၁၂ ႀကိမ္ေျမာက္ ေအာင္ဘာေလ သိန္းတစ္ေသာင္းခြဲဆုကို ဧရာဝတီတိုင္း၊ ပုသိမ္ခရိုင္၊ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ ဆင္ႏွစ္ေကာင္ေက်းရြာက ကိုေဇာ္မင္းထြန္းနဲ႔ ဆရာမ ေဒၚခိုင္ခိုင္ဝင္းတို႔ ဇနီးေမာင္ႏွံက ကံထူးခဲ့ပါတယ္။ သိန္းတစ္ေသာင္းခြဲဆု ဠ ၈၅၇၅၂၀ နံပါတ္နဲ႔ ကံထူးခဲ့တာျဖစ္ၿပီး ထီထိုးတိုင္း ၁ လုံးမွ မတူလို႔ ၈ လေလာက္ မထိုးဘဲေနခဲ့ၿပီး အိမ္လာေရာင္းတာနဲ႔ ထီ ၃ ေစာင္တြဲ ၃ တြဲကို ျပန္ထိုးခဲ့ခ်ိန္မွာ သိန္း ၁ ေသာင္းခြဲဆုကို ကံထူးခဲ့တာလို႔ ကိုေဇာ္မင္းထြန္းက ဒီဗြီဘီကို ေျပာပါတယ္။

“ထီက ထိုးတိုင္း တြက္ေတာင္မရဘူး၊ တလုံးမွကို မတူတာ၊ အဲ့ေတာ့ မထိုးျဖစ္ခဲ့တာ ၈ လ ေလာက္ေတာင္ၾကာသြားၿပီ၊ အိမ္လာေရာင္းတဲ့ ထီသည္ဆီကေန ထိုးလိုက္တာ ေပါက္တာပါ။ ထီေပါက္တဲ့ ေငြေတြကို ပရဟိတ လုပ္ငန္းေတြမွာ လႉသြားမယ္၊ လက္ရွိေဆာက္ေနတဲ့ ရြာက ဘုန္းႀကီးေက်ာင္းကိုလည္း ၿပီးေအာင္လႉေပးသြားမယ္၊ အေရးေပၚလူနာတင္ယာဥ္လည္း လႉေပးသြားမယ္၊ တျခားလိုအပ္တဲ့ေနရာေတြမွာလည္း လႉသြားမွာပါ” ဟု သိန္းတစ္ေသာင္းခြဲဆုရွင္ ကိုေဇာ္မင္းထြန္းက ေျပာပါတယ္။

“သူတို႔က လတိုင္း ထိုးပါတယ္၊ သူတို႔ထီေပါက္တာ က်ေနာ္လည္း ဝမ္းသာပါတယ္၊ ထီေပါက္တဲ့မိသားစုက ပညာေရးမိသားစုအသိုင္းအဝိုင္းက ဆိုေတာ့ ပိုေပ်ာ္မိပါတယ္” လို႔ ထီဆိုင္ပိုင္ရွင္ ဦးစိုးသန္းက ဒီဗြီဘီကိုေျပာပါတယ္။ သိန္းတစ္ေသာင္းခြဲဆုရွင္ ကိုေဇာ္မင္းထြန္းရဲ့ ဇနီးျဖစ္သူ မခိုင္ခိုင္ဝင္းဟာ မူလတန္းၿပ ဆရာမတဦးျဖစ္ၿပီး သားတေယာက္နဲ႔ သမီးတေယာက္ရွိကာ စုစုေပါင္း မိသားစုဝင္ ေလးေယာက္ရွိတယ္လို႔ သိရပါတယ္။

မင္းထက္မုန္း(ပုသိမ္) DVB TV New

Unicode

၁၂ ကြိမ်မြောက် အောင်ဘာလေ သိန်းတစ်သောင်းခွဲဆုကို ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဆင်နှစ်ကောင်ကျေးရွာက ကိုဇော်မင်းထွန်းနဲ့ ဆရာမ ဒေါ်ခိုင်ခိုင်ဝင်းတို့ ဇနီးမောင်နှံက ကံထူးခဲ့ပါတယ်။ သိန်းတစ်သောင်းခွဲဆု ဠ ၈၅၇၅၂၀ နံပါတ်နဲ့ ကံထူးခဲ့တာဖြစ်ပြီး ထီထိုးတိုင်း ၁ လုံးမှ မတူလို့ ၈ လလောက် မထိုးဘဲနေခဲ့ပြီး အိမ်လာရောင်းတာနဲ့ ထီ ၃ စောင်တွဲ ၃ တွဲကို ပြန်ထိုးခဲ့ချိန်မှာ သိန်း ၁ သောင်းခွဲဆုကို ကံထူးခဲ့တာလို့ ကိုဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ထီက ထိုးတိုင်း တွက်တောင်မရဘူး၊ တလုံးမှကို မတူတာ၊ အဲ့တော့ မထိုးဖြစ်ခဲ့တာ ၈ လ လောက်တောင်ကြာသွားပြီ၊ အိမ်လာရောင်းတဲ့ ထီသည်ဆီကနေ ထိုးလိုက်တာ ပေါက်တာပါ။ ထီပေါက်တဲ့ ငွေတွေကို ပရဟိတ လုပ်ငန်းတွေမှာ လှူသွားမယ်၊ လက်ရှိဆောက်နေတဲ့ ရွာက ဘုန်းကြီးကျောင်းကိုလည်း ပြီးအောင်လှူပေးသွားမယ်၊ အရေးပေါ်လူနာတင်ယာဉ်လည်း လှူပေးသွားမယ်၊ တခြားလိုအပ်တဲ့နေရာတွေမှာလည်း လှူသွားမှာပါ” ဟု သိန်းတစ်သောင်းခွဲဆုရှင် ကိုဇော်မင်းထွန်းက ပြောပါတယ်။

“သူတို့က လတိုင်း ထိုးပါတယ်၊ သူတို့ထီပေါက်တာ ကျနော်လည်း ဝမ်းသာပါတယ်၊ ထီပေါက်တဲ့မိသားစုက ပညာရေးမိသားစုအသိုင်းအဝိုင်းက ဆိုတော့ ပိုပျော်မိပါတယ်” လို့ ထီဆိုင်ပိုင်ရှင် ဦးစိုးသန်းက ဒီဗွီဘီကိုပြောပါတယ်။ သိန်းတစ်သောင်းခွဲဆုရှင် ကိုဇော်မင်းထွန်းရဲ့ ဇနီးဖြစ်သူ မခိုင်ခိုင်ဝင်းဟာ မူလတန်းပြ ဆရာမတဦးဖြစ်ပြီး သားတယောက်နဲ့ သမီးတယောက်ရှိကာ စုစုပေါင်း မိသားစုဝင် လေးယောက်ရှိတယ်လို့ သိရပါတယ်။

မင်းထက်မုန်း(ပုသိမ်) DVB TV New