Unicode
စစ် ကိုင်း တိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း တရုတ်နိုင်ငံကလာမယ့်လူတွေကိုတိုင်းအစိုးရက ဝင်ထွက်သွားလာခွင့်တားမြစ်လိုက်ပြီလို့ ဒေသခံတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးစောမောင် ကပြောပါတယ်။
လက် ပံတောင်းတောင်ကြေးနီစီမံကိန်းကစီနိုဟိုက်ဒရိုကုမ္ပဏီမှာ အလုပ်လုပ်နေကြတဲ့မြန်မာနိုင်ငံသားဝန်ထမ်းတွေက ကုမ္ပဏီရဲ့ ဒု-မန်နေဂျာတရုတ်နိုင်ငံသား ပြန်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးအာမခံချက်မရှိလို့ အလုပ်မဆင်းဘဲနေနေကြတာပါ။အလုပ်မဆင်းဘဲနေနေကြတာပါ။
အဲဒီ အတွက် အစိုးရ၊လွှတ်တော်နဲ့ကုမ္ပဏီကတာဝန်ရှိသူတွေ ဖေဖော်ဝါရီ(၁)ရက် က တွေ့ဆုံဆွေးနွေးပြီး အခုလိုတားမြစ်လိုက်တာဖြစ်ပါတယ်။ကိုရိုနာဗိုင်းရပ်ပိုး ထိန်းချုပ်နိုင်မှု အခြေအနေကို စောင့်ကြည့်ပြီးမှ ဝင်၊ထွက်သွား၊လာခွင့် ပြန်လည်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။အောင်ကျော်ညွန့်