅နာရီ အခ်ိန္ခန္႔ ပုဂံၿမိဳ့ေဟာင္း စူဠာမဏိဘုရား ေတာင္ ဘက္ ေရွ႕ေဟာင္းအုတ္ကုန္းျဖစ္သည့္ အိုးျခမ္းပဲ့ ကုန္းတြင္ တ႐ုတ္ခရီးသြား ဧည့္သည္မွ တရုတ္နံပါတ္ ကိုယ္ပိုင္ေမာ္ေတာ္ကားျဖင့္ ေရာက္ရွိလာပါသည္။

တရုတ္အဖြဲ႔သည္ ထိုအုတ္ကုန္းေပၚထိ ေမာင္းတက္လာၿပီး အရက္ဘီ ယာတစ္ဖာႏွင့္ ေသာက္မည္ျပဳစဥ္ ထိုအုတ္ကုန္းေပၚ တြင္ ရွိေသာ ပုဂံေဒသ ခံ ဧည့္လမ္းညြန္ ႏွစ္ဦး မွ ဒီ ေရွ႕ေဟာင္း အုတ္ကုန္းေပၚတြင္ ကားမ်ားတက္၍ မရေၾကာင္းႏွင့္ အရက္ဘီယာကိုလဲ ေသာက္၍မရေၾကာင္း ယဥ္ေက်းသိမ့္ေမြ႕စြာ ေဒသခံ ဧည့္လမ္းညြန္ႏွစ္ဦးမွေျပာဆိုခဲ့ပါသည္။

တရုတ္အဖြဲ႕ထဲမွ ျမန္မာစကားတတ္သည့္ တ႐ုတ္တစ္ဦး (ပံုတြင္ ပါရွိသူ)မွ သူမွာ ဧည့္လမ္းညြန္ျဖစ္ ေၾကာင္း ဘယ္သူမွ လာေျပာစရာမလိုေၾကာင္း၊ ေဒသခံမ်ားႏွင့္မသက္ဆိုင္ေၾကာင္း၊ သူတို့အလုပ္ သူတို့လုပ္တာ ဘယ္သူမွ သူတို့အားလာေျပာစရာမလို ေၾကာင္း၊ သူတို့အား လာေရာက္ တားျမစ္ေသာသူသည္ အလုပ္မွ ျပဳတ္ သြားနိုင္ေၾကာင္း စသျဖင့္ မုိက္ရုိင္းရင့္သီးေသာစကားမ်ား ျဖင့္ ေဒသခံ ဧည့္လမ္းညြန္ ႏွစ္ဦးအား ေျပာဆိုခဲ့ပါသည္။

ဧည့္လမ္းညြန္ ႏွစ္ဦး မွလဲ ျမန္မာစကားေျပာတတ္သည့္ တ႐ုတ္လူမ်ိဳး စပုိ႔တ္ရွပ္ လက္တိုအနက္ ဝတ္ထားသူအား ဧည့္လမ္း ညြန္ဆိုရင္ ဧည့္လမ္းညြန္ လိုင္စင္ကတ္ ထုတ္ျပပါ ဟု ေျပာေသာအခါ ျမန္မာ စကားေျပာတတ္သည့္ တ႐ုတ္လူမ်ိဳးမွ ၎ႏွင့္ပါလာသည့္ တ႐ုတ္လူမ်ိဳးအဖြဲ႕ ေခၚေဆာင္၍ ၎တို့ကိုယ္ပိုင္တ႐ုတ္နံပါတ္ ကားမ်ားျဖင့္ ထြက္ခြာသြားပါသည္။

ျဖစ္စဥ္ေနရာအား ပုဂံနယ္ေျမရဲတပ္ဖြဲ႕ႏွင့္ ခရီးသြားလုံးျခဳံေရးမွ ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာေသာအခါ ေဒသခံဧည့္လမ္းညြန္ ႏွစ္ဦးက ျဖစ္စဥ္အား ေျပာျပၿပီး ၎တို့တည္ခိုးသည့္ ေနရာသို့လိုက္လံစုံစမ္းမွုျပဳလုပ္လၽွက္ ရွိပါသည္။ ထိုျဖစ္စဥ္ႏွင့္ပတ္သက္၍ ပုဂံေညာင္ဦး ၿမိဳ့ သက္ဆိုင္ရာဌာန မွ တာဝန္ရွိလူႀကီး မင္းတို့ အား သိရွိနိုင္ၿပီး ဆက္လက္ ေဆာင္ရြက္ေပးနိုင္ပါရန္တင္ျပလိုက္ရ ပါသည္။

ဓာတ္ပုံ – ကိုေဆာ္ (ပုဂံ)

