ကို ႐ိုနာ ဗိုင္းရပ္စ္ ဆိုး႐ြားစြာကူးစက္ျဖစ္ပြားၿပီး ေသဆုံးေနသည့္ တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕သို႔ ပညာေတာ္သင္မ်ားအျဖစ္ ေရာက္ရွိေနသည့္ ျမန္မာေက်ာင္းသူ/သား ၆၃ ဦးကို ယေန႔ (ေဖေဖာ္ဝါရီ၁ရက္)ညေနတြင္ သြားေရာက္ေခၚယူေတာ့မည္ျဖစ္သည္။ဝူဟန္တြင္ပညာသင္ၾကားေနသည့္ ျမန္မာေက်ာင္းသားမ်ားအား ျမန္မာအစိုးရက ျပန္ေခၚရန္အစီစဥ္မ်ားျပဳလုပ္ခဲ့ရာတြင္ ယေန႔ညေန၌ MMA ေလေၾကာင္းလိုင္းမွ ဘိုးရင္းေလယာဥ္ျဖင့္ သြားေရာက္ေခၚယူရန္ေသခ်ာသြားခဲ့ျခင္းျဖစ္သည္။ျမန္မာေက်ာင္းသား ၆၃ ဦးကို ၎တို႔ေနထိုင္ရာေနရာမ်ားမွ ဝူဟန္ၿမိဳ႕ ေလဆိပ္သို႔ တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွ စုစည္းပို႔ေဆာင္ေပးထားမည္ျဖစ္ၿပီး ျမန္မာအမ်ိဳးသားMMAေလေၾကာင္းလိုင္းမွ ေလယာဥ္ သည္ ဝူဟန္ၿမိဳ႕ ေလဆိပ္သို႔ဆိုက္ေရာက္သည္ႏွင့္ တၿပိဳင္နက္ ေက်ာင္းသားမ်ားကို တင္ေဆာင္ကာ ျမန္ မာႏိုင္ငံသိုျပန္လည္ထြက္ခြာလာရန္ စီစဥ္ထားျခင္းျဖစ္သည္။

ယေန႔ညေန ၆နာရီအခ်ိန္တြင္ ရန္ကုန္ေလဆိပ္မွ ထြက္ခြာမည္ျဖစ္ၿပီး ယေန႔မြန္းလြဲ၁နာရီကလည္း သြားေရာက္ေခၚယူမည့္အဖြဲ႕ကို က်န္းမာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားက ေဆးဘက္ဆိုင္ရာၫႊန္ၾကားခ်က္မ်ားလည္း ျပဳလုပ္ေပးခဲ့သည္။ဝူဟန္မွ ျမန္မာေက်ာင္းသားမ်ားကို သြားေရာက္ေခၚယူမည့္အဖြဲ႕တြင္ ေလယာဥ္မႈးႀကီး Capt Khup Khan Maungဦးေဆာင္သည့္ေလယာဥ္မႈးသုံးဦး၊ ေလယာဥ္ ေမာင္ ၄ ဦး၊ အင္ဂ်င္နီယာ ၂ဦး၊ ေလေၾကာင္းလိုင္း အမႈထမ္းတစ္ဦးႏွင့္ က်န္းမာေရးဘက္မွ ဆရာဝန္ ၃ ဦးပါဝင္သည့္အဖြဲ႕ က သြားေရာက္ေခၚယူရန္ စီစဥ္ ထားျခင္းျဖစ္သည္။ယခုကဲ့သို႔သြားေရာက္ေခၚယူမည့္အဖြဲ႕တြင္ အဖြဲ႕ဝင္ အားလုံးမွာ volunteer မ်ားအျဖစ္သာ ပါဝင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္ဟုလည္း ေလယာဥ္မႈးႀကီး Capt Khup Khan Maung ကေျပာၾကားထားသည္။သြားေရာက္ေခၚယူမည့္ အဖြဲ႕ဝင္အားလုံးမွာ PPE (Personal Protective Equipment)ဝတ္စုံမ်ားကို ဝတ္ဆင္ထားမည္ျဖစ္သည္။

