အေျခခံ ပညာစာေမးပြဲ ကာလျပင္ဆင္ျခင္းကို ကန႔္ကြက္ ေၾကာင္း ရန္ကင္းပညာေရးေကာ လိပ္ေက်ာင္းသားမ်ားသမဂၢက ဦးေဆာင္ၿပီး ရန္ကင္းပညာေရး ေကာလိပ္ေက်ာင္းသားေက်ာင္း သူ ၄၀၀ ခန႔္က ရန္ကုန္ၿမိဳ႕၌ ယမန္ေန႔တြင္ ကန႔္ကြက္ဆႏၵျပခဲ့ သည္။

အေျခခံပညာစာသင္ကာလ တိုးျမႇင့္ျခင္းကို ျပန္လည္ဖ်က္ သိမ္းေရး၊ အာဏာရွင္ဆန္ေသာ ပညာေရးေျပာင္းလဲမႈအလိုမရွိ၊ သုေတသနကိုအေျခမခံေသာ ပညာေရးျပဳျပင္ေျပာင္းလဲေရး အ လိုမရွိ၊ ဒီမိုကေရစီႏွင့္အညီ ေကာင္းမြန္ေသာပညာေရးစနစ္ ေဖာ္ေဆာင္ေရး၊ ေအာက္ေျခ၏ အသံနားမေထာင္ေသာ ပညာ ေရးအႀကီးအကဲမ်ား အလိုမရွိ စသည္တို႔ကို ေႂကြးေၾကာ္ကာ ဆႏၵေဖာ္ထုတ္ခဲ့သည္။

ရန္ကင္းပညာေရးေကာ လိပ္၊ ကန္ဘဲ့လမ္း၊ ရန္ကင္း လမ္း၊ စက္မႈ(၁)လမ္း၊ ကမၻာေအး ဘုရားလမ္းမွတစ္ဆင့္ ရန္ကင္း ပညာေရးမႉး႐ုံးအထိ လမ္း ေလၽွာက္ဆႏၵေဖာ္ထုတ္ခဲ့သည္။

‘‘အစိုးရစစ္စာေမးပြဲေတြကို ပထမပတ္မွာ စစ္တယ္။ ေနာက္ အပတ္ေတြမွာမွ ေက်ာင္းစစ္ေတြ ကို စစ္တဲ့အခါ အေျခခံပညာမွာ အခက္အခဲေတြအမ်ားႀကီးရွိေန ပါတယ္။ အျမန္ဆုံးေျဖရွင္းေပး ေစခ်င္ပါတယ္’’ ဟု ရန္ကင္း ပညာေရးေကာလိပ္ေက်ာင္းသား မ်ားသမဂၢဥကၠ႒ကိုမင္းသူခန႔္က ေျပာသည္။

ၿပီးခဲ့သည့္ ပညာသင္ႏွစ္အ ထိ အေျခခံပညာေက်ာင္းမ်ား၌ ႏွစ္ဆုံးစာေမးပြဲကို တကၠသိုလ္ဝင္ စာေမးပြဲမတိုင္မီ ေဖေဖာ္ဝါရီ ေနာက္ဆုံးပတ္တြင္ က်င္းပခဲ့ သည္။ ယခုႏွစ္ကစတင္ကာ အ ေျခခံပညာေက်ာင္းမ်ားကို မတ္ လအထိ တိုးဖြင့္ကာ ႏွစ္ဆုံးစာေမး ပြဲကို တကၠသိုလ္ဝင္ခြင့္စာေမးပြဲ အၿပီး မတ္လေနာက္ဆုံးပတ္တြင္ က်င္းပမည္ဟု ပညာေရးဝန္ႀကီး ဌာနက ေၾကညာထားသည္။

မတ္လကုန္အထိ စာသင္ ကာလသတ္မွတ္ျခင္းကို ကန႔္ ကြက္ေၾကာင္း ဖဲႀကိဳးစိမ္းလႈပ္ရွား မႈကို ပညာေရးတကၠသိုလ္၊ ေကာ လိပ္ႏွင့္ အေျခခံပညာေက်ာင္း မ်ားတြင္ ဇန္နဝါရီ ၇ ရက္က စတင္ျပဳလုပ္ေနၿပီး ျပည္သူလူထု ထံမွ စာသင္ကာလတိုးျမႇင့္ျခင္းႏွင့္ ပတ္သက္သည့္ စစ္တမ္းေကာက္ ယူမႈမ်ား ျပဳလုပ္ေနသည္။

