၀ူ ဟန္မွ ျမန္မာေက်ာင္းသားေက်ာင္းသူ (၆၃) ဦးတို႔သည္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ထြက္ခြာရန္အတြက္ ၀ူဟန္ၿမိဳ႕ Tianhe ေလဆိပ္သို႔ေရာက္ရွိေနၾကျပီျဖစ္ျပီး ယခုအခါ ေလယာဥ္ေပၚတက္ခြင့္(Boarding Pass) မ်ား ထုတ္ယူေနၾကျပီျဖစ္သည္။ ေဒသစံေတာ္ခ်ိန္ ည ၁၁ နာရီ ၂၅ မိနစ္တြင္ ေလယာဥ္ထြက္ခြာမည္ျဖစ္ျပီး ခန္႔မွန္းခ်ိန္ ျမန္မာစံေတာ္ခ်ိန္ ေဖေဖၚ၀ါရီ ၂ ရက္ နံနက္ ၁ နာရီ ၃၀ မိနစ္တြင္ မႏၱေလးေလဆိပ္သို႔ေရာက္ရွိမည္ျဖစ္ေၾကာင္းသိရသည္။

“ဟုတ္ ကဲ့ရွင့္။ အားလုံအဆင္ေျပပါတယ္ရွင့္” ဟု ၀ူဟန္ေရာက္ ျမန္မာေက်ာင္းသားမ်ားထဲမွ မခင္သီရိသန္႔ဇင္ ကေျပာပါသည္။

ေက်ာင္းသားမ်ားအား ျမန္မာအမ်ဳိးသားေလေၾကာင္းလိုင္းမွ MNA B737-800 ကို ေလယာဥ္မွဴးၾကီး Capt Khup Khan Maung ဦးေဆာင္သည့္ ေလယာဥ္အဖြဲ႔သားမ်ားက သြားေရာက္ေခၚေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

၀ူဟန္ၿမိဳ႕ရွိ ျမန္မာေက်ာင္းသူေက်ာင္းသားမ်ားအား ျမန္မာႏိုင္ငံသို႔ျပန္လည္ပို႔ေဆာင္ေပးႏိုင္ေရးအတြက္ ေပက်င္းျမိဳ႔ရွိ ျမန္မာသံရုံးမွ အဖြဲ႔သားမ်ားႏွင့္ တရုတ္ႏိုင္ငံမွ တာ၀န္ရွိသူမ်ားတို႔သည္ လြန္ခဲ့သည့္ ရက္အနည္းငယ္ကတည္းကစတင္၍ ယေန႔အထိ စီစဥ္ညွိႏႈိင္းေဆာင္ရြက္ခဲ့ၾကသည္။

ျမန္မာေက်ာင္းသားမ်ားကို မႏၲေလးၿမိဳ ့ရွိ ကန္ေတာ္နဒီေဆး႐ုံသို့ပို႕ေဆာင္နိုင္ရန္ မႏၲေလးေလဆိပ္သို့ ေမာင္းႏွင္မည္ျဖစ္သည္။

Unicode

ဝူ ဟန်မှ မြန်မာကျောင်းသားကျောင်းသူ (၆၃) ဦးတို့သည် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အတွက် ဝူဟန်မြို့ Tianhe လေဆိပ်သို့ရောက်ရှိနေကြပြီဖြစ်ပြီး ယခုအခါ လေယာဉ်ပေါ်တက်ခွင့်(Boarding Pass) များ ထုတ်ယူနေကြပြီဖြစ်သည်။ ဒေသစံတော်ချိန် ည ၁၁ နာရီ ၂၅ မိနစ်တွင် လေယာဉ်ထွက်ခွာမည်ဖြစ်ပြီး ခန့်မှန်းချိန် မြန်မာစံတော်ချိန် ဖေဖေါ်ဝါရီ ၂ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးလေဆိပ်သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

“ဟုတ် ကဲ့ရှင့်။ အားလုံအဆင်ပြေပါတယ်ရှင့်” ဟု ဝူဟန်ရောက် မြန်မာကျောင်းသားများထဲမှ မခင်သီရိသန့်ဇင် ကပြောပါသည်။

ကျောင်းသားများအား မြန်မာအမျိုးသားလေကြောင်းလိုင်းမှ MNA B737-800 ကို လေယာဉ်မှူးကြီး Capt Khup Khan Maung ဦးဆောင်သည့် လေယာဉ်အဖွဲ့သားများက သွားရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ဝူဟန်မြို့ရှိ မြန်မာကျောင်းသူကျောင်းသားများအား မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ အဖွဲ့သားများနှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများတို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းကစတင်၍ ယနေ့အထိ စီစဉ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

မြန်မာကျောင်းသားများကို မန္တလေးမြို ့ရှိ ကန်တော်နဒီဆေးရုံသို့ပို့ဆောင်နိုင်ရန် မန္တလေးလေဆိပ်သို့ မောင်းနှင်မည်ဖြစ်သည်။