၇။ ကာကွယ်ဆေး မရှိ။ ကုသဆေး အတိအကျ မရှိ။
ဒေါက်တာတင့်ဆွေ
၃၁-၁-၂၀၂၀
Unicode
တ ရုပ်ဝူဟန်က စတင်ဖြစ်ပွါး ကူးစက် ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူစက်ခံရသူတွေလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားတဲ့လူနာ အနည်းဆုံး ၃ ဦးရှိနေပြီ။ သံသယအဆင့်လို့ ထုတ်ပြန်။
တခြားကျန်းမာရေးမေးတာတွေနဲ့ မဟုတ်မမှန် ဝူဟန်သတင်းတွေကို ဖြေနေရတာနဲ့ အခုတင်တာ နာရီပိုင်းလောက် နောက်ကျခဲ့တယ်။ ဆောရီး။
ကာကွယ်နည်းတွေ တင်ထားပြီးပြီ။ လူလိမ် ဆေးနည်းလိမ် သတင်းမှားတွေများတာလည်း ခဏခဏတင်ထားတယ်။
၁။ လူထူထူရှိရာ မသွားသင့်။
၂။ အပြင်ထွက်ရင် နှာခေါင်းစည်း သုံးပါ။ အထူးနှာခေါင်းစည်း မလို။
၃။ လက်မကြာမကြာ ရေနဲ့ဆပ်ပြာသုံး ဆေးပါ။ အရက်ပျံပါတဲ့ လက်ဆေးဆေးရည် ရှိရင်သုံးပါ။
၄။ ဆေးထားတဲ့လက်နဲ့သာ မျက်နှာကိုထိပါ။
၅။ ကိုယ်ပူရင် ဆရာဝန်ပြပါ။
၆။ အစားအသောက်ကနေ မကူးစက်။ အစားအသောက်နဲ့ ကုမရ။ ဗီတာမင်စီပါတာတော့သင့်။
၇။ ကာကွယ်ဆေး မရှိ။ ကုသဆေး အတိအကျ မရှိ။
၈။ သတင်းမှားတွေ မယုံသင့်။ မရေးသင့်။ ဟိုပို့သည်ပို့ မလုပ်သင့်။ လူလိမ် သတင်းလိမ် ဆေးလိမ်ရောင်းသူတွေ သတိထားပါ။ အဲတာက နှာခေါင်းစည်းနဲ့မရ။
၉။ ကိုယ့်နေထိုင်ရာမှာ တရုပ်ပြည်ကပြန်လာသူ မရှိရင် စိုးရိမ်စရာ မရှိလောက်သေး။
တရုပ်-မြန်မာ ကူးလူးဆက်ဆံရေး စာမျက်နှာသစ်ဖြစ်တယ်။ တရုပ်ခေါင်းဆောင်လာစဉ်က ဘုန်းတော်ဘွဲ့ရေးကြတဲ့ လူတွေ မီဒီယာတွေကို သတိရစေတယ်။ သူတို့က ရောဂါကာကွယ်ရေးလည်း လျော့ပြောကြ ရေးကြလိမ့်မယ်။
တရုပ်ပိုး ကင်းပါစေ။ ပြည်တွင်းဖြစ်ပိုးတွေ ပပျောက်ပါစေ။
ဒေါက်တာတင့်ဆွေ
၃၁-၁-၂၀၂၀