ယုံကြည်ပါတယ်ဂျပန်.. ဆေးရရင် မြန်မာကိုတော့ ဦးစားပေးလှူပေးပါဂျပန်ရယ်.. ဈေးကြီးရင်ဘယ်ဝယ်နိုင်ပါ့မလဲ.. ဆေးအလှူခံသင့် ခံရမှာပဲ…
ရေးသားသူ – Pearl Mhyin
Unicode
ဝူ ဟန် ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇအမျိုးအစားကို ဂျပန်ကရှာတွေ့သွားတာပါ။ ဆေးကမထွက်သေးပါဘူးနော်။ influenza C နဲ့ ၉၉% မျိုးနွယ်တူဆင်နေတော့ အမြန်ဆုံးစမ်းသပ်စထုတ်နိုင်တော့မှာပါ။
ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကုတ်ကို သိပြီဆိုတော့မကြာခင် ဆေးဖော်လို့ရတော့မှာပါ။ အနာသိပြီမို့ ဆေးရှိတော့မှာပါလို့စ်။ ဂျပန်တွေကဆေးနိုင်ပါတယ်။
ဂျပန်ဟာ အခုနှစ်အတွင်းမှာ လူတွေအရမ်းကြောက်ကြတဲ့ အကူးမြန်တဲ့ (influenza) တုပ်ကွေးအဖျားရောဂါ ကို ဆေးတလုံးထဲသောက်ရုံနဲ့ပျောက်အောင်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ (အိမ်ကအမျိုးသားရှေ့လက (influenza) တုပ်ကွေးအဖျားရောဂါ ဖြစ်တာ ဆေးတလုံးထဲသောက်ပျောက်သွားတာပါ။ ယမ်း ၅၀၀၀ မြန်မာငွေ ၆၇၀၀၀ ပေးရပါတယ်။
အရင်လိုတပတ် (မနက် နေ့လည် ညသောက်စရာမလို) အဖျားကြီး ကိုယ်ပူကိုက်ခဲချောင်းဆိုးနာကျင်တာတွေလည်း သောက်ပီးတစ်ရက်အတွင်း ပျောက်သွားတာပါ။ ကလေးတွေနဲ ့ကျမကိုလည်းမကူးခဲ့ပါဘူး။ အရင်ဆိုတယောက်ဖြစ်အကုန်ကူးပါတယ်။)
ကလေးတွေအတွက်ဆိုရင် influenza တုပ်ကွေးအဖျားရောဂါကို ရှူဆေးလေးတကြိမ်ရှူယုံနဲ့ ပျောက်ကင်းတဲ့ဆေးကို ဖော်ထုတ်နိုင်ခဲ့တာပါ။ (ကလေးဆေးကအရင်ထွက်ခဲ့တာ)
ယုံကြည်ပါတယ်ဂျပန်.. ဆေးရရင် မြန်မာကိုတော့ ဦးစားပေးလှူပေးပါဂျပန်ရယ်.. စျေးကြီးရင်ဘယ်ဝယ်နိုင်ပါ့မလဲ.. ဆေးအလှူခံသင့် ခံရမှာပဲ…
ရေးသားသူ – Pearl Mhyin
လေးစားစွာဖြင့် Blacker