တ ႐ုတ္ျပန္ ေက်ာင္းသားမ်ားကို သီးသန႔္ထားရွိမည့္ မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ကန္ေတာ္နဒီေဆး႐ုံကို ယေန႔ ေဖေဖၚဝါရီ(၁)ရက္ ညေနပိုင္းမွစတင္ကာ တားျမစ္ဧရိယာအျဖစ္ သတ္မွတ္ကာ လုံၿခဳံေရးမ်ား ခ်ထားသည္။

တ ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕သို႔ ေရာက္ရွိေနသည့္ ပညာေတာ္သင္ ျမန္မာေက်ာင္းသား၊ေက်ာင္းသူ (၆၃)ဦးသည္ ယေန႔ ညနက္ပိုင္း (ေဖေဖၚ၉ါရီ၂ရက္ နံနက္အေစာပိုင္း)တြင္ မႏၲေလးၿမိဳ႕ တံတားဦးေလဆိပ္သို႔ ျပန္လည္ေရာက္ရွိမည္ ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ရွိ ျမန္မာသံ႐ုံးက သတင္းထုတ္ျပန္ထားသည္။

ေက်ာင္းသားေက်ာင္းသူမ်ားကို ဝူဟန္ၿမိဳ႕မွတဆင့္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA B-737-800) အထူးေလယာဥ္ျဖင့္ ျပန္လည္ေခၚေဆာင္လာမည္ ျဖစ္ၿပီး မႏၲေလးၿမိဳ႕ ၆၂လမ္းေပၚရွိ ကန္ေတာ္နဒီ ေဆး႐ုံတြင္ (၁၄)ရက္ၾကာ သီးသန႔္ထားရွိကာ စစ္ၾကည့္စစ္ေဆးမည္ ျဖစ္သည္။

ဝူဟန္ၿမိဳ႕မွ ျပန္လည္ေရာက္ရွိလာမည့္ ေက်ာင္းသားမ်ားကို သီးျခားထားရွိရန္ ကန္ေတာ္နဒီေဆး႐ုံတြင္ ေရခ်ိဳးခန္းအိမ္သာ တြဲလ်က္ ႏွစ္ဦးစာ သီးသန႔္ခန္း ၄၅ ခန္းႏွင့္ ခန္းမႀကီးႏွစ္ခန္းကို အဆင္သင့္ျပင္ဆင္ စီစဥ္ထားၿပီး ေက်ာင္းသားမ်ားကို က်န္းမာေရး ေစာင့္ေရွာက္ေပးမည့္ ဆရာဝန္၊ ဆရာမမ်ား၊

အစားအေသာက္ စီမံေပးမည့္ဝန္ထမ္းမ်ား၊ လုံၿခဳံေရး ေစာင့္ေရွာက္ေပးမည့္ ရဲတပ္ဖြဲ႕ဝင္မ်ား တည္းခိုေနထိုင္မည့္ အခန္းမ်ားလည္းစီစဥ္ထားရွိၿပီး ျဖစ္သည္ဟု မႏၲေလးၿမိဳ႕ေတာ္ဝန္၊ မႏၲေလးတိုင္းအတြင္း ဝူဟန္ေရာဂါ (2019-nCoV) ကူးစက္မႈ မရွိေစေရး ေစာင့္ၾကည့္စစ္ေဆး ကုသေရး ႀကီးၾကပ္မႈေကာ္မတီ (Surveillance and Respond Team-SRT) ဥကၠ႒ ေဒါက္တာရဲလြင္က သူ၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ေဖာ္ျပသည္။

ဝူဟန္ၿမိဳ႕မွ ျပန္လည္ေရာက္ရွိလာမည့္ ေက်ာင္းသားမ်ားကို ျပင္းထန္အဆုတ္ေရာင္ေရာဂါ ကူးစက္ခံရျခင္း ရွိ၊မရွိ မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီ ေဆး႐ုံတြင္ (၁၄)ရက္ၾကာ ထားရွိကာ ေစာင့္ၾကပ္စစ္ေဆးေပးမည္

ျဖစ္ၿပီး ထိုသို႔ ေစာင့္ၾကည့္စစ္ေဆးခ်ိန္ ရက္ႏွစ္ပတ္ခန႔္အတြင္း ေက်ာင္းသားမ်ားအေနျဖင့္ ျပင္ပပုဂၢိဳလ္မ်ားႏွင့္ ထိေတြ႕ဆက္ဆံႏိုင္မည္ မဟုတ္ဘဲ သီးျခားေနထိုင္ရမည္ ျဖစ္ေၾကာင္း ၎က ဆိုသည္။

ျပန္ေတာ္ျပန္ ေက်ာင္းသားမ်ားကို သီးျခားထားရွိမည့္ ကန္ေတာ္နဒီ ေဆး႐ုံတြင္ ေဆး႐ုံအတြင္းပိုင္း သန႔္ရွင္းျခင္း၊ ခုတင္ႏွင့္ ပရိေဘာဂမ်ား ေဆးေၾကာသန႔္စင္ျခင္း၊ ေဆး႐ုံဝင္းအတြင္း ေပါင္းျမက္မ်ားရွင္းလင္းျခင္း၊ ေရရရွိေရး မိလႅာစြန႔္ပစ္မႈ အဆင္ေျပေရးမ်ား စီစဥ္ျခင္း၊ လွ်ပ္စစ္မီးမ်ား အဆင္ေျပေစရန္ စီစဥ္ျခင္းႏွင့္ ေရခ်ိဳးခန္း၊ အိမ္သာမ်ား ျပဳျပင္ေပးျခင္းန်ား လုပ္ေဆာင္ေပးထားေၾကာင္း ၎က ဆိုသည္။

