၁၅.၁၂.၂၀၁၉ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် ကျောက်ဆည်မြို့ ရွှေရတီ မီးပွိုင့် အနီးရှိ T.Mobile အရောင်း ဆိုင်တွင် အမျိုးသား တစ်ဦး မှလာရောက်၍ Redmi Note အမျိုးအစား အနက်ရောင် နှင့် အပြာနုရောင် နှစ်လုံး အား password လာဖြေခိုင်းရာ ဆိုင်ဝန်ထမ်းဖြစ်သူမှ မသင်္ကာ၍ ဖုန်းအတွင်းမှ ဆင်းကတ် အားထုတ်၍ အဝင်အထွက် ခေါ်ဆိုမှု များအား ခေါ်ဆိုကြည့်ရာ ၁၄.၁၂.၂၀၁၉ ရက်နေ့ ၂၃၃၀ အချိန် က မန ္တလေးဆေးရုံကြီးတွင် ပျောက်ဆုံးခဲ့သော ဖုန်းများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းဆိုင်ရှေ့ရှိ ရန်-မန်းလမ်းမပေါ် တွင် ယာဉ်/လမ်းရှင်းလင်းဆောင်ရွက်နေသော

အ မှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲစု (ကျောက်ဆည်) မှ ရဲတပ်က်ြပ် ညီညီမြင့် နှင့် ရဲတပ်သားအောင်ပိုင်စိုးတို့အား အကြောင်းကြားသဖြင့် ရဲတပ်ကြပ် ညီညီမြင့် မှ ဖမ်းဆီးရာ ၎င်းအမျိုးသားမှာ ခါး၌ထိုးထားသော ပုလင်းဖြင့် ရဲတပ်ကြပ် ညီညီမြင့် အားရိုက်ရာ ရှောင်တိမ်းလိုက်စဉ် ၎င်းအမျိုးသားမှာ ထွက်ပြေးသွား၍ ရဲတပ်ကြပ် ညီညီမြင့်မှ လိုက်လံဖမ်းဆီးစဉ် ကျောက်ဆည်မြို့ အ.ထ.က(၁) ရှေ့အရောက်တွင် ၎င်းအမျိုးသားမှ အသင့်ပါလာသော လောက်လေးခွဖြင့် ပစ်ခတ်ရာ ရဲတပ်သား အောင်ပိုင်စိုး ဆောင်းထားသည့်ဆိုင်ကယ် စီးဦးထုပ်အား ရှပ်မှန်ခဲ့ပြီး ရဲတပ်သားအောင်ပိုင်စိုးမှဆိုင်ကယ်ဖြင့် ရှေ့မှပိတ်ဆို့၍ ရဲတပ်ကြပ်ညီညီမြင့် မှ လုံးထွေးဖမ်းဆီးခဲ့ရပါသည်။

၎င်းဖုန်းပိုင်ရှင်မှာ မန ္တလေးဆေးရုံကြီး တွင် ဇနီးဖြစ်သူအား ဆေးကုသတက်ရောက်နေသည်ကို စောင့်ဆိုင်းနေစဉ် ၎င်းဖုန်း နှစ်လုံး ဘောင်းဘီ ယာဘက်အိပ်ထဲတွင် ထည့်ပြီး ၁၄.၁၂.၂၀၁၉ ရက်နေ့ ၂၃၀၀ အချိန်ခန့် က အိပ်ပျော်သွားခဲ့ရာ ၁၅.၁၂.၂၀၁၉ ရက်နေ့ ၀၇၀၀ အချိန် အိပ်ယာမှ နိုးသောအခါ ဖုန်းများ နှင့် ငွေများ အခိုးခံရကြောင်း သိရှိခဲ့ပါသည်။

ဖုန်းခိုးလာသူမှာ သက်ပိုင်(၂၅)နှစ် (ဘ) ဦးစိန်မုံ အမှတ်(၄)ရပ်ကွက် ချောက်မြို့ ဟုသိရှိရပြီး ၎င်းအား အရေးယူဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၂) ယာဉ်ထိန်းတပ်ဖွဲ့စု (ကျောက်ဆည်) မှ သက်သေခံပစ္စည်း များနှင့်အတူ တရားခံအား ကျောက်ဆည်မြို့မရဲစခန်း သို့ လွဲပြောင်း အပ်နှံထားရှိပါသည်။U Kyaw Soe Lwin