တ ရုတ္ႏုိင္ငံမွာေတာ့ ၀ူဟန္ လုိ႔ နာမည္ၾကားလုိက္တာနဲ႔ အကုန္လုံး ထိတ္လန္္႔ေနၾကပုံပါ။ ကုိရုိနာဗုိင္းရပ္စ္ကုိ မတားဆီးႏုိင္ေသးတဲ့ ၀ူဟန္မွာ ေရာဂါျဖစ္ပြားမႈႏႈန္းက တစ္စထက္တစ္စ ျမင့္တက္ေနၿပီး တရုတ္ႏုိင္ငံရဲ႕ အျခားၿမိဳ႕ႀကီးေတြမွာ ေနသူေတြပါ သတိထားၿပီး ေန ေနၾကရတဲ့ အေျခအေနပါ။

တြစ္တာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယုိဖုိင္တစ္ခုထဲမွာေတာ့ တကၠစီေမာင္းသူ တစ္ေယာက္ဟာ ၀ူဟန္က ျပန္လာတယ္ ဆုိတဲ့ ခရီးသည္တစ္ေယာက္ကုိ ကားေပၚကေန အတင္းဆင္းခုိင္းခဲ့တာကုိ ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီ ဗီဒီယုိဖုိင္က တရုတ္ႏုိင္ငံမွာ ျဖစ္ခဲ့တယ္ဆုိတာက လြဲၿပီး ေနရာ ေဒသ အတိအက် မပါ၀င္ပါဘူး။

ဗီဒီယုိဖုိင္ထဲမွာေတာ့ ခရီးသည္တစ္ဦးကုိ တင္ေဆာင္လာတဲ့ အငွားယာဥ္ဟာ လမ္းမွာ ေနာက္ထပ္ ခရီးသည္တစ္ေယာက္ကုိ တင္ဖုိ႔အတြက္ ကားရပ္ခဲ့တာပါ။

ယာဥ္ေမာင္းက ခရီးသည္ကုိ ဘယ္ကုိ ပုိ႔ေပးရမလဲ ေမးတဲ့အခ်ိန္မွာ ခရီးသည္က ရန္မင္း ေဆးရုံကုိ သြားမယ္လုိ႔ ေျဖခဲ့တာျဖစ္ၿပီး ကားေမာင္းသူက ကားေပၚတက္ေစခဲ့တာပါ။

ကားေပၚေရာက္တဲ့အခ်ိန္မွာေတာ့ ခရီးသည္က ေခ်ာင္းဆုိးခဲ့လုိ႔ ကားဒရုိင္ဘာလည္း ဘာလုိ႔ ေခ်ာင္းဆုိးေနတာလဲ လုိ႔ ခရီးသည္ကုိ ေမးခဲ့ပါတယ္။ အဲဒီေနာက္ ခရီးသည္ကုိ ဘယ္ကေန လာသလဲ လုိ႔ေမးခဲ့တယ္။

ခရီးသည္က သူဟာ ေပါင္တင္းျပည္နယ္ကေန လာသူျဖစ္ေၾကာင္း ေျပာဆုိခဲ့ေပမယ့္ ကားေမာင္းသူကေတာ့ သူ႕ရဲ႕ေလသံဟာ အဲဒီျပည္နယ္က ေလသံမဟုတ္ေၾကာင္း ျပန္လည္ျငင္းဆုိခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ကားေမာင္းသူက ခရီးသည္ကုိ ၀ူဟန္ ကေန လာတာလား လုိ႔ ေမးလုိက္တာပါ။

ခရီးသည္က အစပုိင္းမွာ ၿငိမ္ေနခဲ့ေပမယ့္ ကားေမာင္းသူ ထပ္ေမးခ်ိန္မွာေတာ့ သူဟာ ၀ူဟန္ကေန ျပန္လာခဲ့သူ ျဖစ္ေၾကာင္းနဲ႔ အခု ေဆးရုံကုိသြားၿပီး ေဆးစစ္ခံမလုိ႔ ျဖစ္ေၾကာင္း ေျပာလုိက္ခ်ိန္မွာေတာ့ ကားေမာင္းသူလည္း ထိတ္လန္႔သြားခဲ့ၿပီး ခရီးသည္္ကုိ ကားေပၚကေန အတင္းဆင္းခုိင္းခဲ့တာပါ။ ခရီးသည္သာ မဆင္းပဲ ေပကပ္ေနရင္ သူက တြန္းခ်မယ့္ပုံစံပါပဲ။

ဒါေပမယ့္ ခရီးသည္က ခ်က္ခ်င္းပဲ ကားေပၚက ဆင္းသြားခဲ့ၿပီး ကားေမာင္းသူလည္း ဒီခရီးသည္ရဲ႕အေၾကာင္းကုိ တာ၀န္ရွိတဲ့သူေတြဆီ သတင္းပုိ႔ခဲ့ပါတယ္။

