လူမႈကြ န္ရက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ့ ေနသည့္ တ႐ုတ္နံပါတ္ျပားတပ္ေမာ္ေတာ္ ယာဥ္မ်ားကိစၥႏွင့္ ပတ္သက္ၿပီး မသိရွိေသးဘဲ စုံစမ္းခိုင္းထားေၾကာင္း နိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ေျပာၾကား သည္။

“ ဓာတ္​ပုံ​ေတြ​ေတြ႕တယ္​။​ေမးထားတယ္​ ဘယ္​က​ေနၿပီး​ေတာ့ ဝင္​လာလဲဆိုတာ။အေၿဖ မရ​ေသးဘူး။ စုံစမ္​းတုန္​းပဲရွိ​ေသးတယ္” ဟု ဦးေဇာ္ေဌးက ေျပာၾကားသည္။

အဆိုပါ တ႐ုတ္နံပါတ္ျပားတပ္ဆင္ထား သည့္ ေမာ္ေတာ္ယာဥ္မ်ားမွာ ဇန္နဝါရီ ၃၀ ရက္တြင္ ရန္ကုန္ၿမိဳ႕၌ လည္းေကာင္း၊ ဇန္နဝါ ရီ ၃၁ ရက္တြင္ မႏၲေလးၿမိဳ႕၌ လည္းေကာင္း ေဒသခံမ်ားက ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ယင္းသို႔ ေတြ႕ရွိမႈအား လူမႈကြန္ရက္စာ မ်က္ႏွာမ်ားေပၚသို႔ တင္ခဲ့ၿပီး မည္သူမ်ား ျဖစ္ သည္ကို ေမးခြန္းထုတ္ခဲ့ၾကျခင္းျဖစ္သည္။

ဇန္နဝါရီ ၃၀ ရက္တြင္ ရန္ကုန္ၿမိဳ႕၌ ေတြ႕ရွိခဲ့သည့္ အဆိုပါ ေမာ္ေတာ္ယာဥ္မ်ား ႏွင့္ ပတ္သက္ၿပီး Aung Phone Oo အေကာင့္ ပိုင္ရွင္က ‘တ႐ုတ္ကားနံပါတ္တပ္ကားတစ္စီး လွည္းတန္းကုန္းေက်ာ္တံတားေပၚကို ျဖတ္ သန္းေနပုံတင္ထားၿပီး အျခားအေကာင့္ ပိုင္ရွင္မ်ားကလည္း ေရႊတိဂုံဘုရားေတာင္ဘက္ မုခ္မွာ တန္းစီရပ္ထားတဲ့ ကား ၈ စီးဟူ၍ အမည္တပ္ကာ လူမႈကြန္ရက္တြင္ မၽွေဝထားသည္။

ဇန္နဝါရီ ၃၁ ရက္တြင္ မႏၲေလးၿမိဳ႕ က်ဳံး ေတာင္ဘက္ ၂၆ ဘီလမ္းေပၚတြင္ တ႐ုတ္ လိုင္စင္နံပါတ္မ်ားျဖင့္ ေမာ္ေတာ္ယာဥ္ ၈ စီး ေမာင္းႏွင္ေနသည္ကို မႏၲေလးေဒသခံမ်ား က ေတြ႕ျမင္ခဲ့သည္။

ယင္းသို႔ ေတြ႕ျမင္ခဲ့ရမႈႏွင့္ ပတ္သက္ၿပီး မည္သည့္အေၾကာင္းျဖင့္ လာေရာက္ေနသည္ကို The Daily Eleven သတင္းစာအေနျဖင့္ အတည္ျပဳနိုင္ခဲ့ျခင္းမရွိေပ။

ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) က တ႐ုတ္နိုင္ငံတြင္ ျဖစ္ပြားေနသည့္ ဝူဟန္ဗိုင္းရပ္စ္အား အေရးေပၚအေျခအေနအျဖစ္ သတ္မွတ္ၿပီးေနာက္ တ႐ုုတ္နိုင္ငံ၏ အိမ္နီးခ်င္းနိုင္ငံျဖစ္ေသာ ျမန္မာနိုင္ငံတြင္ယင္း ဗိုင္းရပ္စ္ႏွင့္ ပတ္သက္ၿပီး စိုးရိမ္မႈမ်ား ေပၚ ေပါက္ေနလ်က္ရွိရာ ယင္းေမာ္ေတာ္ယာဥ္ မ်ား ဝင္ေရာက္လာမႈအေပၚ ေဝဖန္မႈမ်ား ထြက္ေပၚလာလ်က္ရွိသည္။