လက္ရွိအခ်ိန္တြင္ ျပန္ေရာက္လာမည့္ ေက်ာင္းသားမ်ားအတြက္ ျပင္ပအလႉရွင္မ်ားက အစားအေသက္ႏွင့္ ေဆးဝါးမ်ား လႉဒါန္းမႈရွိေၾကာင္း ၿမိဳ႕ေတာ္ဝန္က ထုတ္ျပန္ထားသည္။

Unicode

တ ရုတ်ပြန် ကျောင်းသားများကို သီးသန့်ထားရှိမည့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်နဒီဆေးရုံကို ယနေ့ ဖေဖေါ်ဝါရီ(၁)ရက် ညနေပိုင်းမှစတင်ကာ တားမြစ်ဧရိယာအဖြစ် သတ်မှတ်ကာ လုံခြုံရေးများ ချထားသည်။

တ ရုတ်နိုင်ငံ ဝူဟန်မြို့သို့ ရောက်ရှိနေသည့် ပညာတော်သင် မြန်မာကျောင်းသား၊ကျောင်းသူ (၆၃)ဦးသည် ယနေ့ ညနက်ပိုင်း (ဖေဖေါ်၉ါရီ၂ရက် နံနက်အစောပိုင်း)တွင် မန္တလေးမြို့ တံတားဦးလေဆိပ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

ကျောင်းသားကျောင်းသူများကို ဝူဟန်မြို့မှတဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA B-737-800) အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာမည် ဖြစ်ပြီး မန္တလေးမြို့ ၆၂လမ်းပေါ်ရှိ ကန်တော်နဒီ ဆေးရုံတွင် (၁၄)ရက်ကြာ သီးသန့်ထားရှိကာ စစ်ကြည့်စစ်ဆေးမည် ဖြစ်သည်။

ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာမည့် ကျောင်းသားများကို သီးခြားထားရှိရန် ကန်တော်နဒီဆေးရုံတွင် ရေချိုးခန်းအိမ်သာ တွဲလျက် နှစ်ဦးစာ သီးသန့်ခန်း ၄၅ ခန်းနှင့် ခန်းမကြီးနှစ်ခန်းကို အဆင်သင့်ပြင်ဆင် စီစဉ်ထားပြီး ကျောင်းသားများကို ကျန်းမာရေး စောင့်ရှောက်ပေးမည့် ဆရာဝန်၊ ဆရာမများ၊

အစားအသောက် စီမံပေးမည့်ဝန်ထမ်းများ၊ လုံခြုံရေး စောင့်ရှောက်ပေးမည့် ရဲတပ်ဖွဲ့ဝင်များ တည်းခိုနေထိုင်မည့် အခန်းများလည်းစီစဉ်ထားရှိပြီး ဖြစ်သည်ဟု မန္တလေးမြို့တော်ဝန်၊ မန္တလေးတိုင်းအတွင်း ဝူဟန်ရောဂါ (2019-nCoV) ကူးစက်မှု မရှိစေရေး စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီ (Surveillance and Respond Team-SRT) ဥက္ကဋ္ဌ ဒေါက်တာရဲလွင်က သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြသည်။

ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာမည့် ကျောင်းသားများကို ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်း ရှိ၊မရှိ မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံတွင် (၁၄)ရက်ကြာ ထားရှိကာ စောင့်ကြပ်စစ်ဆေးပေးမည်

ဖြစ်ပြီး ထိုသို့ စောင့်ကြည့်စစ်ဆေးချိန် ရက်နှစ်ပတ်ခန့်အတွင်း ကျောင်းသားများအနေဖြင့် ပြင်ပပုဂ္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံနိုင်မည် မဟုတ်ဘဲ သီးခြားနေထိုင်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြန်တော်ပြန် ကျောင်းသားများကို သီးခြားထားရှိမည့် ကန်တော်နဒီ ဆေးရုံတွင် ဆေးရုံအတွင်းပိုင်း သန့်ရှင်းခြင်း၊ ခုတင်နှင့် ပရိဘောဂများ ဆေးကြောသန့်စင်ခြင်း၊ ဆေးရုံဝင်းအတွင်း ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေရရှိရေး မိလ္လာစွန့်ပစ်မှု အဆင်ပြေရေးများ စီစဉ်ခြင်း၊ လျှပ်စစ်မီးများ အဆင်ပြေစေရန် စီစဉ်ခြင်းနှင့် ရေချိုးခန်း၊ အိမ်သာများ ပြုပြင်ပေးခြင်းနျား လုပ်ဆောင်ပေးထားကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ပြန်ရောက်လာမည့် ကျောင်းသားများအတွက် ပြင်ပအလှူရှင်များက အစားအသေက်နှင့် ဆေးဝါးများ လှူဒါန်းမှုရှိကြောင်း မြို့တော်ဝန်က ထုတ်ပြန်ထားသည်။