ကူးစက္ေ ရာဂါဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ေတြက ဝူဟန္ဗိုင္းရပ္စ္ဟာ အျခားတိရစ္ဆာန္ေတြမွာလည္း ရွိေနနိုင္ေၾကာင္း သတိေပးခဲ့ပါတယ္။ အထူးသျဖင့္ေတာ့ အိမ္ေမြးတိရစ္ဆာန္ေလးေတြမွာ ရွိေနတယ္ဆိုပါက လူေတြကိုလည္း ကူးစက္ခံရနိုင္တယ္လို႔ သတိေပးခဲ့တာပါ။ တ႐ုတ္ျပည္တြင္း က်န္းမာေရးေကာ္မရွင္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ပ ေရာဂါရွာေဖြေရးကြၽမ္းက်င္ပညာရွင္၊ ေဒါက္တာ Li Lanjuan က ဝူဟန္ဗိုင္းရပ္စ္ဟာ လူေတြနဲ႕ပဲ သက္ဆိုင္တာမဟုတ္ အသက္ရႉၾကတဲ့ တစ္ျခားနို႔တိုက္သတၱဝါေတြနဲ႕လည္း သက္ဆိုင္တယ္လို႔ ဆိုပါတယ္။

အထူး သျဖင့္ လူေတြနဲ႕ အနီးစပ္ဆုံးျဖစ္တဲ့ ေခြးနဲ႕ေၾကာင္တို႔မွာ ဒီေရာဂါေတြ ကပ္ေရာက္နိုင္ပါတယ္။ ေဒါက္တာ Li နဲ႕ CCTV တို႔ အင္တာဗ်ဴးမွာ “အိမ္ေမြးတိရစ္ဆာန္ေတြကို ကိုင္တြယ္တဲ့ေနရာမွာ ပိုင္ရွင္ေတြအေနနဲ႕ ကိုယ္ခံစြမ္းအား ေကာင္းေနဖို႔ လိုပါတယ္ … “လို႔ ေျပာခဲ့ပါတယ္။သူမက ဆက္လက္ၿပီး ” တကယ္လို႔ ပိုင္ရွင္မွာ ဒါမွမဟုတ္ အိမ္ေမြးတိရစ္ဆာန္ေတြမွာ ဒီအျဖစ္မ်ိဳး ျဖစ္ေနရင္ သူတို႔ကို သီးသန႔္ထားရမွာပါ … “လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ဇန္နဝါရီ(၂၈)ရက္မွာေတာ့ WHO က “တိရစ္ဆာန္ေတြမွာ ဒီေရာဂါသက္ေရာက္မႈ ရွိမရွိကို အတည္မျပဳနိုင္ေသးဘူး”လို႔ ထုတ္ျပန္ခဲ့ပါတယ္။

သို႔ေသာ္လည္း အထူးဂ႐ုစိုက္တဲ့အေနနဲ႕ ျဖစ္နိုင္သမွ် လူေရာ၊ အိမ္ေမြးတိရစ္ဆာန္ေတြေကာ ေရာဂါကူးစက္နိုင္ေျခ အလားအလာပိုမ်ားတဲ့ လူသူစည္ကားရာေနရာေတြကို ေရွာင္နိုင္ရင္ အေကာင္းဆုံးျဖစ္ေၾကာင္း အႀကံေပးေနသူေတြ ရွိပါတယ္။ အခုဆိုရင္ ျမန္မာနိုင္ငံမွာလည္း သံသယရွိလူနာေတြ ေပၚထြက္လာခဲ့ပါၿပီ။

လင္းေဇာ္ကို (D Nae Khit)

Unicode

ကူးစက်ေ ရာဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ဝူဟန်ဗိုင်းရပ်စ်ဟာ အခြားတိရစ်ဆာန်တွေမှာလည်း ရှိနေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ အထူးသဖြင့်တော့ အိမ်မွေးတိရစ်ဆာန်လေးတွေမှာ ရှိနေတယ်ဆိုပါက လူတွေကိုလည်း ကူးစက်ခံရနိုင်တယ်လို့ သတိပေးခဲ့တာပါ။ တရုတ်ပြည်တွင်း ကျန်းမာရေးကော်မရှင်မှာ တာဝန်ထမ်းဆောင်နေတဲ့ပ ရောဂါရှာဖွေရေးကျွမ်းကျင်ပညာရှင်၊ ဒေါက်တာ Li Lanjuan က ဝူဟန်ဗိုင်းရပ်စ်ဟာ လူတွေနဲ့ပဲ သက်ဆိုင်တာမဟုတ် အသက်ရှူကြတဲ့ တစ်ခြားနို့တိုက်သတ္တဝါတွေနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုပါတယ်။

အထူး သဖြင့် လူတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ခွေးနဲ့ကြောင်တို့မှာ ဒီရောဂါတွေ ကပ်ရောက်နိုင်ပါတယ်။ ဒေါက်တာ Li နဲ့ CCTV တို့ အင်တာဗျူးမှာ “အိမ်မွေးတိရစ်ဆာန်တွေကို ကိုင်တွယ်တဲ့နေရာမှာ ပိုင်ရှင်တွေအနေနဲ့ ကိုယ်ခံစွမ်းအား ကောင်းနေဖို့ လိုပါတယ် … “လို့ ပြောခဲ့ပါတယ်။သူမက ဆက်လက်ပြီး ” တကယ်လို့ ပိုင်ရှင်မှာ ဒါမှမဟုတ် အိမ်မွေးတိရစ်ဆာန်တွေမှာ ဒီအဖြစ်မျိုး ဖြစ်နေရင် သူတို့ကို သီးသန့်ထားရမှာပါ … “လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီ(၂၈)ရက်မှာတော့ WHO က “တိရစ်ဆာန်တွေမှာ ဒီရောဂါသက်ရောက်မှု ရှိမရှိကို အတည်မပြုနိုင်သေးဘူး”လို့ ထုတ်ပြန်ခဲ့ပါတယ်။

သို့သော်လည်း အထူးဂရုစိုက်တဲ့အနေနဲ့ ဖြစ်နိုင်သမျှ လူရော၊ အိမ်မွေးတိရစ်ဆာန်တွေကော ရောဂါကူးစက်နိုင်ခြေ အလားအလာပိုများတဲ့ လူသူစည်ကားရာနေရာတွေကို ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ကြောင်း အကြံပေးနေသူတွေ ရှိပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း သံသယရှိလူနာတွေ ပေါ်ထွက်လာခဲ့ပါပြီ။

လင်းဇော်ကို (D Nae Khit)