ပညာေရးေကာလိပ္ေက်ာင္း သားသမဂၢမ်ား ဦးေဆာင္ကာ ၿမိဳ႕ ႀကီးအခ်ိဳ႕တြင္ ဆႏၵေဖာ္ထုတ္မႈ မ်ား ဆက္တိုက္ျပဳလုပ္ေနၿပီး ယမန္ေန႔က ထားဝယ္ပညာ ေရးေကာလိပ္ေက်ာင္းသားမ်ား သမဂၢက ဦးေဆာင္ကာ ေက်ာင္း သားေက်ာင္းသူမ်ားႏွင့္ အေျခခံ ပညာဆရာဆရာမ စုစုေပါင္း ၂၅၀ ခန႔္က ထားဝယ္ၿမိဳ႕အတြင္း ဆႏၵေဖာ္ထုတ္ခဲ့သည္။

7Day

Unicode

အခြေခံ ပညာစာမေးပွဲ ကာလပြင်ဆင်ခြင်းကို ကန့်ကွက် ကြောင်း ရန်ကင်းပညာရေးကော လိပ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ရန်ကင်းပညာရေး ကောလိပ်ကျောင်းသားကျောင်း သူ ၄၀၀ ခန့်က ရန်ကုန်မြို့၌ ယမန်နေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ သည်။

အခြေခံပညာစာသင်ကာလ တိုးမြှင့်ခြင်းကို ပြန်လည်ဖျက် သိမ်းရေး၊ အာဏာရှင်ဆန်သော ပညာရေးပြောင်းလဲမှုအလိုမရှိ၊ သုတေသနကိုအခြေမခံသော ပညာရေးပြုပြင်ပြောင်းလဲရေး အ လိုမရှိ၊ ဒီမိုကရေစီနှင့်အညီ ကောင်းမွန်သောပညာရေးစနစ် ဖော်ဆောင်ရေး၊ အောက်ခြေ၏ အသံနားမထောင်သော ပညာ ရေးအကြီးအကဲများ အလိုမရှိ စသည်တို့ကို ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

ရန်ကင်းပညာရေးကော လိပ်၊ ကန်ဘဲ့လမ်း၊ ရန်ကင်း လမ်း၊ စက်မှု(၁)လမ်း၊ ကမ္ဘာအေး ဘုရားလမ်းမှတစ်ဆင့် ရန်ကင်း ပညာရေးမှူးရုံးအထိ လမ်း လျှောက်ဆန္ဒဖော်ထုတ်ခဲ့သည်။

‘‘အစိုးရစစ်စာမေးပွဲတွေကို ပထမပတ်မှာ စစ်တယ်။ နောက် အပတ်တွေမှာမှ ကျောင်းစစ်တွေ ကို စစ်တဲ့အခါ အခြေခံပညာမှာ အခက်အခဲတွေအများကြီးရှိနေ ပါတယ်။ အမြန်ဆုံးဖြေရှင်းပေး စေချင်ပါတယ်’’ ဟု ရန်ကင်း ပညာရေးကောလိပ်ကျောင်းသား များသမဂ္ဂဥက္ကဋ္ဌကိုမင်းသူခန့်က ပြောသည်။

ပြီးခဲ့သည့် ပညာသင်နှစ်အ ထိ အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲကို တက္ကသိုလ်ဝင် စာမေးပွဲမတိုင်မီ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ကျင်းပခဲ့ သည်။ ယခုနှစ်ကစတင်ကာ အ ခြေခံပညာကျောင်းများကို မတ် လအထိ တိုးဖွင့်ကာ နှစ်ဆုံးစာမေး ပွဲကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အပြီး မတ်လနောက်ဆုံးပတ်တွင် ကျင်းပမည်ဟု ပညာရေးဝန်ကြီး ဌာနက ကြေညာထားသည်။

မတ်လကုန်အထိ စာသင် ကာလသတ်မှတ်ခြင်းကို ကန့် ကွက်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှား မှုကို ပညာရေးတက္ကသိုလ်၊ ကော လိပ်နှင့် အခြေခံပညာကျောင်း များတွင် ဇန်နဝါရီ ၇ ရက်က စတင်ပြုလုပ်နေပြီး ပြည်သူလူထု ထံမှ စာသင်ကာလတိုးမြှင့်ခြင်းနှင့် ပတ်သက်သည့် စစ်တမ်းကောက် ယူမှုများ ပြုလုပ်နေသည်။

ပညာရေးကောလိပ်ကျောင်း သားသမဂ္ဂများ ဦးဆောင်ကာ မြို့ ကြီးအချို့တွင် ဆန္ဒဖော်ထုတ်မှု များ ဆက်တိုက်ပြုလုပ်နေပြီး ယမန်နေ့က ထားဝယ်ပညာ ရေးကောလိပ်ကျောင်းသားများ သမဂ္ဂက ဦးဆောင်ကာ ကျောင်း သားကျောင်းသူများနှင့် အခြေခံ ပညာဆရာဆရာမ စုစုပေါင်း ၂၅၀ ခန့်က ထားဝယ်မြို့အတွင်း ဆန္ဒဖော်ထုတ်ခဲ့သည်။

7Day