တြစ္တာသုံးစြဲသူေတြကေတာ့ ထုံးစံအတုိင္း ႏွစ္ဖက္အျမင္နဲ႔ ျငင္းေနၾကတာပါ။ တခ်ိဳ႕ကလည္း ဒီ ကားသမားရဲ႕ လုပ္ရပ္ဟာ မွန္ကန္တယ္လုိ႔ ေထာက္ခံေနၾကၿပီး တခ်ိဳ႕ကလည္း ကားသမားဟာ အသည္းႏွလုံးမရွိပဲ၊ တစ္ဖက္သားကုိ ကူညီခ်င္္စိတ္မရွိတဲ့သူ လုိ႔ မွတ္ခ်က္ေပးေနၾကပါတယ္။

Linn

Unicode

တ ရုတ်နိုင်ငံမှာတော့ ဝူဟန် လို့ နာမည်ကြားလိုက်တာနဲ့ အကုန်လုံး ထိတ်လန့််နေကြပုံပါ။ ကိုရိုနာဗိုင်းရပ်စ်ကို မတားဆီးနိုင်သေးတဲ့ ဝူဟန်မှာ ရောဂါဖြစ်ပွားမှုနှုန်းက တစ်စထက်တစ်စ မြင့်တက်နေပြီး တရုတ်နိုင်ငံရဲ့ အခြားမြို့ကြီးတွေမှာ နေသူတွေပါ သတိထားပြီး နေ နေကြရတဲ့ အခြေအနေပါ။

တွစ်တာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ တက္ကစီမောင်းသူ တစ်ယောက်ဟာ ဝူဟန်က ပြန်လာတယ် ဆိုတဲ့ ခရီးသည်တစ်ယောက်ကို ကားပေါ်ကနေ အတင်းဆင်းခိုင်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီ ဗီဒီယိုဖိုင်က တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တယ်ဆိုတာက လွဲပြီး နေရာ ဒေသ အတိအကျ မပါဝင်ပါဘူး။

ဗီဒီယိုဖိုင်ထဲမှာတော့ ခရီးသည်တစ်ဦးကို တင်ဆောင်လာတဲ့ အငှားယာဉ်ဟာ လမ်းမှာ နောက်ထပ် ခရီးသည်တစ်ယောက်ကို တင်ဖို့အတွက် ကားရပ်ခဲ့တာပါ။

ယာဉ်မောင်းက ခရီးသည်ကို ဘယ်ကို ပို့ပေးရမလဲ မေးတဲ့အချိန်မှာ ခရီးသည်က ရန်မင်း ဆေးရုံကို သွားမယ်လို့ ဖြေခဲ့တာဖြစ်ပြီး ကားမောင်းသူက ကားပေါ်တက်စေခဲ့တာပါ။

ကားပေါ်ရောက်တဲ့အချိန်မှာတော့ ခရီးသည်က ချောင်းဆိုးခဲ့လို့ ကားဒရိုင်ဘာလည်း ဘာလို့ ချောင်းဆိုးနေတာလဲ လို့ ခရီးသည်ကို မေးခဲ့ပါတယ်။ အဲဒီနောက် ခရီးသည်ကို ဘယ်ကနေ လာသလဲ လို့မေးခဲ့တယ်။

ခရီးသည်က သူဟာ ပေါင်တင်းပြည်နယ်ကနေ လာသူဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် ကားမောင်းသူကတော့ သူ့ရဲ့လေသံဟာ အဲဒီပြည်နယ်က လေသံမဟုတ်ကြောင်း ပြန်လည်ငြင်းဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကားမောင်းသူက ခရီးသည်ကို ဝူဟန် ကနေ လာတာလား လို့ မေးလိုက်တာပါ။

ခရီးသည်က အစပိုင်းမှာ ငြိမ်နေခဲ့ပေမယ့် ကားမောင်းသူ ထပ်မေးချိန်မှာတော့ သူဟာ ဝူဟန်ကနေ ပြန်လာခဲ့သူ ဖြစ်ကြောင်းနဲ့ အခု ဆေးရုံကိုသွားပြီး ဆေးစစ်ခံမလို့ ဖြစ်ကြောင်း ပြောလိုက်ချိန်မှာတော့ ကားမောင်းသူလည်း ထိတ်လန့်သွားခဲ့ပြီး ခရီးသည််ကို ကားပေါ်ကနေ အတင်းဆင်းခိုင်းခဲ့တာပါ။ ခရီးသည်သာ မဆင်းပဲ ပေကပ်နေရင် သူက တွန်းချမယ့်ပုံစံပါပဲ။

ဒါပေမယ့် ခရီးသည်က ချက်ချင်းပဲ ကားပေါ်က ဆင်းသွားခဲ့ပြီး ကားမောင်းသူလည်း ဒီခရီးသည်ရဲ့အကြောင်းကို တာဝန်ရှိတဲ့သူတွေဆီ သတင်းပို့ခဲ့ပါတယ်။

တွစ်တာသုံးစွဲသူတွေကတော့ ထုံးစံအတိုင်း နှစ်ဖက်အမြင်နဲ့ ငြင်းနေကြတာပါ။ တချို့ကလည်း ဒီ ကားသမားရဲ့ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ ထောက်ခံနေကြပြီး တချို့ကလည်း ကားသမားဟာ အသည်းနှလုံးမရှိပဲ၊ တစ်ဖက်သားကို ကူညီချင််စိတ်မရှိတဲ့သူ လို့ မှတ်ချက်ပေးနေကြပါတယ်။

Linn