Unicode

တ ရုတ်နံပါတ်တွေ တပ်ထားတဲ့ ကိုယ်ပိုင်ကားတွေရဲ့ ကိစ္စကတော့ စလာပါပြီဗျာ။ ရှေးဟောင်း ဘုရားကုန်းပေါ် ကားနဲ့တက်ပြီး ဘီယာသောက်တဲ့ တရုတ်အဖွဲ့ကိုတော့ အရေးယူဖို့ စတင်လုပ်နေပါပြီ။ ဘာသာမဲ့ပဲ ဖြစ်ဖြစ်၊ ဘာကြီးပဲဖြစ်ဖြစ်၊ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုအပေါ် အခုလို လုပ်တာကတော့ အတော်ဆိုးဝါးတယ်လို့ပဲ ပြောချင်ပါတယ်။ မူလပို့စ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

ဒီေ န့ ၁.၂.၂၀၂၀ ရက် ညနေ ၅နာရီ အချိန်ခန့် ပုဂံမြို့ဟောင်း စူဠာမဏိဘုရား တောင် ဘက် ရှေ့ဟောင်းအုတ်ကုန်းဖြစ်သည့် အိုးခြမ်းပဲ့ ကုန်းတွင် တရုတ်ခရီးသွား ဧည့်သည်မှ တရုတ်နံပါတ် ကိုယ်ပိုင်မော်တော်ကားဖြင့် ရောက်ရှိလာပါသည်။

တရုတ်အဖွဲ့သည် ထိုအုတ်ကုန်းပေါ်ထိ မောင်းတက်လာပြီး အရက်ဘီ ယာတစ်ဖာနှင့် သောက်မည်ပြုစဉ် ထိုအုတ်ကုန်းပေါ် တွင် ရှိသော ပုဂံဒေသ ခံ ဧည့်လမ်းညွန် နှစ်ဦး မှ ဒီ ရှေ့ဟောင်း အုတ်ကုန်းပေါ်တွင် ကားများတက်၍ မရကြောင်းနှင့် အရက်ဘီယာကိုလဲ သောက်၍မရကြောင်း ယဉ်ကျေးသိမ့်မွေ့စွာ ဒေသခံ ဧည့်လမ်းညွန်နှစ်ဦးမှပြောဆိုခဲ့ပါသည်။

တရုတ်အဖွဲ့ထဲမှ မြန်မာစကားတတ်သည့် တရုတ်တစ်ဦး (ပုံတွင် ပါရှိသူ)မှ သူမှာ ဧည့်လမ်းညွန်ဖြစ် ကြောင်း ဘယ်သူမှ လာပြောစရာမလိုကြောင်း၊ ဒေသခံများနှင့်မသက်ဆိုင်ကြောင်း၊ သူတို့အလုပ် သူတို့လုပ်တာ ဘယ်သူမှ သူတို့အားလာပြောစရာမလို ကြောင်း၊ သူတို့အား လာရောက် တားမြစ်သောသူသည် အလုပ်မှ ပြုတ် သွားနိုင်ကြောင်း စသဖြင့် မိုက်ရိုင်းရင့်သီးသောစကားများ ဖြင့် ဒေသခံ ဧည့်လမ်းညွန် နှစ်ဦးအား ပြောဆိုခဲ့ပါသည်။

ဧည့်လမ်းညွန် နှစ်ဦး မှလဲ မြန်မာစကားပြောတတ်သည့် တရုတ်လူမျိုး စပို့တ်ရှပ် လက်တိုအနက် ဝတ်ထားသူအား ဧည့်လမ်း ညွန်ဆိုရင် ဧည့်လမ်းညွန် လိုင်စင်ကတ် ထုတ်ပြပါ ဟု ပြောသောအခါ မြန်မာ စကားပြောတတ်သည့် တရုတ်လူမျိုးမှ ၎င်းနှင့်ပါလာသည့် တရုတ်လူမျိုးအဖွဲ့ ခေါ်ဆောင်၍ ၎င်းတို့ကိုယ်ပိုင်တရုတ်နံပါတ် ကားများဖြင့် ထွက်ခွာသွားပါသည်။

ဖြစ်စဉ်နေရာအား ပုဂံနယ်မြေရဲတပ်ဖွဲ့နှင့် ခရီးသွားလုံးခြုံရေးမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသောအခါ ဒေသခံဧည့်လမ်းညွန် နှစ်ဦးက ဖြစ်စဉ်အား ပြောပြပြီး ၎င်းတို့တည်ခိုးသည့် နေရာသို့လိုက်လံစုံစမ်းမှုပြုလုပ်လျှက် ရှိပါသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပုဂံညောင်ဦး မြို့ သက်ဆိုင်ရာဌာန မှ တာဝန်ရှိလူကြီး မင်းတို့ အား သိရှိနိုင်ပြီး ဆက်လက် ဆောင်ရွက်ပေးနိုင်ပါရန်တင်ပြလိုက်ရ ပါသည်။

ဓာတ်ပုံ – ကိုဆော် (ပုဂံ)