ရ တနာပုံတကၠသိုလ္ ေက်ာင္းသားတစ္ဦး ေတာင္သမန္အင္း ကန္ပတ္လမ္းတြင္ လုယက္သတ္ျဖတ္ခံခဲ့ရသည့္ ျဖစ္စဥ္မွ ထြက္ေျပးတိမ္းေရွာင္ေနသူ တစ္ဦးကို ဇန္နဝါရီ(၃၀)ရက္ ေန႔လည္ပိုင္းက ျပင္ဦးလြင္ၿမိဳ႕၌ ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလးတိုင္း ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီး(၈)ရွိ ေနအိမ္တစ္လုံးတြင္ တရားခံေျပးတစ္ဦး ေရာက္ရွိေနေၾကာင္း သတင္းအရ ျပင္ဦးလြင္ခရိုင္ ရဲတပ္ဖြဲ႕၊ မႈခင္းႏွိမ္နင္းေရး ဌာနစိတ္မွ တပ္ဖြဲ႕ဝင္မ်ား သြားေရာက္ဖမ္းဆီးရာမွ အမရပူရ ၿမိဳ႕မရဲစခန္းတြင္ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၉၄/ ၃၀၂/၁၁၄/ (လူသတ္မႈ၊ လုယက္က်ဴးလြန္ရာတြင္ နာက်င္ေစမႈ၊ အားေပးကူညီမႈ) တို႔ျဖင့္ အမႈဖြင့္ခံထားရသူ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိခဲ့သည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ထားသည္။

အဆိုပါ ဖမ္းဆီးရမိခဲ့သူ အမ်ိဳးသားသည္အသက္(၂၀)ဝန္းက်င္အရြယ္ ျဖစ္ၿပီး ၂၀၁၈ ဒီဇင္ဘာက လုယက္သတ္ျဖတ္ခံရသည့္ ရတနာပုံ တကၠသိုလ္ ေက်ာင္းသားအမႈမွ ထြက္ေျပးလြတ္ေျမာက္ေနသူ ျဖစ္သည္ဟု အမရပူရၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူ ရဲအရာရွိတစ္ဦးက Mandalay In-depth News အား အတည္ျပဳသည္။”ဟုတ္ပါတယ္ ဖမ္းမိထားပါတယ္၊ သူကလည္း ဝန္ခံပါတယ္”ဟု အထက္ပါ ရဲအရာရွိက ေျပာသည္။

၂၀၁၈ ဒီဇင္ဘာ(၂၅)ရက္က မႏၲေလးခရိုင္ အမရပူရၿမိဳ႕နယ္ ဆင္စြယ္ပြတ္ရပ္ကြက္ မဟာဂႏၶာ႐ုံေက်ာင္းတိုက္အနီး ေတာင္သမန္အင္း ကန္ပတ္လမ္း တာရိုးေပၚတြင္ သမီးရည္းစား စကားေျပာေနစဥ္ အမည္မသိ အမ်ိဳးသားတစ္စုက ပိုက္ဆံအိတ္လုယူကာ ဓားျဖင့္ထိုးသျဖင့္ ရတနာပုံတကၠသိုလ္ စတုတၳႏွစ္ေက်ာင္းသား အသက္(၂၂)ႏွစ္အရြယ္ ကိုစိုးမိုးဟိန္းသည္ ထိုးသြင္းဒဏ္ရာမ်ား ရရွိကာ ေသဆုံးခဲ့သည္။

အဆိုပါျဖစ္စဥ္တြင္ ျပစ္မႈက်ဴးလြန္သူမ်ားသည္ အမ်ိဳးသားသုံးဦးျဖစ္ေၾကာင္း၊ တစ္ဦးကို အခင္းျဖစ္ပြားၿပီးခ်ိန္က ဖမ္းမိခဲ့ကာ ယခု တစ္ဦး ထပ္မံဖမ္းဆီးရမိသည့္အတြက္ လြတ္ေျမာက္ေနသူ တစ္ဦး က်န္ရွိေနေသးေၾကာင္း အမရပူရၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ တာဝန္ရွိရဲအရာရွိက ဆိုသည္။

ရတနာပုံတကၠသိုလ္ ေက်ာင္းသား ေတာင္သမန္အင္း ကန္ပတ္လမ္းတြင္ လုယက္အသတ္ခံရမႈ ျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူမ်ားအနက္ ပထမဆုံး ဖမ္းဆီးရမိသူ အမ်ိဳးသားတစ္ဦးကို မႏၲေလးခရိုင္တရား႐ုံးက ၂၀၁၉ ဒီဇင္ဘာ (၂၃) ရက္က ေထာင္ဒဏ္ႏွစ္(၃၀) ျပစ္ဒဥ္ခ်မွတ္ခဲ့ၿပီး ျဖစ္သည္။

