၁.၂.၂၀၂၀ – ရက္ ညေ န ၅နာရီ အခ်ိန္ခန႔္

ပု ဂံၿမိဳ႕ေဟာင္း စူဠာမဏိဘုရား ေတာင္ဘက္ ေရွ႕ေဟာင္းအုတ္ကုန္းျဖစ္သည့္ အိုးျခမ္းပဲ့ ကုန္းတြင္ တ႐ုတ္ခရီးသြားဧည့္သည္မွ ကိုယ္ပိုင္ေမာ္ေတာ္ကားျဖင့္ ေရာက္ရွိလာရာ ထိုအုတ္ကုန္းေပၚထိ ေမာင္းတက္လာၿပီး သည္ႏွင့္ အရက္ဘီယာတစ္ဖာ.ႏွင့္ ေသာက္မည္ျပဳစဥ္…

ထိုအုတ္ကုန္းေပၚတြင္ရွိေသာ ပုဂံေဒသခံ ဧည့္လမ္းၫြန္ ႏွစ္ဦးမွ ဒီေရွ႕ေဟာင္းအုတ္ကုန္းေပၚတြင္ ကားမ်ားတက္၍ မရေၾကာင္းႏွင့္အရက္ဘီယာကိုလဲေသာက္၍ မရေၾကာင္းယဥ္ေက်းသိမ့္ေမြ႕စြာေဒသခံ ဧည့္လမ္းၫြန္ႏွစ္ဦးမွေျပာဆိုရာ…

ျမန္မာစကားတတ္သည့္ တ႐ုတ္ဧည့္သည္တစ္ဦးမွ သူမွာဧည့္လမ္းၫြန္ျဖစ္ေၾကာင္း ဘယ္သူမွလာေျပာစရာမလိုဘူး …..မိမိတို႔ႏွင့္မသက္ဆိုင္ေၾကာင္း သူတို႔အလုပ္ – လူတို႔လုပ္တာဘယ္သူမွ သူတို႔အားလာေျပာစရာမလိုေၾကာင္း ….

သူတို႔အား လာေရာက္တာျမစ္ေသာသူသည္ အလုပ္မွ ျပဳတ္သြားနိုင္ေၾကာင္း ရင့္သီးေသာစကားမ်ားျဖင့္ ေဒသခံ ဧည့္လမ္းၫြန္ႏွစ္ဦးအားေျပာဆိုခဲ့သည္ႏွင့္ ဧည့္လမ္းၫြန္ႏွစ္ဦးမွလဲ ျမန္မာစကားေျပာတတ္သည့္တ႐ုတ္လူမ်ိဳး – စပုတ္ရွပ္လက္တိုအနက္ ဝတ္ထားသူအား ဒါဆို မိမိဧည့္လမ္းၫြန္ဆိုရင္ – ဧည့္လမ္းၫြန္ လိုင္စင္ကတ္ထုတ္ျပပါဟု ေျပာေသာအခါ – ျမန္မာစကားေျပာတတ္သည့္ တ႐ုတ္လူမ်ိဳးမွ ၎ႏွင့္ပါလာသည့္ – တ႐ုတ္လူမ်ိဳးအဖြဲ႕ေခၚေဆာင္၍ – ၎တို႔ကိုယ္ပိုင္တ႐ုတ္ ကားမ်ားျဖင့္ ထြက္ခြာသြားပါသည္။

ျဖစ္စဥ္ေနရာအား ပုဂံနယ္ေျမရဲတပ္ဖြဲ႕ႏွင့္ခရီးသြားလုံးၿခဳံေရးမွ ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာသည္ႏွင့္ျဖစ္စဥ္အား ေဒသခံဧည့္လမ္းၫြန္ ႏွစ္ဦးမွ ေျပာျပသည္ႏွင့္ ၎တို႔တည္ခိုးသည့္ ေနရာသို႔လိုက္လံစုံစမ္းမႈျပဳလုပ္လွ်က္ ရွိပါသည္။

ထိုျဖစ္စဥ္ႏွင့္ပတ္သက္၍ ပုဂံေညာင္ဦးၿမိဳ႕ သက္ဆိုင္ရာ ဌာန မွ တာဝန္ရွိလူႀကီးမင္းတို႔ အား သိရွိနိုင္ပါရန္ ႏွင့္ဆက္လက္ေဆာင္႐ြက္ေပးနိုင္ပါရန္တင္ျပလိုက္ရပါသည္။

