ဝူ ဟန္မွ ေက်ာင္းသားမ်ားျပန္ေခၚလာသည့္ ေလယာဥ္ျပန္ေရာက္ၿပီ။ ခရီးစဥ္တြင္ လိုက္ပါတာဝန္ထမ္းေသာ ကပၸတိန္ႀကီးမ်ားနဲ႔တကြ ေလယာဥ္ေမာင္မ်ား အင္ဂ်င္နီယာမ်ား က်န္ေလယာဥ္အဖြဲ႕သားမ်ားကို ေက်းဇူးတင္ပါသည္။

သ တိမထားမိၾကတာက ထိုေလယာဥ္ျပန္ေရာက္မွ အလုပ္လုပ္ရမည့္သူေတြရွိသည္။ ေလယာဥ္အတြင္းခန္း သန္႔ရွင္းရမည့္သူမ်ားႏွင့္ ဤေလယာဥ္ႀကီးကို ခရီးစဥ္မ်ားတြင္ ေနာက္တႀကိမ္သုံးႏိုင္ေအာင္အတြက္ စည္းကမ္းႏွင့္အညီ ျပန္ထိမ္းသိမ္းေပးရမည့္သူမ်ားပါ။

ေလယာဥ္ေပၚမွာ ဝူဟန္ဗိုင္းရပ္စ္ႏွင့္ ထိေတြခဲ့သူမ်ား ပါလာႏိုင္သည္။ ထို႔အတြက္ ေလယာဥ္အတြင္းပိုင္းကို သတ္မွတ္စည္းကမ္းမ်ားနဲ႔အညီ ပိုးသတ္ရမည္။ အလြယ္စဥ္းစားလွ်င္ ေလယာဥ္ခုံအစြတ္မ်ား၊ အခင္းမ်ားလဲရမည္။ ေလယာဥ္တြင္းသုံးထားေသာ ေလစစ္မ်ားလဲရမည္။

သာမန္အျပင္လူမ်ားမသိႏိုင္ေသာ အျခားအလုပ္မ်ားလဲ လုပ္ရဦးမည္ထင္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ေလယာဥ္မ်ားသည္ ေလလုံေအာင္ပိတ္ထားေသာ ေနရာျဖစ္သျဖင့္ ေရာဂါဗိုင္းရပ္စ္ မက်န္ေအာင္လုပ္ရမည္မွာ ေသခ်ာပါသည္။ သို႔မွသာ ေနာက္ပိုင္းခရီးစဥ္မ်ားတြင္ စိတ္ခ်စြာသုံးႏိုင္ပါမည္။

ပိုေသခ်ာတာကေတာ့ ထိုအလုပ္လုပ္ေနသူမ်ားကို လူေတြမသိေတာ့ျခင္းပါ။ လူအျမင္တြင္ တာဝန္ထမ္းသူမ်ားကို ဂုဏ္ယူအသိအမွတ္ျပဳေလ့ရွိေသာ္လည္း ယခုအလုပ္မ်ား ဆက္လုပ္ေနသူေတြကို သတိမထားမိေတာ့တာ ပုံမွန္လိုျဖစ္ေနပါၿပီ။ သတိထားမခံရေသာ အညာတရ သူရဲေကာင္းမ်ား unsung heroes လို႔သုံးလို႔ ရမည္ထင္ပါတယ္။

Credit – Blacker

Unicode

ဝူ ဟန်မှ ကျောင်းသားများပြန်ခေါ်လာသည့် လေယာဉ်ပြန်ရောက်ပြီ။ ခရီးစဉ်တွင် လိုက်ပါတာဝန်ထမ်းသော ကပ္ပတိန်ကြီးများနဲ့တကွ လေယာဉ်မောင်များ အင်ဂျင်နီယာများ ကျန်လေယာဉ်အဖွဲ့သားများကို ကျေးဇူးတင်ပါသည်။

သ တိမထားမိကြတာက ထိုလေယာဉ်ပြန်ရောက်မှ အလုပ်လုပ်ရမည့်သူတွေရှိသည်။ လေယာဉ်အတွင်းခန်း သန့်ရှင်းရမည့်သူများနှင့် ဤလေယာဉ်ကြီးကို ခရီးစဉ်များတွင် နောက်တကြိမ်သုံးနိုင်အောင်အတွက် စည်းကမ်းနှင့်အညီ ပြန်ထိမ်းသိမ်းပေးရမည့်သူများပါ။

လေယာဉ်ပေါ်မှာ ဝူဟန်ဗိုင်းရပ်စ်နှင့် ထိတွေခဲ့သူများ ပါလာနိုင်သည်။ ထို့အတွက် လေယာဉ်အတွင်းပိုင်းကို သတ်မှတ်စည်းကမ်းများနဲ့အညီ ပိုးသတ်ရမည်။ အလွယ်စဉ်းစားလျှင် လေယာဉ်ခုံအစွတ်များ၊ အခင်းများလဲရမည်။ လေယာဉ်တွင်းသုံးထားသော လေစစ်များလဲရမည်။

သာမန်အပြင်လူများမသိနိုင်သော အခြားအလုပ်များလဲ လုပ်ရဦးမည်ထင်သည်။ အဘယ်ကြောင့်ဆိုသော် လေယာဉ်များသည် လေလုံအောင်ပိတ်ထားသော နေရာဖြစ်သဖြင့် ရောဂါဗိုင်းရပ်စ် မကျန်အောင်လုပ်ရမည်မှာ သေချာပါသည်။ သို့မှသာ နောက်ပိုင်းခရီးစဉ်များတွင် စိတ်ချစွာသုံးနိုင်ပါမည်။

ပိုသေချာတာကတော့ ထိုအလုပ်လုပ်နေသူများကို လူတွေမသိတော့ခြင်းပါ။ လူအမြင်တွင် တာဝန်ထမ်းသူများကို ဂုဏ်ယူအသိအမှတ်ပြုလေ့ရှိသော်လည်း ယခုအလုပ်များ ဆက်လုပ်နေသူတွေကို သတိမထားမိတော့တာ ပုံမှန်လိုဖြစ်နေပါပြီ။ သတိထားမခံရသော အညာတရ သူရဲကောင်းများ unsung heroes လို့သုံးလို့ ရမည်ထင်ပါတယ်။

Credit – Blacker