ရတနာပုံတကၠသိုလ္ ေက်ာင္းသား လုယက္အသတ္ခံရမႈႏွင့္ ပတ္သက္၍ မႏၲေလးခရိုင္တရား႐ုံးက အမိန႔္ခ်သည့္ ၂၀၁၉ ဒီဇင္ဘာ (၂၃)ရက္က တကၠသိုလ္ေက်ာင္းသား (၅၀)ခန႔္က မႏၲေလးတိုင္း အစိုးရအဖြဲ႕႐ုံးသို႔ သြားေရာက္ကာ က်န္ရွိေနေသးသည့္ ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္ပတ္သက္သူမ်ားကို ရွာေဖြဖမ္းဆီးေပးရန္ႏွင့္ ရတနာပုံတကၠသိုလ္ ေက်ာင္းသား၊ေက်ာင္းသူမ်ား၏ လုံျခဳံေရးအတြက္ ေဆာင္ရြက္ေပးရန္ ေတာင္းဆိုခဲ့ၾကသည္။

ရတနာပုံတကၠသိုလ္ ေက်ာင္းသားကို လုယက္သတ္ျဖတ္မႈမွ ထြက္ေျပးလြတ္ေျမာက္ေနသည့္ အမ်ိဳးသားကို အမႈျဖစ္ၿပီး တစ္ႏွစ္ေက်ာ္အၾကာတြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးနိုင္ခဲ့သည္။ရဲတပ္ဖြဲ႕/Mandalay_Indepth_News

Unicode

ရ တနာပုံတက္ကသိုလ် ကျောင်းသားတစ်ဦး တောင်သမန်အင်း ကန်ပတ်လမ်းတွင် လုယက်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်မှ ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးကို ဇန်နဝါရီ(၃၀)ရက် နေ့လည်ပိုင်းက ပြင်ဦးလွင်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင် တရားခံပြေးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ တပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးရာမှ အမရပူရ မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၄/ ၃၀၂/၁၁၄/ (လူသတ်မှု၊ လုယက်ကျူးလွန်ရာတွင် နာကျင်စေမှု၊ အားပေးကူညီမှု) တို့ဖြင့် အမှုဖွင့်ခံထားရသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ထားသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သူ အမျိုးသားသည်အသက်(၂၀)ဝန်းကျင်အရွယ် ဖြစ်ပြီး ၂၀၁၈ ဒီဇင်ဘာက လုယက်သတ်ဖြတ်ခံရသည့် ရတနာပုံ တက္ကသိုလ် ကျောင်းသားအမှုမှ ထွက်ပြေးလွတ်မြောက်နေသူ ဖြစ်သည်ဟု အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက Mandalay In-depth News အား အတည်ပြုသည်။”ဟုတ်ပါတယ် ဖမ်းမိထားပါတယ်၊ သူကလည်း ဝန်ခံပါတယ်”ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

၂၀၁၈ ဒီဇင်ဘာ(၂၅)ရက်က မန္တလေးခရိုင် အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်း ကန်ပတ်လမ်း တာရိုးပေါ်တွင် သမီးရည်းစား စကားပြောနေစဉ် အမည်မသိ အမျိုးသားတစ်စုက ပိုက်ဆံအိတ်လုယူကာ ဓားဖြင့်ထိုးသဖြင့် ရတနာပုံတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား အသက်(၂၂)နှစ်အရွယ် ကိုစိုးမိုးဟိန်းသည် ထိုးသွင်းဒဏ်ရာများ ရရှိကာ သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများသည် အမျိုးသားသုံးဦးဖြစ်ကြောင်း၊ တစ်ဦးကို အခင်းဖြစ်ပွားပြီးချိန်က ဖမ်းမိခဲ့ကာ ယခု တစ်ဦး ထပ်မံဖမ်းဆီးရမိသည့်အတွက် လွတ်မြောက်နေသူ တစ်ဦး ကျန်ရှိနေသေးကြောင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိရဲအရာရှိက ဆိုသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသား တောင်သမန်အင်း ကန်ပတ်လမ်းတွင် လုယက်အသတ်ခံရမှု ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအနက် ပထမဆုံး ဖမ်းဆီးရမိသူ အမျိုးသားတစ်ဦးကို မန္တလေးခရိုင်တရားရုံးက ၂၀၁၉ ဒီဇင်ဘာ (၂၃) ရက်က ထောင်ဒဏ်နှစ်(၃၀) ပြစ်ဒဉ်ချမှတ်ခဲ့ပြီး ဖြစ်သည်။

ရတနာပုံတက္ကသိုလ် ကျောင်းသား လုယက်အသတ်ခံရမှုနှင့် ပတ်သက်၍ မန္တလေးခရိုင်တရားရုံးက အမိန့်ချသည့် ၂၀၁၉ ဒီဇင်ဘာ (၂၃)ရက်က တက္ကသိုလ်ကျောင်းသား (၅၀)ခန့်က မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးသို့ သွားရောက်ကာ ကျန်ရှိနေသေးသည့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများကို ရှာဖွေဖမ်းဆီးပေးရန်နှင့် ရတနာပုံတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားကို လုယက်သတ်ဖြတ်မှုမှ ထွက်ပြေးလွတ်မြောက်နေသည့် အမျိုးသားကို အမှုဖြစ်ပြီး တစ်နှစ်ကျော်အကြာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။ရဲတပ်ဖွဲ့/Mandalay_Indepth_News