ဝူ ဟန္ဗိုင္းရပ္လို႔ လူအမ်ားသိၾကတဲ့ ကို႐ိုးနားဗိုင္းရပ္အသစ္ စတင္ျဖစ္ပြားခဲ့ရာ ဟူးေပ ခ႐ိုင္နဲ႔ ကပ္ေနတဲ့ ဟူနန္ခ႐ိုင္အတြင္းမွာ ငွက္တုပ္ေကြး ေရာဂါ H5N1 ေၾကာင့္ ၾကက္ေတြ အမ်ားျပား ေသဆုံးလွ်က္ရွိတယ္လို႔ တ႐ုတ္စိုက္ပ်ိဳးေရးနဲ႔ ေက်းလက္ေရးရာ ဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၁ ရက္မွာ ထုတ္ျပန္ပါတယ္။

ဒီေ ရာဂါဟာ ၾကက္အေကာင္ေရ ၇,၈၅၀ ရွိတဲ့ ၾကက္ၿခံတစ္ၿခံမွာ စတင္ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး ၾကက္အေကာင္ေရ ၄,၅၀၀ ခန႔္ ေသဆုံးခဲ့တယ္လို႔ဆိုပါတယ္။ ေရာဂါ ပ်ံ႕ပြားမႈကို တားဆီတဲ့အေနနဲ႕ ကူးစက္မႈအၿပီး ၾကက္၊ ဘဲ ေကာင္ေရ ၁၇၈၂၈ ေကာင္ကို အာဏာပိုင္ေတြက သုတ္သင္ရွင္းလင္းခဲ့ပါတယ္။

တ႐ုတ္အာဏာပိုင္ေတြ အေနနဲ႔ လက္ရွိျဖစ္ပြားေနတဲ့ ဝူဟန္ဗိုင္းရပ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးပန္းေနရခ်ိန္မွာ အခုလို H5N1 ငွက္တုပ္ေကြးစျဖစ္လာတာက တပူေပၚ ႏွစ္ပူဆင့္ျဖစ္သြားေစခဲ့ပါတယ္။ လက္ရွိ ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖို႔ေတာင္ လိုအပ္ခ်က္ မ်ားစြာနဲ႔ ႐ုန္းကန္ေနၾကရတာပါ။ အခုေတာ့ အနာဂတ္ က်န္းမာေရးအတြက္ ေနာက္ထပ္ ခ်ိန္းေျခာက္မႈ အသစ္တစ္ခုက ေပၚထြက္ လာခဲ့ျပန္ပါၿပီ။

ဒီသီတင္းပတ္ အေစာပိုင္းက အိႏၵိယႏိုင္ငံမွာလည္း ၾကက္ငွက္တုပ္ေကြး ကူးစက္မႈေၾကာင့္ ၾကက္ေတြကို အိႏၵိယအာဏာပိုင္ေတြက သုတ္သင္ခဲ့ရၿပီး ၾကက္ဥေတြကိုလည္း ဖ်က္ဆီးခဲ့ရပါတယ္။ လတ္တေလာ သီတင္းပတ္အတြင္း ဥေရာပအေရွ႕ပိုင္းမွာ H5N8 ဗိုင္းရပ္စ္ ကူးစက္ခဲ့ပါတယ္။

ၾကက္ငွက္တုပ္ေကြးေရာဂါဟုလည္းေခၚသည့္ H5N1 ဗိုင္းရပ္စ္သည္ ၾကက္ငွက္မ်ား၏ အသက္ရွဴလမ္းေၾကာင္းတြင္ ျဖစ္ပြားသည့္ ေရာဂါျဖစ္ၿပီး ယင္းမွတဆင့္ လူမ်ားသို႔လည္း ကူးစက္ႏိုင္သည္။

H5N1 ေရာဂါဟာ တ႐ုတ္ျပည္မွာ ၁၉၉၆ ခုႏွစ္က အိမ္ေမြး ၾကက္ဘဲေတြမွာ အေစာဆုံးေတြ႕ခဲ့ရတာ ျဖစ္ၿပီး ငွက္တုပ္ေကြးလို႔ လူသိမ်ားတဲ့ေရာဂါ ျဖစ္ပါတယ္။ ၾကက္ငွက္ေတြကို ပ်င္းထန္စြာ ဖ်ားနားၿပီး ေသဆုံးေစႏိုင္တဲ့ တုပ္ေကြးေရာဂါ တစ္မ်ိဳးလို႔ ဆိုပါတယ္။

ကမၻာ႕က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ထုတ္ျပန္ခ်က္အရ H5N1 ဟာ လူကို ကူးႏိုင္ေပမယ့္ ကူးစက္ဖို႔ အလြန္ခဲယဥ္းတယ္လို႔ဆိုပါတယ္။ ၂၀၀၃ ခုႏွစ္ကေန ယေန႔အခ်ိန္အထိ H5N1 ဟာ လူ ၆၀၀ ေက်ာ္မွာ ကူးစက္ခဲ့တာကို ေတြ႕ရၿပီး ၃၇၅ ေယာက္ ေသဆုံးခဲ့လို႔ WHO ရဲ႕ မွတ္တမ္းအရ သိရွိပါတယ္။ ၄င္းကူးစက္မႈေၾကာင့္ အေမရိကန္ေဒၚလာ ၆ ဒသမ ၅ ဘီလီယံ စီးပြားေရးအရ ဆုံးရႈံးခဲ့တယ္လို႔ ကုလသမဂၢ ပညာရွင္ေတြက တြက္ခ်က္ ေျပာဆိုထားပါတယ္။