ဇန္နဝါရီ ၃၁ ရက္က တ႐ုတ္နိုင္ငံမွ လာေရာက္သည့္ ေလယာဥ္တြင္ ဝူဟန္ဗိုင္း ရပ္စ္သံသယလူနာတစ္ဦး ေတြ႕ရွိသျဖင့္ ေဝဘာဂီေဆး႐ုံတြင္ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ထားသည္။

Credit – Eleven Media Group

Unicode

လူမှုကွ န်ရက်စာမျက်နှာများတွင် ပျံ့နှံ့ နေသည့် တရုတ်နံပါတ်ပြားတပ်မော်တော် ယာဉ်များကိစ္စနှင့် ပတ်သက်ပြီး မသိရှိသေးဘဲ စုံစမ်းခိုင်းထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား သည်။

“ ဓာတ်​ပုံ​တွေ​တွေ့တယ်​။​မေးထားတယ်​ ဘယ်​က​နေပြီး​တော့ ဝင်​လာလဲဆိုတာ။အဖြေ မရ​သေးဘူး။ စုံစမ်​းတုန်​းပဲရှိ​သေးတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ တရုတ်နံပါတ်ပြားတပ်ဆင်ထား သည့် မော်တော်ယာဉ်များမှာ ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ ဇန်နဝါ ရီ ၃၁ ရက်တွင် မန္တလေးမြို့၌ လည်းကောင်း ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ရှိမှုအား လူမှုကွန်ရက်စာ မျက်နှာများပေါ်သို့ တင်ခဲ့ပြီး မည်သူများ ဖြစ် သည်ကို မေးခွန်းထုတ်ခဲ့ကြခြင်းဖြစ်သည်။

ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်မြို့၌ တွေ့ရှိခဲ့သည့် အဆိုပါ မော်တော်ယာဉ်များ နှင့် ပတ်သက်ပြီး Aung Phone Oo အကောင့် ပိုင်ရှင်က ‘တရုတ်ကားနံပါတ်တပ်ကားတစ်စီး လှည်းတန်းကုန်းကျော်တံတားပေါ်ကို ဖြတ် သန်းနေပုံတင်ထားပြီး အခြားအကောင့် ပိုင်ရှင်များကလည်း ရွှေတိဂုံဘုရားတောင်ဘက် မုခ်မှာ တန်းစီရပ်ထားတဲ့ ကား ၈ စီးဟူ၍ အမည်တပ်ကာ လူမှုကွန်ရက်တွင် မျှဝေထားသည်။

ဇန်နဝါရီ ၃၁ ရက်တွင် မန္တလေးမြို့ ကျုံး တောင်ဘက် ၂၆ ဘီလမ်းပေါ်တွင် တရုတ် လိုင်စင်နံပါတ်များဖြင့် မော်တော်ယာဉ် ၈ စီး မောင်းနှင်နေသည်ကို မန္တလေးဒေသခံများ က တွေ့မြင်ခဲ့သည်။

ယင်းသို့ တွေ့မြင်ခဲ့ရမှုနှင့် ပတ်သက်ပြီး မည်သည့်အကြောင်းဖြင့် လာရောက်နေသည်ကို The Daily Eleven သတင်းစာအနေဖြင့် အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်အား အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ပြီးနောက် တရုုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင်ယင်း ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ပေါ် ပေါက်နေလျက်ရှိရာ ယင်းမော်တော်ယာဉ် များ ဝင်ရောက်လာမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာလျက်ရှိသည်။

ဇန်နဝါရီ ၃၁ ရက်က တရုတ်နိုင်ငံမှ လာရောက်သည့် လေယာဉ်တွင် ဝူဟန်ဗိုင်း ရပ်စ်သံသယလူနာတစ်ဦး တွေ့ရှိသဖြင့် ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည်။

Credit – Eleven Media Group