Kyaw Win Tun
Unicode
အလှူ မှာ ညတရားပွဲ ဓါတ်ပုံရိုက်ရင်း မဏ္ဍပ်ရှေ့ထွက်ထိုင်နေမိချိန်လေး ….
ကလေးလေးတွေ ဘုန်းကြီးကားနားမှာ တွေလို့ ကျွန်တော့်က ကားကိုဆော့နေကြတယ်အထင်နဲ့ သတိပေးဖို့အနားသွားမှပဲ ဆော့နေကြတာမဟုတ်ဘူးဗျ….
ဘုန်းကြီးကားကို သူတို့အကျီင်္ လေးနဲ့ ဖုန်တွေသုတ်ပေးနေတာပဲ။
ခု အချိန်မှာ လူကြီးတွေဘယ်လိုစိတ်ဓါတ်တွေပဲရှိနေကြပါစေ …..
နောင်တစ်ချိန်လူကြီးဖြစ်လာကြမဲ့ ကျွန်တော့်တို့ရွာက ကလေးလေးတွေရဲ့ ခုလိုစိတ်ဓါတ်လေးတွေတွေ့ရပြန်တော့လဲ ကြည်နှူးမိရပြန်ပါတယ်။
ကလေးလေးတွေရဲ့ စိတ်ထားလေးတွေ ခုလိုလေးဖြစ်ပေါ်လာရတာကလဲ ကျွန်တော်တို့ရွာလေးမှာရှိတဲ့ဓမ္မစကူးလ်သင်တန်းလေးရဲ့ အကျိုးကျေးဇူးတွေအများကြီးပါနိုင်ပါလားလို့စဉ်းစားမိရင်း………။
Kyaw Win Tun