ထို င္းႏိုင္ငံ Nonhaburi ၿမိဳ႕က ေစ်းအနီးမွာ တိုယုိတာကားေပၚမွ ဆင္းလာၿပီး မ်က္မျမင္ သူေတာင္းစားဟန္ေဆာင္ကာ ေတာင္းရမ္းေနတဲ့ အမ်ဳိးသားတစ္ဦးကို လူမႈကြန္ရက္မွာ ပ်ံ႕နွံေနတဲ့ ဗြီဒီယိုဖိုင္ေတြအရ ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံ Bang Yai ခရိုင္ Wat Don Sakae ဘုရားေက်ာင္း အျပင္ဘက္မွာ အ၀တ္အစား အေဟာင္းအႏြမ္းမ်ား ၀တ္ဆင္ထားတဲ့ သူေတာင္းစား အမ်ဳိးသားတစ္ဦးဟာ ဘန္ေကာက္လိုင္စင္ မွတ္ပံုတင္ရွိတဲ့ တိုယုိတာ black Fortuner ကားထဲမွထြက္လာၿပီး ဘုရားေက်ာင္းထဲကို အိတ္တစ္လံုးနဲ႔ ၀င္သြားတဲ့ ဗြီဒီယိုကို အဂၤါေန႔မွာ ေဖ့ဘုတ္အသံုးျပဳသူ တစ္ဦးက ၄င္းရဲ႕အေကာင့္မွာ တင္ခဲ့ပါတယ္။

အဲဒီေနာက္ ယင္းအမ်ဳိးသားဟာ အနီးအနားက ေစ်းမွာ မ်က္မျမင္တစ္ဦးလို မ်က္မွန္အမဲ၀တ္ဆင္ၿပီး ေတာင္းရမ္းေနခဲ့ပါတယ္။ အဲဒီဗြီဒီယိုဖိုင္မွာ ယင္းအမ်ဳိးသားအား ေ၀ဖန္မႈ မ်ားစြာျဖစ္လာခဲ့ၿပီး၊ အခ်ဳိ႕ကေတာ့ သတင္းယူဖုိ ့ အတြက္ သူေတာင္းစားအျဖစ္ အသြင္ေျပာင္းထားတဲ့ ရဲေထာက္လွမ္းေရးတစ္ဦး ျဖစ္နိုင္ေၾကာင္း ထင္ျမင္ခ်က္ ေပးၾကပါတယ္။ ယင္းအျဖစ္အပ်က္ဟာ ေဒသခံရဲတပ္ဖြဲ႕ရဲ႕ အာရုံစုိက္စရာျဖစ္ခဲ့ၿပီး အဆိုပါ အမ်ဳိးသားအား ဖမ္းဆီး စစ္ေဆးသြားမယ္လုိ ့ ကတိျပဳခဲ့ပါတယ္။ မေကာင္းေသာ အၾကံအစည္ေတြ၊ လြဲမွားတဲ့ ဟန္ေဆာင္မႈေတြနဲ႔ ေငြေတာင္းခံရင္ အဆိုပါလူဟာ သူေတာင္းစား ထိန္းခ်ဴပ္မႈ အက္ဥပေဒပုဒ္မ ၁၆ နဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ေငြဒဏ္ ၁၀၀၀ ဘတ္ (သုိ႔မဟုတ္) ေထာင္ဒဏ္ ၁ ႏွစ္ စီရင္ျခင္း ခံရႏိုင္တယ္လို႔ ရဲအရာရွိ က ေျပာၾကားခဲ့ပါတယ္။

မ်က္မျမင္အျဖစ္ ဟန္ေဆာင္ေတာင္းစားသူ Somporn Kueyen (အသက္ ၆၅ ႏွစ္) ဟာ အမွန္တကယ္ မ်က္မျမင္မဟုတ္ေၾကာင္း၊ ၄င္းဟာ ဇနီးျဖစ္သူနဲ႔ Muang ခရိုင္က ႏွစ္ထပ္တိုက္အိမ္မွာေနထိုင္ၿပီး သမီး ၂ ေယာက္ရွိေၾကာင္း၊ ၄င္းရဲ႕ သမီးျဖစ္သူ ၂ ေယာက္မွာ တစ္ေယာက္က ႏိုင္ငံျခားမွာ အလုပ္လုပ္ၿပီး တစ္ေယာက္ ကေတာ့ တကၠသိုလ္မွာ စာျပေနတဲ့ ဆရာမျဖစ္ေၾကာင္း ထုိင္းမီဒီယာေတြက ထုတ္ေဖာ္ခဲ့ပါတယ္။ Mr Somporn ဟာ သတင္းစာေခါင္းစီးပိုင္းေတြမွာ ၄င္းရဲ႕သတင္းေတြ ပါလာခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ညကတည္းက အိမ္မျပန္ေတာ့ဘဲ ၄င္းနဲ႔ ၄င္းရဲ႕ဇနီးဟာ အျခားအိမ္ကို ေျပာင္းေရႊ႕သြားၿပီလို႔ သတင္းရရွိခဲ့ပါတယ္။