ဝူဟန္ေလဆိပ္သို႔ဆိုက္ေရာက္ၿပီးေနာက္ ျမန္မာေက်ာင္းသား ၆၃ ဦးႏွင့္အတူ ျမန္မာသံ႐ုံးမွ ဝန္ထမ္းတစ္ဦးလည္း ျပန္လည္ လိုက္ပါလာမည္ျဖစ္သည္။ျမန္မာေက်ာင္းသားမ်ားကို မႏၲေလးၿမိဳ႕ရွိ ကန္ေတာ္နဒီေဆး႐ုံသို႔ပို႔ေဆာင္ႏိုင္ရန္ မႏၲေလးေလဆိပ္သို႔ ေမာင္းႏွင္ၿပီးေနာက္ ရန္ကုန္သိုျပန္လည္ေမာင္းႏွင္လာမည္ဟု ေလယာဥ္မႈးႀကီး၏ေျပာၾကားထားမႈမ်ားအရလည္း သိရသည္။ရန္ကုန္သို႔ ျပန္လည္ ေမာင္းႏွင္လာၿပီးေနာက္ ေလယာဥ္ကိုပိုးသတ္သည့္လုပ္ငန္းစဥ္မ်ားကိုလည္း စနစ္ တက်လုပ္ေဆာင္သြားရန္ စီစဥ္ထားသည္ဟု ေလယာဥ္မႈးႀကီး၏ ေျပာၾကားမႈမ်ားအရသိရသည္။ဝူဟန္မွ ေက်ာင္းသားမ်ားကို ျပန္လည္ေခၚယူႏိုင္ေရးတြင္ အစိုးရပိုင္းအေနျဖင့္ ခက္ခဲစြာ ေဆာင္႐ြက္ခဲ့ရသည့္အပိုင္းမ်ားလည္းရွိသည္။ ထို႔အတူ ယခုကဲ့သို႔ ေက်ာင္းသားမ်ားကို ျပန္ေခၚေရးလုပ္ငန္းစဥ္တြင္ မိမိတို႔ကိုယ္တိုင္၏ ေစတနာအေလ်ာက္ ပါဝင္ေဆာင္႐ြက္ကူညီခဲ့ၾကသည့္ အဖြဲ႕ဝင္မ်ားအားလုံးကိုလည္း ပရဟိတစိတ္ေကာင္းရွိသည့္ volunteerသူရဲေကာင္း မ်ားအျဖစ္ လူမႈကြန္ယက္တြင္ ခ်ီးက်ဴးမႈမ်ားရွိေနၿပီး ေလယာဥ္အမႈထမ္းမ်ားႏွင့္ က်န္းမာေရးအဖြဲ႕မ်ား၏ ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္ကိုလည္း ဝိုင္းဝန္းဆုေတာင္းေပးမႈမ်ား ရွိေနသည္။

Credit ထြန္းထြန္းဝင္း(The Ladies News)

UNICODE

ကိုရိုနာဗိုင်းရပ်စ် ဆိုးရွားစွာကူးစက်ဖြစ်ပွားပြီး သေဆုံးနေသည့် တရုတ်နိုင်ငံဝူဟန်မြို့သို့ ပညာတော်သင်များအဖြစ် ရောက်ရှိနေသည့် မြန်မာကျောင်းသူ/သား ၆၃ ဦးကို ယနေ့ (ဖေဖော်ဝါရီ၁ရက်)ညနေတွင် သွားရောက်ခေါ်ယူတော့မည်ဖြစ်သည်။ဝူဟန်တွင်ပညာသင်ကြားနေသည့် မြန်မာကျောင်းသားများအား မြန်မာအစိုးရက ပြန်ခေါ်ရန်အစီစဉ်များပြုလုပ်ခဲ့ရာတွင် ယနေ့ညနေ၌ MMA လေကြောင်းလိုင်းမှ ဘိုးရင်းလေယာဉ်ဖြင့် သွားရောက်ခေါ်ယူရန်သေချာသွားခဲ့ခြင်းဖြစ်သည်။မြန်မာကျောင်းသား ၆၃ ဦးကို ၎င်းတို့နေထိုင်ရာနေရာများမှ ဝူဟန်မြို့ လေဆိပ်သို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ စုစည်းပို့ဆောင်ပေးထားမည်ဖြစ်ပြီး မြန်မာအမျိုးသားMMAလေကြောင်းလိုင်းမှ လေယာဉ် သည် ဝူဟန်မြို့ လေဆိပ်သို့ဆိုက်ရောက်သည်နှင့် တပြိုင်နက် ကျောင်းသားများကို တင်ဆောင်ကာ မြန် မာနိုင်ငံသိုပြန်လည်ထွက်ခွာလာရန် စီစဉ်ထားခြင်းဖြစ်သည်။

