ကို ႐ိုနာဗိုင္းရပ္စ္ပိုးမ်ား ကူးစက္ျဖစ္ပြားေနသည့္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕၌ ပိတ္ေနသည့္ ျမန္မာ ေက်ာင္းသား ၆၃ ဦးကို အထူးေလယာဥ္ျဖင့္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔တြင္ သြားေရာက္ေခၚေဆာင္မည္ဟု အစိုးရေျပာေရးဆိုခြင့္႐ွိသူ ဦးေဇာ္ေဌးကေျပာၾကားသည္။ မေန႕က ဇန္နဝါရီ ၃၁ ညေနပိုင္းတြင္ ေနျပည္ေတာ္႐ွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္၌ ျပဳလုပ္ခဲ့ေသာ သတင္းစာ႐ွင္းလင္းပြဲတြင္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာေက်ာင္းသားမ်ားကို သြားေရာက္ေခၚေဆာင္ မည့္အထူးေလယာဥ္တြင္ ေလယာဥ္အမႈထမ္း ၉ ဦး၊ လံုျခံဳေရး ၂ ဦးႏွင့္ က်န္မာေရးဝန္ထမ္းတစ္ဦး ပါဝင္မည္ျဖစ္ၿပီး ၎တို႔ ၁၂ ဦး၏ ပတ္စပို႔စ္အခ်က္အလက္မ်ားကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို ့ေပးထားသည္ဟု ဆိုသည္။

ဦးေဇာ္ေဌးက “အဲဒီ ၆၃ဦးကို သမၼတရံုးကေန အထူး ေလယာဥ္နဲ႔ ၫႊန္ၾကားခ်က္ ထြက္ထားပါတယ္။ အဲဒါက ၃၀ ရက္ ေန႔မွာ ထြက္တယ္။ Charter Flight နဲ႔ ျပန္ေခၚဖို႔။ ပို႔ေဆာင္ေရးနဲ႔ႏိုင္ငံျခားေရးကို အေၾကာင္း ၾကားထားပါတယ္။ အေၾကာင္းၾကားေတာ့ ႏိုင္ငံျခား ေရးက ဒီေန႔ ညႇိလိုက္ေတာ့ သူတို႔ကို လာမယ့္ ေဖ ေဖဖာ္ဝါရီ ၂ရက္ေန႔မွာ ျပန္လည္ ေခၚေဆာင္ၿပီးေတာ့ မႏၲေလးမွာ ဆင္းပါမယ္” ဟုေျပာၾကားသည္။

မႏၲေလးသို႔ေရာက္႐ွိလာမည့္ ျမန္မာေက်ာင္းသား ၆၃ ဦးကို ကန္ေတာ္နဒီေဆးရံုတြင္ထားမည္ျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီး အစိုးရကလည္း အသင့္ျပင္ဆင္ ထားသည္ဟု ဆိုသည္။

“အဲဒီမွာ ကြၽန္ေတာ္တို႔ 24 Hour ေစာင့္ၾကည့္ၿပီးေတာ့ ၁၄ ရက္ထားမွာျဖစ္ပါတယ္။ ဒီ ၁၄ ရက္ထားတဲ့ အေၾကာင္းအရင္းကလည္း ကမာၻ႕က်န္းမာေရးအဖြဲ႕ (WHO) က သတ္မွတ္ထားတဲ့ Guideline (လမ္းညႊန္မႈ) အတိုင္း ျပင္ဆင္ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္” ဟုဦးေဇာ္ေဌးက ေျပာၾကားသည္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၂၅၉ ဦး႐ွိေနၿပီး ေရာဂါကူးစက္မႈမွာ ႏိုင္ငံေပါင္း ၂၀ ေက်ာ္သို႔ ျပန္႔ႏွံ႔ေနကာ တ႐ုတ္ႏိုင္ငံတြင္ ေရာဂါကူးစက္ခံရသူဦးေရ ၁၀၀၀၀ ေက်ာ္႐ွိေနသည္။