Mr Somporn ရဲ႕အိမ္နီးခ်င္းမ်ားက ၄င္းရဲ႕ အသက္ေမြး၀မ္းေၾကာင္း အလုပ္ကို မသိရေၾကာင္း၊ ၄င္းဟာ မနက္ ၃ နာရီနဲ႔ ၄ နာရီအတြင္းမွာ ကားနဲ႔ အိမ္ကထြက္သြားၿပီး ညေမွာင္မွ ျပန္လာတတ္ေၾကာင္း ေျပာၾကား ခဲ့ပါတယ္။ ၄င္းဟာ ေလာင္းကစားမွာ အေၾကြးတင္ေနတာေၾကာင့္ ပိုက္ဆံအလြန္အမင္း လိုအပ္ေနေၾကာင္း မီဒီယာအခ်ဳိ႕က ေျပာၾကားခဲ့ပါတယ္။ အခ်ဳိ႕ကလည္း Mr Somporn ဟာ ေစ်းထဲမွာ ၀က္သားဆိုင္ရွိေသာ္လည္း အေၾကြးတင္ေနေၾကာင္း ေျပာပါတယ္။ Mr Somporn မၾကာခဏ မ်က္မျမင္ သူေတာင္းစားအျဖစ္ ေငြေတာင္း ခံေလ့ရွိတဲ့ Bang Yai ခရိုင္ရွိ ေစ်းသည္္မ်ားက ၄င္းရဲ႕ မ်က္မျမင္လို ဟန္ေဆာင္ျခင္းဟာ ၾကင္နာတတ္သူ မ်ားထံမွ ေငြေတာင္းခံႏိုင္ရန္ လိမ္လည္မႈသာျဖစ္ေၾကာင္း၊ အမွန္တရားကို သိရခ်ိန္မွာ စိတ္ပ်က္မိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

Credit အကုန္သိ

Unicode

ထို င်းနိုင်ငံ Nonhaburi မြို့က စျေးအနီးမှာ တိုယိုတာကားပေါ်မှ ဆင်းလာပြီး မျက်မမြင် သူတောင်းစားဟန်ဆောင်ကာ တောင်းရမ်းနေတဲ့ အမျိုးသားတစ်ဦးကို လူမှုကွန်ရက်မှာ ပျံ့နှံနေတဲ့ ဗွီဒီယိုဖိုင်တွေအရ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ Bang Yai ခရိုင် Wat Don Sakae ဘုရားကျောင်း အပြင်ဘက်မှာ အဝတ်အစား အဟောင်းအနွမ်းများ ဝတ်ဆင်ထားတဲ့ သူတောင်းစား အမျိုးသားတစ်ဦးဟာ ဘန်ကောက်လိုင်စင် မှတ်ပုံတင်ရှိတဲ့ တိုယိုတာ black Fortuner ကားထဲမှထွက်လာပြီး ဘုရားကျောင်းထဲကို အိတ်တစ်လုံးနဲ့ ဝင်သွားတဲ့ ဗွီဒီယိုကို အင်္ဂါနေ့မှာ ဖေ့ဘုတ်အသုံးပြုသူ တစ်ဦးက ၄င်းရဲ့အကောင့်မှာ တင်ခဲ့ပါတယ်။