ယနေ့ညနေ ၆နာရီအချိန်တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာမည်ဖြစ်ပြီး ယနေ့မွန်းလွဲ၁နာရီကလည်း သွားရောက်ခေါ်ယူမည့်အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆေးဘက်ဆိုင်ရာညွှန်ကြားချက်များလည်း ပြုလုပ်ပေးခဲ့သည်။ဝူဟန်မှ မြန်မာကျောင်းသားများကို သွားရောက်ခေါ်ယူမည့်အဖွဲ့တွင် လေယာဉ်မှုးကြီး Capt Khup Khan Maungဦးဆောင်သည့်လေယာဉ်မှုးသုံးဦး၊ လေယာဉ် မောင် ၄ ဦး၊ အင်ဂျင်နီယာ ၂ဦး၊ လေကြောင်းလိုင်း အမှုထမ်းတစ်ဦးနှင့် ကျန်းမာရေးဘက်မှ ဆရာဝန် ၃ ဦးပါဝင်သည့်အဖွဲ့ က သွားရောက်ခေါ်ယူရန် စီစဉ် ထားခြင်းဖြစ်သည်။ယခုကဲ့သို့သွားရောက်ခေါ်ယူမည့်အဖွဲ့တွင် အဖွဲ့ဝင် အားလုံးမှာ volunteer များအဖြစ်သာ ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း လေယာဉ်မှုးကြီး Capt Khup Khan Maung ကပြောကြားထားသည်။သွားရောက်ခေါ်ယူမည့် အဖွဲ့ဝင်အားလုံးမှာ PPE (Personal Protective Equipment)ဝတ်စုံများကို ဝတ်ဆင်ထားမည်ဖြစ်သည်။

ဝူဟန်လေဆိပ်သို့ဆိုက်ရောက်ပြီးနောက် မြန်မာကျောင်းသား ၆၃ ဦးနှင့်အတူ မြန်မာသံရုံးမှ ဝန်ထမ်းတစ်ဦးလည်း ပြန်လည် လိုက်ပါလာမည်ဖြစ်သည်။မြန်မာကျောင်းသားများကို မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံသို့ပို့ဆောင်နိုင်ရန် မန္တလေးလေဆိပ်သို့ မောင်းနှင်ပြီးနောက် ရန်ကုန်သိုပြန်လည်မောင်းနှင်လာမည်ဟု လေယာဉ်မှုးကြီး၏ပြောကြားထားမှုများအရလည်း သိရသည်။ရန်ကုန်သို့ ပြန်လည် မောင်းနှင်လာပြီးနောက် လေယာဉ်ကိုပိုးသတ်သည့်လုပ်ငန်းစဉ်များကိုလည်း စနစ် တကျလုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု လေယာဉ်မှုးကြီး၏ ပြောကြားမှုများအရသိရသည်။ဝူဟန်မှ ကျောင်းသားများကို ပြန်လည်ခေါ်ယူနိုင်ရေးတွင် အစိုးရပိုင်းအနေဖြင့် ခက်ခဲစွာ ဆောင်ရွက်ခဲ့ရသည့်အပိုင်းများလည်းရှိသည်။ ထို့အတူ ယခုကဲ့သို့ ကျောင်းသားများကို ပြန်ခေါ်ရေးလုပ်ငန်းစဉ်တွင် မိမိတို့ကိုယ်တိုင်၏ စေတနာအလျောက် ပါဝင်ဆောင်ရွက်ကူညီခဲ့ကြသည့် အဖွဲ့ဝင်များအားလုံးကိုလည်း ပရဟိတစိတ်ကောင်းရှိသည့် volunteerသူရဲကောင်း များအဖြစ် လူမှုကွန်ယက်တွင် ချီးကျူးမှုများရှိနေပြီး လေယာဉ်အမှုထမ်းများနှင့် ကျန်းမာရေးအဖွဲ့များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ကိုလည်း ဝိုင်းဝန်းဆုတောင်းပေးမှုများ ရှိနေသည်။

Credit ထွန်းထွန်းဝင်း(The Ladies News)