Unicode
မြိ တ်မြို့နယ်၊ သမုတ် ကျေးရွာမှာ မှုခင်းသတင်းထောက်များအဖွဲ့ က ခြိမ်းခြောက်ငွေတောင်းခံနေတဲ့အတွက် ဒေသခံများကသတင်းစာရှင်းလင်းပွဲတစ်ခုကို ဖေဖော်ဝါရီလ ၁ ရက်န့မှာပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
SH သတင်းမီဒီယာအဖွဲ့ဟုအမည်တပ်ထားတဲ့ မှုခင်းသတင်းထောက်များဟာမြိတ်ခရိုင်မှာ ၄၀ ဦး ခန့်ရှိနေပြီးသမုတ်ရွာမှ မီးသွေးဖောင်းများကို ဓာတ်ပုံရိုက်ခြင်းအပျော်တမ်းကြက်တိုက်နေသူများ ကိုဓာတ်ပုံရိုက်ကာခြိမ်းခြောက်ငွေတောင်းခံနေတယ်လို့ ဒေသခံများထံမှသိရပါတယ်။
“”မှုခင်းသတင်းထောက်တစ်ဦးဖြစ်တဲ့ ဦးစိန်သန်းဆိုသူက တစ်ဖက်ကမ်းက ကူးလာပြီး မီးသွေးဖောင်းတွေကိုဓာတ်ပုံရိုက်တယ်။ ဒီသတင်းမပြန့်ချင်ရင်သူ့နှင့်လာတွေ့ဖို့ပြောတယ်။ မီးသွေးဖောင်းတွေက တရားဝင်မီးသွေးဖောင်းတွေဖြစ်တယ်။ သုံးဦးပါမီးသွေးဖောင်းလိုင်စင်တစ်ချပ်ကို အစိုးရမှာ တစ်နှစ်ကိုကျပ် နှစ် သိန်းကျော်သွင်းရတယ်””လို့ သမုတ်ရွာမှာမီးသွေးဖောင်းလုပ်ကိုင်နေတဲ့ ဦးမျိုးချစ်က ပြောပါတယ်။
မြိတ်မြို့မှုခင်းသတင်းထောက် ဆန်းလွင်ဆိုသူက သမုတ်ကျေးရွာအုပ်ချုပ်ရေးမှူးအားမိုက်ရိုင်းစွာပြောဆိုခဲ့ပြီးကျွဲကူးတံတားတွင်ထိုးရန်အထိချိန်းဆိုခဲ့ကြောင်းအဆိုပါလုပ်ရပ်မှာအုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၏လုပ်ပိုင်ခွင့်ကိုပင်ကျော်လွန်လုပ်ဆောင်လာကြောင်းသမုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်လင်းအင်ကပြောဆိုခဲ့ပါတယ်။
မှုခင်းသတင်းထောက် ၃ ဦးကလည်း သမုတ်ကျေးရွာမှာ ရွာသားများအပျော်တမ်းကြက်တိုက်နေတာကို ဓာတ်ပုံရိုက်ယူပြီး ငွေ ၅ သောင်းကျပ် တောင်းယူသွား ကြောင်းဦးဝင်းလှိုင်ကပြောကြားခဲ့ပါတယ်။
မှုခင်းသတင်းထောက်များအားအဖွဲ့ဝင်အဖြစ်လက်ခံ ရာတွင်စိစစ်ပြီးလက်ခံကြောင်းကျူးလွန်ပါက အရေး ယူထုတ်ပယ်သွားမည်ဖြစ်သလိုသမုတ်ကျေးရွာတွင် ဖြစ်ပွားခဲ့တဲ့သတင်းမှာမီးသွေးဖောင်းများကိုဓာတ်ပုံ ရိုက်ခြင်း၊မြိတ်မြို့တွင်လာတွေ့ရန် ပြောဆိုခဲ့မှုများရှိခဲ့ပေမယ့် ယနေ့အထိခြိမ်းခြောက်ငွေတောင်းခံမှုများလုံးဝမရှိကြောင်း၊
သတင်းမီဒီယာလုပ်ဆောင် ခြင်းမှာပရဟိတအဖြစ်သာလုပ်ကိုင်ကြောင်း မပေါက် မရောက်တဲ့ ဒေသခံပြည်သူများ အတွက်အမှုဖြစ်စဉ်တွင်ကူညီရန်လည်းကောင်း မှုခင်းကျဆင်းစေရန်အတွက်ကူညီရန်သာလုပ်ဆောင်နေကြောင်းတနင်္သာရီတိုင်းဒေသကြီးမှုခင်းသတင်းအေဂျင်စီ SH အထူးဟစ်တိုင်းအဖွဲ့ တိုင်းတွဲဖက်တာဝန်ခံ ဦးဆန်းလွင်မှပြန်လည်ဖြေကြားခဲ့ပါတယ်။မြတ်ထွဋ် (မြိတ်)