ဝူဟန္ မွာ ပိတ္မိခဲ့တဲ့ ျမန္မာ ေက်ာင္းသားေတြ မႏၲေလး ကန္ေတာ္နဒီ ေဆး႐ုံ ေရာက္ၿပီ

တ ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ့မွာ ပိတ္မိေနတဲ့ ျမန္မာေက်ာင္းသား ၅၉ ဦးဟာ ေဖေဖာ္ဝါရီ ၂ ရက္ မနက္ ၆ နာရီ ခန႔္မွာ သီးသန႔္ထားရွိမယ့္ ကန္ေတာ္နဒီေဆး႐ုံကို ေရာက္ရွိၿပီျဖစ္ပါတယ္။

ေက်ာင္းသား (၆၃) ဦးအနက္ (၃) ဦးဟာ အပူခ်ိန္လြန္ကဲၿပီး ဖ်ားေနတဲ့အတြက္ ဝူဟန္ေလဆိပ္မွာ ထားရွိခဲ့ၿပီး (၁)ဦးကေတာ့ ဗီဇာအခက္အခဲေၾကာင့္ က်န္ရစ္ေနခဲ့တယ္လို့ ေက်ာင္းသူတစ္ဦးရဲ့ မိဘဆီက စုံစမ္းသိရပါတယ္။

ေက်ာင္းသားေတြဟာ မနက္ ၄ နာရီဝန္းက်င္မွာ မႏၲေလး အျပည္ျပည္ဆိုင္ရာေလဆိပ္ကိုေရာက္ရွိၿပီးအဲဒီေက်ာင္းသားေတြကို မႏၲေလးတိုင္းက်န္းမာေရးဦးစီးဌာနက စီစဥ္ထားတဲ့ သီးသန႔္ ယာဥ္ေတြနဲ႔ ႀကိဳဆိုခဲ့တာျဖစ္တယ္လို့ ေလဆိပ္တာဝန္ရွိသူက ေျပာပါတယ္….။

သူတို့ကို ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမွု ရွိမရွိ ေစာင့္ၾကည့္စစ္ေဆးဖို့ မႏၲေလးၿမိဳ့ ခ်မ္းျမသာစည္ ၿမိဳ့နယ္ ၊ ၆၂ လမ္းရွိ ကန္ေတာ္နဒီေဆး႐ုံမွာ ၂ ပတ္ၾကာ သီးသန႔္ထားရွိသြားမယ္လို့ မႏၲေလးတိုင္း ကုသေရးနဲ႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက သိရပါတယ္။

သူတို့နဲ႔အတူ သြားေရာက္ႀကိဳဆိုခဲ့တဲ့ ယာဥ္ေမာင္းနဲ႔အဖြဲ႕ကို လည္း ၂ ပတ္ၾကာ ေစာင့္ၾကည့္စစ္ေဆးသြားမွာ ျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ့ကေန အခုလဆန္းပိုင္းကတည္းက စတင္ကူးစက္ျပန႔္ႏွံ့လာတဲ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဝူဟန္မွာပိတ္မိေနတဲ့ နိုင္ငံျခားသားေတြကို ျပန္လည္ေခၚေဆာင္ဖို့ တ႐ုတ္အစိုးရက ခြင့္ျပဳခဲ့ၿပီး အေမရိကန္ ၊ ဂ်ပန္ အပါအဝင္ နိုင္ငံတကာက သူတို့နိုင္ငံသားေတြကို ျပန္ကယ္ထုတ္ေနၾကတာပါ။

