





Unicode

တ ရုတ်ပြည်အလယ်ပိုင်း မှာရှိတဲ့ ဝူဟန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရပြီးကတည်းက ကြောက်မက်ဖွယ်ကပ်ဘေးနဲ့ ရင်ဆိုင်နေရတာပါ။ ဝူဟန်မြို့ကိုမြို့ပိတ်ထားတာ အခုဆိုရင် တစ်ပတ်လောက်ရှိနေပြီဖြစ်ပြီး မြို့သူမြို့သားတွေဟာ စားရေရိက္ခာတွေ ပြတ်တောက်နေပြီလို့ သိရပါတယ်။ မြို့ထဲမှာလည်း ဆေးရုံတွေကို အမြန်ဆောက်လုပ်နေတဲ့အပြင် တရုတ်နိုင်ငံ တစ်နိုင်ငံလုံးက ဆရာဝန်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

တွေ့ရမ ယ့် ဓာတ်ပုံတွေကတော့ Boredpanda ကတဆင့် တွေ့ရတဲ့ပုံတွေပါ။ ဓာတ်ပုံတွေထဲမှာတော့ ဝူဟန်က ဆေးရုံတွေမှာ အလုပ်လုပ်နေကြတဲ့ ဆေးရုံဝန်ထမ်းတွေ ဖြစ်ပါတယ်။ ဆေးရုံဝန်ထမ်းအမျိုးသမီးတွေဟာဆိုရင် ရောဂါကာကွယ်နိုင်တဲ့ ခေါင်းစွပ်တွေကို လုံလုံခြုံခြုံဝတ်ဆင်နိုင်ဖို့အတွက် ဆံပင်တွေကို ဖြတ်ပစ်နေကြတာ ဖြစ်ပါတယ်။

ဆေးရုံဝန်ထမ်းအမျိုးသမီးတွေဟာ တစ်ယောက်တစ်လှည့်စီ ဆံပင်ညှပ်ပေးနေခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်တွေဟာ သာမန်အအေးမိတုပ်ကွေးရောဂါမျိုးနွယ်ဝင် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။

ဒါပေမယ့် ဗိုင်းရပ်စ်က ပြင်းလွန်းပြီး အကြီးအကျယ်နေမကောင်းဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ဝင်တဲ့အခါ အဖျားရှိလာမယ့်အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးတာ၊

အသက်ရှူရခက်တာတွေလည်း ဖြစ်လာပါတယ်။ ရောဂါက နမိုးနီးယားနဲ့ သဏ္ဍာန်တူပြီး ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေမှာ ကူးစက်ခံရင် အလွန်အန္တရာယ်ကြီးပါတယ်။

အောက်မှာတော့ လေထုထဲက ဗိုင်းရပ်စ်ပိုးအမှုန်အမွှားတွေကို မရှူရှိုက်မိအောင် ဗိုင်းရပ်စ်ကာ ခေါင်းစွပ်တပ်ဖို့ ကြိုးစားနေတဲ့ ဆေးဝန်ထမ်းလေးတွေကို တွေ့ရမှာပါ