လြင္မိုး ကေတာ့ တစ္ေခတ္တစ္ခါကေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ မင္းသားတစ္လက္အေနနဲ႔ရပ္တည္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြကိုရပ္နားကာ စီးပြားေရးကိုသာေဇာက္ခ်လုပ္ကိုင္ေနတာျဖစ္ပါတယ္။အားလပ္တဲ့အခ်ိန္ေတြမွာလည္း သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ အျမင္မေတာ္တာေလးေတြကို ေရးသားေလ့ရွိၿပီး လြန္ခဲ့တဲ့ရက္ပိုင္းကမွ အခုလက္ရွိျဖစ္ပြားေနတဲ့ ဝူဟန္ဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီးေတာ့လည္း သက္ဆိုင္ရာအဖြဲ႕အစည္းကေနၿပီးေတာ့ တစ္ေန႔ႏွစ္ႀကိမ္သတင္းထုတ္ျပန္ဖို႔ စာေရးသားကာတင္ခဲ့ပါေသးတယ္။

ဒီေန႔မနက္မွာေတာ့ သူသိရွိထားတဲ့ ဝူဟန္ဗိုင္းရပ္စ္ရဲ႕ေနာက္ဆုံးရသတင္းေလးကို မွ်ေဝေပးခဲ့တာပါ။ “Updated (၁၁၉၂၁)ေရာဂါျဖစ္ၿပီး (၂၅၉)ေသဆုံးကာ (၂၇)ႏိုင္ငံေရာဂါကူးစက္ေနပါၿပီ.. တစ္ညထဲ ေရာဂါကူးစက္ခံရသူ (၂၀၀၀)ခန႔္ရွိေနၿပီး ေသဆုံးသူ(၂၀)ေလာက္ရွိေနပါတယ္” လို႔ဒီေန႔ေနာက္ဆုံးရသတင္းေလးကို တင္ေပးလိုက္တာပါ။ဒါ့အျပင္ လက္ရွိအခ်ိန္မွာေတာ့ ဝူဟန္ဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ျပည္သူလူထုတစ္ခုလုံးကစိုးရိမ္ေနၾကတဲ့အျပင္ သတင္းအမွားေတြလည္း မ်ားစြာျဖန႔္ေနၾကတာေၾကာင့္ ဘယ္သတင္းအရင္းအျမစ္ကိုယုံရမလဲမသိၾကတဲ့ျပည္သူေတြအတြက္ ၾကည့္လို႔ရမယ့္ေနရာေလးတစ္ခုကို ၫႊန္းေပးခဲ့ပါေသးတယ္။

အဲ့ဒါကေတာ့ https://thewuhanvirus.com/ ျဖစ္ၿပီး အဲ့ဒီ website ေလးမွာေတာ့ ဝူဟန္ဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ real time wuhan virus status ကိုအခ်ိန္နဲ႔တစ္ေျပးညီတင္ေပးေနတာျဖစ္လို႔ သတင္းအမွန္သိခ်င္တဲ့ပရိသတ္ႀကီးအတြက္ လြင္မိုးကေတာ့ မွ်ေဝေပးလိုက္တာပဲျဖစ္ပါတယ္။

Source – Lwin Moe
Credit – Cele Gabar

UNICODE

လွင်မိုးကတော့ တစ်ခေတ်တစ်ခါကအောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားတစ်လက်အနေနဲ့ရပ်တည်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေကိုရပ်နားကာ စီးပွားရေးကိုသာဇောက်ချလုပ်ကိုင်နေတာဖြစ်ပါတယ်။အားလပ်တဲ့အချိန်တွေမှာလည်း သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ အမြင်မတော်တာလေးတွေကို ရေးသားလေ့ရှိပြီး လွန်ခဲ့တဲ့ရက်ပိုင်းကမှ အခုလက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာအဖွဲ့အစည်းကနေပြီးတော့ တစ်နေ့နှစ်ကြိမ်သတင်းထုတ်ပြန်ဖို့ စာရေးသားကာတင်ခဲ့ပါသေးတယ်။

ဒီနေ့မနက်မှာတော့ သူသိရှိထားတဲ့ ဝူဟန်ဗိုင်းရပ်စ်ရဲ့နောက်ဆုံးရသတင်းလေးကို မျှဝေပေးခဲ့တာပါ။ “Updated (၁၁၉၂၁)ရောဂါဖြစ်ပြီး (၂၅၉)သေဆုံးကာ (၂၇)နိုင်ငံရောဂါကူးစက်နေပါပြီ.. တစ်ညထဲ ရောဂါကူးစက်ခံရသူ (၂၀၀၀)ခန့်ရှိနေပြီး သေဆုံးသူ(၂၀)လောက်ရှိနေပါတယ်” လို့ဒီနေ့နောက်ဆုံးရသတင်းလေးကို တင်ပေးလိုက်တာပါ။ဒါ့အပြင် လက်ရှိအချိန်မှာတော့ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြည်သူလူထုတစ်ခုလုံးကစိုးရိမ်နေကြတဲ့အပြင် သတင်းအမှားတွေလည်း များစွာဖြန့်နေကြတာကြောင့် ဘယ်သတင်းအရင်းအမြစ်ကိုယုံရမလဲမသိကြတဲ့ပြည်သူတွေအတွက် ကြည့်လို့ရမယ့်နေရာလေးတစ်ခုကို ညွှန်းပေးခဲ့ပါသေးတယ်။

အဲ့ဒါကတော့ https://thewuhanvirus.com/ ဖြစ်ပြီး အဲ့ဒီ website လေးမှာတော့ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ real time wuhan virus status ကိုအချိန်နဲ့တစ်ပြေးညီတင်ပေးနေတာဖြစ်လို့ သတင်းအမှန်သိချင်တဲ့ပရိသတ်ကြီးအတွက် လွင်မိုးကတော့ မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။

Source – Lwin Moe
Credit – Cele Gabar