Min Latt ဓာတ္ပုံ – ကိုေဆာ္ (ပုဂံ)

Unicode

၁.၂.၂၀၂၀ – ရက် ညေ န ၅နာရီ အချိန်ခန့်

ပု ဂံမြို့ဟောင်း စူဠာမဏိဘုရား တောင်ဘက် ရှေ့ဟောင်းအုတ်ကုန်းဖြစ်သည့် အိုးခြမ်းပဲ့ ကုန်းတွင် တရုတ်ခရီးသွားဧည့်သည်မှ ကိုယ်ပိုင်မော်တော်ကားဖြင့် ရောက်ရှိလာရာ ထိုအုတ်ကုန်းပေါ်ထိ မောင်းတက်လာပြီး သည်နှင့် အရက်ဘီယာတစ်ဖာ.နှင့် သောက်မည်ပြုစဉ်…

ထိုအုတ်ကုန်းပေါ်တွင်ရှိသော ပုဂံဒေသခံ ဧည့်လမ်းညွန် နှစ်ဦးမှ ဒီရှေ့ဟောင်းအုတ်ကုန်းပေါ်တွင် ကားများတက်၍ မရကြောင်းနှင့်အရက်ဘီယာကိုလဲသောက်၍ မရကြောင်းယဉ်ကျေးသိမ့်မွေ့စွာဒေသခံ ဧည့်လမ်းညွန်နှစ်ဦးမှပြောဆိုရာ…

မြန်မာစကားတတ်သည့် တရုတ်ဧည့်သည်တစ်ဦးမှ သူမှာဧည့်လမ်းညွန်ဖြစ်ကြောင်း ဘယ်သူမှလာပြောစရာမလိုဘူး …..မိမိတို့နှင့်မသက်ဆိုင်ကြောင်း သူတို့အလုပ် – လူတို့လုပ်တာဘယ်သူမှ သူတို့အားလာပြောစရာမလိုကြောင်း ….

သူတို့အား လာရောက်တာမြစ်သောသူသည် အလုပ်မှ ပြုတ်သွားနိုင်ကြောင်း ရင့်သီးသောစကားများဖြင့် ဒေသခံ ဧည့်လမ်းညွန်နှစ်ဦးအားပြောဆိုခဲ့သည်နှင့် ဧည့်လမ်းညွန်နှစ်ဦးမှလဲ မြန်မာစကားပြောတတ်သည့်တရုတ်လူမျိုး – စပုတ်ရှပ်လက်တိုအနက် ဝတ်ထားသူအား ဒါဆို မိမိဧည့်လမ်းညွန်ဆိုရင် – ဧည့်လမ်းညွန် လိုင်စင်ကတ်ထုတ်ပြပါဟု ပြောသောအခါ – မြန်မာစကားပြောတတ်သည့် တရုတ်လူမျိုးမှ ၎င်းနှင့်ပါလာသည့် – တရုတ်လူမျိုးအဖွဲ့ခေါ်ဆောင်၍ – ၎င်းတို့ကိုယ်ပိုင်တရုတ် ကားများဖြင့် ထွက်ခွာသွားပါသည်။

ဖြစ်စဉ်နေရာအား ပုဂံနယ်မြေရဲတပ်ဖွဲ့နှင့်ခရီးသွားလုံးခြုံရေးမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်နှင့်ဖြစ်စဉ်အား ဒေသခံဧည့်လမ်းညွန် နှစ်ဦးမှ ပြောပြသည်နှင့် ၎င်းတို့တည်ခိုးသည့် နေရာသို့လိုက်လံစုံစမ်းမှုပြုလုပ်လျှက် ရှိပါသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပုဂံညောင်ဦးမြို့ သက်ဆိုင်ရာ ဌာန မှ တာဝန်ရှိလူကြီးမင်းတို့ အား သိရှိနိုင်ပါရန် နှင့်ဆက်လက်ဆောင်ရွက်ပေးနိုင်ပါရန်တင်ပြလိုက်ရပါသည်။

Min Latt ဓာတ်ပုံ – ကိုဆော် (ပုဂံ)