ျမန္မာေက်ာင္းသားေတြကလည္း သူတို့ကို လာေခၚဖို့ေပက်င္း အေျခစိုက္ ျမန္မာသံ႐ုံးကို အေၾကာင္းၾကားခဲ့ၿပီးေနာက္ အထူးေလယာဥ္နဲ႔ ျပန္လည္ေခၚေဆာင္ဖို့ ဇန္နဝါရီ ၃၀ ရက္မွာ နိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္နိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔အထိ ကူးစက္သူ ၁၂၀၀၀ ခန႔္၊ ေသဆုံးသူ ၃၀၀ ခန႔္ အထိ ရွိလာေနၿပီး နိုင္ငံေပါင္း ၂၄ နိုင္ငံ ကူးစက္ံခံေနရေပမယ့္ ျမန္မာနိုင္ငံမွာေတာ့ တရားဝင္ သတင္းထုတ္ျပန္တာေတြ မရွိေသးပါဘူး။

သတင္း-ေဏဏီ / One News Myanmar

Unicode

ဝူဟန် မှာ ပိတ်မိခဲ့တဲ့ မြန်မာ ကျောင်းသားတွေ မန္တလေး ကန်တော်နဒီ ဆေးရုံ ရောက်ပြီ

တ ရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသား ၅၉ ဦးဟာ ဖေဖော်ဝါရီ ၂ ရက် မနက် ၆ နာရီ ခန့်မှာ သီးသန့်ထားရှိမယ့် ကန်တော်နဒီဆေးရုံကို ရောက်ရှိပြီဖြစ်ပါတယ်။

ကျောင်းသား (၆၃) ဦးအနက် (၃) ဦးဟာ အပူချိန်လွန်ကဲပြီး ဖျားနေတဲ့အတွက် ဝူဟန်လေဆိပ်မှာ ထားရှိခဲ့ပြီး (၁)ဦးကတော့ ဗီဇာအခက်အခဲကြောင့် ကျန်ရစ်နေခဲ့တယ်လို့ ကျောင်းသူတစ်ဦးရဲ့ မိဘဆီက စုံစမ်းသိရပါတယ်။

ကျောင်းသားတွေဟာ မနက် ၄ နာရီဝန်းကျင်မှာ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိပြီးအဲဒီကျောင်းသားတွေကို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနက စီစဉ်ထားတဲ့ သီးသန့် ယာဉ်တွေနဲ့ ကြိုဆိုခဲ့တာဖြစ်တယ်လို့ လေဆိပ်တာဝန်ရှိသူက ပြောပါတယ်….။

သူတို့ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိ စောင့်ကြည့်စစ်ဆေးဖို့ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ၊ ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံမှာ ၂ ပတ်ကြာ သီးသန့်ထားရှိသွားမယ်လို့ မန္တလေးတိုင်း ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

သူတို့နဲ့အတူ သွားရောက်ကြိုဆိုခဲ့တဲ့ ယာဉ်မောင်းနဲ့အဖွဲ့ကို လည်း ၂ ပတ်ကြာ စောင့်ကြည့်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ အခုလဆန်းပိုင်းကတည်းက စတင်ကူးစက်ပြန့်နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝူဟန်မှာပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို ပြန်လည်ခေါ်ဆောင်ဖို့ တရုတ်အစိုးရက ခွင့်ပြုခဲ့ပြီး အမေရိကန် ၊ ဂျပန် အပါအဝင် နိုင်ငံတကာက သူတို့နိုင်ငံသားတွေကို ပြန်ကယ်ထုတ်နေကြတာပါ။

မြန်မာကျောင်းသားတွေကလည်း သူတို့ကို လာခေါ်ဖို့ပေကျင်း အခြေစိုက် မြန်မာသံရုံးကို အကြောင်းကြားခဲ့ပြီးနောက် အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ဖို့ ဇန်နဝါရီ ၃၀ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ကူးစက်သူ ၁၂၀၀၀ ခန့်၊ သေဆုံးသူ ၃၀၀ ခန့် အထိ ရှိလာနေပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံ ကူးစက်ံခံနေရပေမယ့် မြန်မာနိုင်ငံမှာတော့ တရားဝင် သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။

သတင်း-ဏေဏီ / One News Myanmar