ေ ဖေဖာ္ဝါရီ ၂ – ဖိလစ္ပိုင္နိုင္ငံဟာ တ႐ုတ္နိုင္ငံျပင္ပမွာ ဝူဟန္ကိုရိုနာဗိုင္းရပ္စ္ ေၾကာင့္ လူေသဆုံးတဲ့ပထမဆုံးနိုင္ငံျဖစ္လာတယ္လို့ ကမၻာ့က်န္းမာေရးအဖြဲ႕ (W.H.O) က တနဂ္ေႏြေန႔မွာထုတ္ျပန္ပါတယ္။

ေသ ဆုံးသူဟာ ဗိုင္းရပ္စ္စတင္ျပန္႔ႏွံ့ခဲ့တဲ့ဝူဟန္ၿမိဳ့မွာေနထိုင္တဲ့ အသက္ ၄၄ ႏွစ္အရြယ္ တ႐ုတ္အမ်ိဳးသားျဖစ္ပါတယ္။ ေသဆုံးသူဟာ ဗိုင္းရပ္စ္ကူးစက္ခံရတယ္လို့ ဖိလစ္ပိုင္မွာ ဒုတိယေျမာက္အတည္ျပဳနိုင္တဲ့လူျဖစ္ၿပီး စေနေန႔မွာေသဆုံးခဲ့တယ္လို့ ဖိလစ္ပိုင္နိုင္ငံဆိုင္ရာ W.H.O ကိုယ္စားလွယ္ Rabindra Abeyasinghe ကေျပာပါတယ္။

ဖိလစ္ပိုင္က်န္းမာေရးအရာရွိတစ္ေယာက္ကလည္း တနဂ္ေႏြေန႔သတင္းစာရွင္းလင္းပြဲမွာ ေသဆုံးမႈကိုအတည္ျပဳခဲ့ပါတယ္။

တရုတ္ႏုိင္ငံတြင္ ၀ူဟန္ဗုိင္းရပ္စ္ပုိးေၾကာင့္ ကူးစက္ခံရသူ ၃၀၄ ဦးေသဆုံးသြားၿပီး လူေပါင္း ၁၄၅၅၁ ဦး ကူးစက္ခံထားရေၾကာင္း တရုတ္အာဏာပုိင္မ်ားက ထုတ္ျပန္ေျပာဆုိသည္။ ယမန္ေန႔က တရုတ္တြင္ လူနာ ၄၅ ဦးထပ္မံေသဆုံးၿပီး ၂၅၉၀ ဦး ထပ္မံကူးစက္ခံရကာ တစ္ရက္တည္းတြင္ပင္ ယင္းကဲ့သုိ႔ ပမာဏာ မ်ားျပားစြာ ျမင့္တက္လာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

တရုတ္တြင္ လူေပါင္း ၃၀၄ ဦး ေသဆုံးၿပီး ၁၄၅၅၁ ဦး ကူးစက္ခံထားရခ်ိန္တြင္ ႏုိင္ငံေပါင္း ၂၃ ႏုိင္ငံသုိ႔လည္း ယင္းေရာဂါ ပ်ံ႕ႏွံ႔ကူးစက္ေနၿပီျဖစ္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႕ WHO က ေၾကညာခ်က္ထုတ္ျပန္သည္။

Ref – AFP,TFWN
Credit-Blacker

Unicode

ေ ဖဖော်ဝါရီ ၂ – ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကြောင့် လူသေဆုံးတဲ့ပထမဆုံးနိုင်ငံဖြစ်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) က တနဂ်နွေနေ့မှာထုတ်ပြန်ပါတယ်။

သေ ဆုံးသူဟာ ဗိုင်းရပ်စ်စတင်ပြန့်နှံ့ခဲ့တဲ့ဝူဟန်မြို့မှာနေထိုင်တဲ့ အသက် ၄၄ နှစ်အရွယ် တရုတ်အမျိုးသားဖြစ်ပါတယ်။ သေဆုံးသူဟာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ဖိလစ်ပိုင်မှာ ဒုတိယမြောက်အတည်ပြုနိုင်တဲ့လူဖြစ်ပြီး စနေနေ့မှာသေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ W.H.O ကိုယ်စားလှယ် Rabindra Abeyasinghe ကပြောပါတယ်။

ဖိလစ်ပိုင်ကျန်းမာရေးအရာရှိတစ်ယောက်ကလည်း တနဂ်နွေနေ့သတင်းစာရှင်းလင်းပွဲမှာ သေဆုံးမှုကိုအတည်ပြုခဲ့ပါတယ်။

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရသူ ၃၀၄ ဦးသေဆုံးသွားပြီး လူပေါင်း ၁၄၅၅၁ ဦး ကူးစက်ခံထားရကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုသည်။ ယမန်နေ့က တရုတ်တွင် လူနာ ၄၅ ဦးထပ်မံသေဆုံးပြီး ၂၅၉၀ ဦး ထပ်မံကူးစက်ခံရကာ တစ်ရက်တည်းတွင်ပင် ယင်းကဲ့သို့ ပမာဏာ များပြားစွာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ်တွင် လူပေါင်း ၃၀၄ ဦး သေဆုံးပြီး ၁၄၅၅၁ ဦး ကူးစက်ခံထားရချိန်တွင် နိုင်ငံပေါင်း ၂၃ နိုင်ငံသို့လည်း ယင်းရောဂါ ပျံ့နှံ့ကူးစက်နေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာချက်ထုတ်ပြန်သည်။

Ref – AFP,TFWN
Credit-Blacker