Mask ကန်ပိန်းပြုလုပ်ရာ မှာ Mask ဈေးတွေ အဆမတန်တက်နေတဲ့အတွက် အခက်ကြုံ

ဖေဖော်ဝါရီ(၁) AlinnMyay(အလင်းမြေ)

လက် ရှိ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေပြီး ကမ္ဘာ့နိုင်ငံအတော်များများမှာလည်း ဖြစ်ပွားနေတဲ့ နိုဗယ်ကော်ရိုနာဗိုင်းရပ်(ဝူဟန်ဗိုင်းရပ်)ကူးစက်မြန်ရောဂါကို ကာကွယ်နိုင်ဖို့ Mask များဝေမျှတဲ့ ကပ်ပိန်းတခုကို ဇန်နဝါရီ ၃၁ ရက်၊ညနေပိုင်းက ပြည်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ကူးစက်ရောဂါဖြစ်တဲ့အတွက် တဦးတစ်ယောက်တည်းကာကွယ်လို့မရဘူး၊စုပေါင်းကာကွယ်မှ ရမယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။

ဒါပေမယ့် ရုတ်တရက် Maskဈေးတွေ မြင့်တက်နေတဲ့အတွက် Mask လိုသလောက်မရခဲ့ဘူးလို့ အဆိုပါကမ်ပိန်းကို ဦးဆောင်ပြုလုပ်သူတစ်ဦးက ဆိုပါတယ်။

ဝေဖုန်းစံ(ပြည်)

AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေးနှင့် သတင်းမှန် မီဒီယာ