ျမန္မာႏိုင္ငံတြင္ ယေန႔ တ႐ုတ္ႏိုင္ငံ ကြမ္းက်ိဳၿမိဳ ့မွ ရန္ကုန္ေလဆိပ္သို႔ ေရာက္႐ွိလာေသာ ေလယာဥ္ေပၚတြင္လိုက္ပါလာသည့္ ခရီးသည္တစ္ဦးအား သံသယလူနာအျဖစ္သတ္မွတ္ကာ ေဝဘာဂီကူးစက္ ေရာဂါကုေဆးရံုသို႔ တင္ေဆာင္ထားၿပီး ေစာင့္ၾကည့္ေနသည္။

ကမၻာ့က်န္းမာေရးအဖြဲ႔ခ်ဳပ္ (WHO) ၏ သတင္းစာ႐ွင္းလင္းပြဲတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမွာ ကမာၻလံုးဆိုင္ရာအေရးေပၚအေျခအေနတစ္ရပ္ျဖစ္ေနေၾကာင္း ေၾကျငာထားသည္။

Credit-Blacker

Unicode

ကို ရိုနာဗိုင်းရပ်စ်ပိုးများ ကူးစက်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ပိတ်နေသည့် မြန်မာ ကျောင်းသား ၆၃ ဦးကို အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သွားရောက်ခေါ်ဆောင်မည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားသည်။ မနေ့က ဇန်နဝါရီ ၃၁ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာကျောင်းသားများကို သွားရောက်ခေါ်ဆောင် မည့်အထူးလေယာဉ်တွင် လေယာဉ်အမှုထမ်း ၉ ဦး၊ လုံခြုံရေး ၂ ဦးနှင့် ကျန်မာရေးဝန်ထမ်းတစ်ဦး ပါဝင်မည်ဖြစ်ပြီး ၎င်းတို့ ၁၂ ဦး၏ ပတ်စပို့စ်အချက်အလက်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို ့ပေးထားသည်ဟု ဆိုသည်။

ဦးဇော်ဌေးက “အဲဒီ ၆၃ဦးကို သမ္မတရုံးကနေ အထူး လေယာဉ်နဲ့ ညွှန်ကြားချက် ထွက်ထားပါတယ်။ အဲဒါက ၃၀ ရက် နေ့မှာ ထွက်တယ်။ Charter Flight နဲ့ ပြန်ခေါ်ဖို့။ ပို့ဆောင်ရေးနဲ့နိုင်ငံခြားရေးကို အကြောင်း ကြားထားပါတယ်။ အကြောင်းကြားတော့ နိုင်ငံခြား ရေးက ဒီနေ့ ညှိလိုက်တော့ သူတို့ကို လာမယ့် ဖေ ဖေဖာ်ဝါရီ ၂ရက်နေ့မှာ ပြန်လည် ခေါ်ဆောင်ပြီးတော့ မန္တလေးမှာ ဆင်းပါမယ်” ဟုပြောကြားသည်။

မန္တလေးသို့ရောက်ရှိလာမည့် မြန်မာကျောင်းသား ၆၃ ဦးကို ကန်တော်နဒီဆေးရုံတွင်ထားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရကလည်း အသင့်ပြင်ဆင် ထားသည်ဟု ဆိုသည်။

“အဲဒီမှာ ကျွန်တော်တို့ 24 Hour စောင့်ကြည့်ပြီးတော့ ၁၄ ရက်ထားမှာဖြစ်ပါတယ်။ ဒီ ၁၄ ရက်ထားတဲ့ အကြောင်းအရင်းကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ Guideline (လမ်းညွှန်မှု) အတိုင်း ပြင်ဆင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟုဦးဇော်ဌေးက ပြောကြားသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅၉ ဦးရှိနေပြီး ရောဂါကူးစက်မှုမှာ နိုင်ငံပေါင်း ၂၀ ကျော်သို့ ပြန့်နှံ့နေကာ တရုတ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူဦးရေ ၁၀၀၀၀ ကျော်ရှိနေသည်။

မြန်မာနိုင်ငံတွင် ယနေ့ တရုတ်နိုင်ငံ ကွမ်းကျိုမြို ့မှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသော လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်တစ်ဦးအား သံသယလူနာအဖြစ်သတ်မှတ်ကာ ဝေဘာဂီကူးစက် ရောဂါကုဆေးရုံသို့ တင်ဆောင်ထားပြီး စောင့်ကြည့်နေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ၏ သတင်းစာရှင်းလင်းပွဲတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေတစ်ရပ်ဖြစ်နေကြောင်း ကြေငြာထားသည်။

Credit-Blacker