အဲဒီနောက် ယင်းအမျိုးသားဟာ အနီးအနားက စျေးမှာ မျက်မမြင်တစ်ဦးလို မျက်မှန်အမဲဝတ်ဆင်ပြီး တောင်းရမ်းနေခဲ့ပါတယ်။ အဲဒီဗွီဒီယိုဖိုင်မှာ ယင်းအမျိုးသားအား ဝေဖန်မှု များစွာဖြစ်လာခဲ့ပြီး၊ အချို့ကတော့ သတင်းယူဖို ့ အတွက် သူတောင်းစားအဖြစ် အသွင်ပြောင်းထားတဲ့ ရဲထောက်လှမ်းရေးတစ်ဦး ဖြစ်နိုင်ကြောင်း ထင်မြင်ချက် ပေးကြပါတယ်။ ယင်းအဖြစ်အပျက်ဟာ ဒေသခံရဲတပ်ဖွဲ့ရဲ့ အာရုံစိုက်စရာဖြစ်ခဲ့ပြီး အဆိုပါ အမျိုးသားအား ဖမ်းဆီး စစ်ဆေးသွားမယ်လို ့ ကတိပြုခဲ့ပါတယ်။ မကောင်းသော အကြံအစည်တွေ၊ လွဲမှားတဲ့ ဟန်ဆောင်မှုတွေနဲ့ ငွေတောင်းခံရင် အဆိုပါလူဟာ သူတောင်းစား ထိန်းချူပ်မှု အက်ဥပဒေပုဒ်မ ၁၆ နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ငွေဒဏ် ၁၀၀၀ ဘတ် (သို့မဟုတ်) ထောင်ဒဏ် ၁ နှစ် စီရင်ခြင်း ခံရနိုင်တယ်လို့ ရဲအရာရှိ က ပြောကြားခဲ့ပါတယ်။

မျက်မမြင်အဖြစ် ဟန်ဆောင်တောင်းစားသူ Somporn Kueyen (အသက် ၆၅ နှစ်) ဟာ အမှန်တကယ် မျက်မမြင်မဟုတ်ကြောင်း၊ ၄င်းဟာ ဇနီးဖြစ်သူနဲ့ Muang ခရိုင်က နှစ်ထပ်တိုက်အိမ်မှာနေထိုင်ပြီး သမီး ၂ ယောက်ရှိကြောင်း၊ ၄င်းရဲ့ သမီးဖြစ်သူ ၂ ယောက်မှာ တစ်ယောက်က နိုင်ငံခြားမှာ အလုပ်လုပ်ပြီး တစ်ယောက် ကတော့ တက္ကသိုလ်မှာ စာပြနေတဲ့ ဆရာမဖြစ်ကြောင်း ထိုင်းမီဒီယာတွေက ထုတ်ဖော်ခဲ့ပါတယ်။ Mr Somporn ဟာ သတင်းစာခေါင်းစီးပိုင်းတွေမှာ ၄င်းရဲ့သတင်းတွေ ပါလာခဲ့ပြီးနောက် ပြီးခဲ့တဲ့ ညကတည်းက အိမ်မပြန်တော့ဘဲ ၄င်းနဲ့ ၄င်းရဲ့ဇနီးဟာ အခြားအိမ်ကို ပြောင်းရွှေ့သွားပြီလို့ သတင်းရရှိခဲ့ပါတယ်။

Mr Somporn ရဲ့အိမ်နီးချင်းများက ၄င်းရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို မသိရကြောင်း၊ ၄င်းဟာ မနက် ၃ နာရီနဲ့ ၄ နာရီအတွင်းမှာ ကားနဲ့ အိမ်ကထွက်သွားပြီး ညမှောင်မှ ပြန်လာတတ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ၄င်းဟာ လောင်းကစားမှာ အကြွေးတင်နေတာကြောင့် ပိုက်ဆံအလွန်အမင်း လိုအပ်နေကြောင်း မီဒီယာအချို့က ပြောကြားခဲ့ပါတယ်။ အချို့ကလည်း Mr Somporn ဟာ စျေးထဲမှာ ဝက်သားဆိုင်ရှိသော်လည်း အကြွေးတင်နေကြောင်း ပြောပါတယ်။ Mr Somporn မကြာခဏ မျက်မမြင် သူတောင်းစားအဖြစ် ငွေတောင်း ခံလေ့ရှိတဲ့ Bang Yai ခရိုင်ရှိ စျေးသည််များက ၄င်းရဲ့ မျက်မမြင်လို ဟန်ဆောင်ခြင်းဟာ ကြင်နာတတ်သူ များထံမှ ငွေတောင်းခံနိုင်ရန် လိမ်လည်မှုသာဖြစ်ကြောင်း၊ အမှန်တရားကို သိရချိန်မှာ စိတ်ပျက်မိကြောင်း ပြောဆိုခဲ့ပါတယ်။

Credit အကုန်သိ