ဝူ ဟန် နောက်ကွယ်က ဟားဗတ် ပါမောက္ခ

အေ မရိကန် အက်ဖ်ဘီအိုင်က ဝူဟန် ဓာတ်ခွဲခန်းအတွက် အလုပ်လုပ်ပေးတယ်လို့ယူဆရတဲ့ အမေရိကန်လူမျိုး ပါမောက္ခ ချားလ်း လိုင်ဘာ ကို ဆွဲစိ လိုက်ပါတယ်

ဒီပါေ မာက္ခက နှယ်နှယ်ရရ တော့ မဟုတ်ပါ နာနို အဆင့် ဇီဝဓာတုဗေဒ နယ်ပယ် ဆုတွေ တပုံကြီးရ ပြီး ဟားဗတ် ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခ လည်းဖြစ်ပြီး ဌာန အကြီးအကဲ လည်းဖြစ်ပါတယ်

တ လ ဒေါ်လာ ၅သောင်း ရဲ့ ဆွဲဆောင်မှု ဒဏ်ကို မခံ နိုင်ပဲ တရုတ် အစိုးရအတွက် အမေရိကန် အစိုးရရော သူ့တက္ကသိုလ်ကပါ မသိပဲ ဝူဟန် ဇီဝ ဓာတ်ခွဲခန်းတည်ဆောက်တဲ့နေရာမှာ ရော အရည်အသွေးသတ်မှတ်ပေးတဲ့နေရာမှာရော အဓိက ပါဝင်လှုပ်ရှားပေးခဲ့တဲ့ အမေရိကန်ပါ Conflict of interest ပြဿနာပါ

ပရောဖက်ရှင်နယ်တွေ တော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာပါ ငွေပုံပေးတဲ့လူတွေနဲ့တွေ့ရင် တွေဝေရပြီလေ

အမေရိကန် အစိုးရအရမ်းတင်းသွားပြီး သူ အပါအဝင်အခြား တရုတ် သိပ္ပံပညာရှင် ၂ယောက်ကိုပါ ဖမ်းထားတာပါ အဓိက သူတို့တွေက အမေရိကန် စစ်ဖက် ဓာတ်ခွဲခန်းတွေအတွက်ပါ အလုပ်လုပ်ပေးနေသူဖြစ်ပြီး ဓာတ်ခွဲခန်း နမူနာတွေ ကို မကြာခဏ ခိုးထုတ်သွားတာ ကို ပြန်သိလာရလို့ပါ ပညာရှင်ဆန်ဆန် ပြောရမယ် ဆို နည်းပညာ လွှဲပြောင်း ကူးပွားယူသူများ အုပ်စု ပေါ့ အရပ်စကားအရဆို သူခိုးပေါ့

အမေရိကန်တွေ ကတော့ မိုက်တယ်

ပညာရှင် ပီပီ တီထွင်စရာရှိ ထွင်တယ်
ငွေလို ရင် ပိပိရိရိ ရောင်းစားတယ်
ဖမ်းစရာရှိလည်း ပါမောက္ခ လည်း တခါတည်း ဖမ်းတယ် ဝန်ကြီး ဌာန ခွင့်ပြုချက်လည်းမလိုဘူး

ဒါကြောင့်လည်းတိုးတက်တာ

ဝူဟန် ကာကွယ်ဆေး ကို တကမ္ဘာလုံး အသည်းအသန်ရှာနေချိန် အမေရိကန်တွေ ထိုင်ကြည့်နေတယ်

မထူးဆန်းဘူးလား

လွတ်လပ်စွာရှယ်နိုင်ပါသည်

Credit – DrNyan Win Phyo