လက္ရွိ တ႐ုတ္မွာ ျဖစ္ေနတဲ့ H5N1 ကေတာ့ လူေတြဆီကို ကူးစက္တာ မေတြ႕ရေသးဘူးလို႔ဆိုပါတယ္။

Credit – Blacker

Unicode

ဝူ ဟန်ဗိုင်းရပ်လို့ လူအများသိကြတဲ့ ကိုရိုးနားဗိုင်းရပ်အသစ် စတင်ဖြစ်ပွားခဲ့ရာ ဟူးပေ ခရိုင်နဲ့ ကပ်နေတဲ့ ဟူနန်ခရိုင်အတွင်းမှာ ငှက်တုပ်ကွေး ရောဂါ H5N1 ကြောင့် ကြက်တွေ အများပြား သေဆုံးလျှက်ရှိတယ်လို့ တရုတ်စိုက်ပျိုးရေးနဲ့ ကျေးလက်ရေးရာ ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီေ ရာဂါဟာ ကြက်အကောင်ရေ ၇,၈၅၀ ရှိတဲ့ ကြက်ခြံတစ်ခြံမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကြက်အကောင်ရေ ၄,၅၀၀ ခန့် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ရောဂါ ပျံ့ပွားမှုကို တားဆီတဲ့အနေနဲ့ ကူးစက်မှုအပြီး ကြက်၊ ဘဲ ကောင်ရေ ၁၇၈၂၈ ကောင်ကို အာဏာပိုင်တွေက သုတ်သင်ရှင်းလင်းခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေ အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပန်းနေရချိန်မှာ အခုလို H5N1 ငှက်တုပ်ကွေးစဖြစ်လာတာက တပူပေါ် နှစ်ပူဆင့်ဖြစ်သွားစေခဲ့ပါတယ်။ လက်ရှိ ရောဂါကို ထိန်းချုပ်နိုင်ဖို့တောင် လိုအပ်ချက် များစွာနဲ့ ရုန်းကန်နေကြရတာပါ။ အခုတော့ အနာဂတ် ကျန်းမာရေးအတွက် နောက်ထပ် ချိန်းခြောက်မှု အသစ်တစ်ခုက ပေါ်ထွက် လာခဲ့ပြန်ပါပြီ။

ဒီသီတင်းပတ် အစောပိုင်းက အိန္ဒိယနိုင်ငံမှာလည်း ကြက်ငှက်တုပ်ကွေး ကူးစက်မှုကြောင့် ကြက်တွေကို အိန္ဒိယအာဏာပိုင်တွေက သုတ်သင်ခဲ့ရပြီး ကြက်ဥတွေကိုလည်း ဖျက်ဆီးခဲ့ရပါတယ်။ လတ်တလော သီတင်းပတ်အတွင်း ဥရောပအရှေ့ပိုင်းမှာ H5N8 ဗိုင်းရပ်စ် ကူးစက်ခဲ့ပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါဟုလည်းခေါ်သည့် H5N1 ဗိုင်းရပ်စ်သည် ကြက်ငှက်များ၏ အသက်ရှူလမ်းကြောင်းတွင် ဖြစ်ပွားသည့် ရောဂါဖြစ်ပြီး ယင်းမှတဆင့် လူများသို့လည်း ကူးစက်နိုင်သည်။

H5N1 ရောဂါဟာ တရုတ်ပြည်မှာ ၁၉၉၆ ခုနှစ်က အိမ်မွေး ကြက်ဘဲတွေမှာ အစောဆုံးတွေ့ခဲ့ရတာ ဖြစ်ပြီး ငှက်တုပ်ကွေးလို့ လူသိများတဲ့ရောဂါ ဖြစ်ပါတယ်။ ကြက်ငှက်တွေကို ပျင်းထန်စွာ ဖျားနားပြီး သေဆုံးစေနိုင်တဲ့ တုပ်ကွေးရောဂါ တစ်မျိုးလို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်အရ H5N1 ဟာ လူကို ကူးနိုင်ပေမယ့် ကူးစက်ဖို့ အလွန်ခဲယဉ်းတယ်လို့ဆိုပါတယ်။ ၂၀၀၃ ခုနှစ်ကနေ ယနေ့အချိန်အထိ H5N1 ဟာ လူ ၆၀၀ ကျော်မှာ ကူးစက်ခဲ့တာကို တွေ့ရပြီး ၃၇၅ ယောက် သေဆုံးခဲ့လို့ WHO ရဲ့ မှတ်တမ်းအရ သိရှိပါတယ်။ ၄င်းကူးစက်မှုကြောင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ စီးပွားရေးအရ ဆုံးရှုံးခဲ့တယ်လို့ ကုလသမဂ္ဂ ပညာရှင်တွေက တွက်ချက် ပြောဆိုထားပါတယ်။

လက်ရှိ တရုတ်မှာ ဖြစ်နေတဲ့ H5N1 ကတော့ လူတွေဆီကို ကူးစက်တာ မတွေ့ရသေးဘူးလို့ဆိုပါတယ်။

Credit – Blacker