လူအေ သအေပ်ာက္မ်ားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို တ႐ုတ္ႏိုင္ငံတုံ႔ျပန္တဲ့ပုံစံေႏွးလို႔ ကူးစက္မႈ ပိုျမန္ခဲ့တာလို႔ ဝူဟန္ၿမိဳ႕ရဲ႕အႀကီးဆုံးအရာ႐ွိ ကြန္ျမဴနစ္ပါတီၿမိဳ႕ေတာ္အတြင္းေရးမွဴးက ေသာၾကာေန႔မွာ ဝန္ခံခဲ့ပါတယ္။

ဗိုင္း ရပ္စ္စျပန္႔တဲ့ဝူဟန္ၿမိဳ႕မွာ က်န္းမာေရးေအရးေပၚအေျခအေနကိုင္တြယ္တဲ့ပုံစံကို တ႐ုတ္ႏိုင္ငံသားေတြက လူမႈကြန္ရက္မွာေဝဖန္ေနၾကပါတယ္။ သီတင္းပတ္ေတြပိုေစာၿပီး ဗိုင္းရပ္စ္ကူးစက္မႈကိုသိေပမဲ့ ၂၀၁၉ ႏွစ္ကုန္ အထိ ကူးစက္မႈနဲ႔ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြကို ဖုံးဖိထားတယ္ဆိုၿပီး ဝူဟန္အာဏာပိုင္ေတြကို ေဝဖန္ေနၾကတာပါ။

လက္႐ွိမွာ အျပစ္႐ွိသလိုခံစားေနရၿပီး ကိုယ့္ကိုယ္ကိုအျပစ္တင္မိတယ္လို႔ ပါတီအတြင္းေရးမွဴးမာေဂါင္ၾကြင္းက ေျပာပါတယ္။ ပိုတင္းၾကပ္တဲ့ ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္ေတြလုပ္ခဲ့ရင္ အခုထက္ရလဒ္ပိုေကာင္းေနမယ္လို႔လည္း ေျပာပါတယ္။

ဇန္နဝါရီ ၁ ရက္အထိ ဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ေသဆုံးသူ ၂၅၉ ေယာက္ရွိေနၿပီး ကူးစက္ခံထားရသူ ၁၁၀၀၀ ေက်ာ္ရွိေနပါၿပီ။ ဇန္နဝါရီ ၃၀ ရက္ထက္ ေသဆုံးသူ ၄၆ ေယာက္ပိုမ်ားလာၿပီး ၿခံဳကင္းက လူတစ္ ေယာက္ကလြဲရင္ ထပ္တိုးေသဆုံးသူအားလုံးဟာ ဝူဟန္ၿမိဳ႕ကပဲျဖစ္ပါတယ္။

ဇန္နဝါရီ ၂၃ ရက္ကစၿပီး လူ ၅၆ သန္းေလာက္ေနထိုင္ၾကတဲ့ ဝူဟန္နဲ႔ ဟူေဘးျပည္နယ္က ပတ္ဝန္းက်င္ၿမိဳ႕ ေတြကို ဝင္ထြက္ခြင့္ပိတ္ထားပါတယ္။ ေသာၾကာေန႔မွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ W.H.O က ဝူဟန္ဗိုင္းရပ္စ္ အေရး ကမာၻ႔က်န္းမာေရးအေရးေပၚအေျခအေနေၾကညာထားေပမဲ့ ႏိုင္ငံတကာကုန္သြယ္ေရးနဲ႔ ခရီးသြားကန္႔သတ္မႈေတြလုပ္ဖို႔ေတာ့ အႀကံမျပဳပါဘူး။ ထိုင္းႏိုင္ငံမွာေတာ့ တ႐ုတ္ျပည္တြင္းနဲ႔ ဂ်ပန္ႏိုင္ငံတို႔ၿပီးရင္ ပထမဆုံး လူလူခ်င္းဗိုင္းရပ္စ္ကူးစက္မႈရွိေနပါၿပီ။

Ref – Agencies
Credit-Blacker

Unicode

လူအေ သအပျောက်များနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တရုတ်နိုင်ငံတုံ့ပြန်တဲ့ပုံစံနှေးလို့ ကူးစက်မှု ပိုမြန်ခဲ့တာလို့ ဝူဟန်မြို့ရဲ့အကြီးဆုံးအရာရှိ ကွန်မြူနစ်ပါတီမြို့တော်အတွင်းရေးမှူးက သောကြာနေ့မှာ ဝန်ခံခဲ့ပါတယ်။

ဗိုင်း ရပ်စ်စပြန့်တဲ့ဝူဟန်မြို့မှာ ကျန်းမာရေးအေရးပေါ်အခြေအနေကိုင်တွယ်တဲ့ပုံစံကို တရုတ်နိုင်ငံသားတွေက လူမှုကွန်ရက်မှာဝေဖန်နေကြပါတယ်။ သီတင်းပတ်တွေပိုစောပြီး ဗိုင်းရပ်စ်ကူးစက်မှုကိုသိပေမဲ့ ၂၀၁၉ နှစ်ကုန် အထိ ကူးစက်မှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ဖုံးဖိထားတယ်ဆိုပြီး ဝူဟန်အာဏာပိုင်တွေကို ဝေဖန်နေကြတာပါ။

လက်ရှိမှာ အပြစ်ရှိသလိုခံစားနေရပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်မိတယ်လို့ ပါတီအတွင်းရေးမှူးမာဂေါင်ကြွင်းက ပြောပါတယ်။ ပိုတင်းကြပ်တဲ့ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေလုပ်ခဲ့ရင် အခုထက်ရလဒ်ပိုကောင်းနေမယ်လို့လည်း ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်အထိ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၂၅၉ ယောက်ရှိနေပြီး ကူးစက်ခံထားရသူ ၁၁၀၀၀ ကျော်ရှိနေပါပြီ။ ဇန်နဝါရီ ၃၀ ရက်ထက် သေဆုံးသူ ၄၆ ယောက်ပိုများလာပြီး ခြုံကင်းက လူတစ် ယောက်ကလွဲရင် ထပ်တိုးသေဆုံးသူအားလုံးဟာ ဝူဟန်မြို့ကပဲဖြစ်ပါတယ်။

ဇန်နဝါရီ ၂၃ ရက်ကစပြီး လူ ၅၆ သန်းလောက်နေထိုင်ကြတဲ့ ဝူဟန်နဲ့ ဟူဘေးပြည်နယ်က ပတ်ဝန်းကျင်မြို့ တွေကို ဝင်ထွက်ခွင့်ပိတ်ထားပါတယ်။ သောကြာနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O က ဝူဟန်ဗိုင်းရပ်စ် အရေး ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေကြေညာထားပေမဲ့ နိုင်ငံတကာကုန်သွယ်ရေးနဲ့ ခရီးသွားကန့်သတ်မှုတွေလုပ်ဖို့တော့ အကြံမပြုပါဘူး။ ထိုင်းနိုင်ငံမှာတော့ တရုတ်ပြည်တွင်းနဲ့ ဂျပန်နိုင်ငံတို့ပြီးရင် ပထမဆုံး လူလူချင်းဗိုင်းရပ်စ်ကူးစက်မှုရှိနေပါပြီ။

Ref – Agencies
Credit-Blacker