စာင့္ၾကည့္ကာ လအတြင္း ေက်ာင္းသားေတြအဆင္ေျပစြာေနထိုင္ႏိုင္ဖို႔ အစစ အရာရာေထာင့္ေစ့ေအာင္ စီစဥ္ထားေပမယ့္ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ ကမ္းလွမ္းလာသူေတြကို ၿမိဳ႕ေတာ္ကိုယ္စားေက်းဇူးအထူးတင္ပါတယ္။ Myanmar Net က 50MB free wifi,MPT က ေငြျဖည့္ထားတဲ့ SIM card မ်ား,Alpine ေသာက္ေရသန္႔က လိုအပ္သမွ်ေသာက္ေရသန္႔မ်ား,SP Bakery က မုန္႔ ၄မ်ိဳးပါ အထုတ္ႀကီး ၇၀ လိုအပ္ရင္ ထပ္မံလႉဒါန္းမွာပါ,ၿမိဳ႕ေတာ္ဘီစကစ္က အထုတ္၆၀ပါ ၁၇ဖာ လိုအပ္ရင္ထပ္မံ လႉဒါန္းမွာပါ,Premier Coffeemix က အထုတ္ ၁၄၀၀ ထုတ္ လိုအပ္ရင္ ထပ္လႉမွာပါ,Pocari Sweat က အားျဖည့္အခ်ိဳရည္ ၄၀၈ ပုလင္း,ဦးကာက ေဒၚစိန္ လက္ဖက္က လက္ဖက္သုပ္နဲ႔ လက္ဖက္ေျခာက္ဘူးမ်ား လိုအပ္ရင္ ထပ္လႉမွာပါ

ျမန္ မာ တ႐ုတ္ခ်စ္ၾကည္ေရးအသင္းက ေစာင္ ၆၅ထည္ ေရေႏြးဓာတ္ဘူး တစ္ခန္းတစ္လုံး ၄၀ လုံး ေရေႏြးႀကိဳတဲ့ ဓာတ္ဘူးအႀကီး ၅ခု လက္ေဆးဆပ္ျပာရည္ ၆၅ဘူး Tissue ၆၅ထုတ္ မ်က္ႏွာသုတ္ပုဝါ ၆၅ ထည္ အဖုံးပါ လက္ဖက္ရည္ေႂကြခြက္ ၆၅ခြက္ ထမင္းစားပန္းကန္ျပား ၆၅ခ်ပ္ ဇြန္ခက္ရင္း ၆၅ စုံ ေကာ္ဖီေဖ်ာ္ဇြန္း ၆၅ခု အၾကမ္းပုဂံလုံး ၆၅ လုံး ဟင္းရည္ေသာက္ပန္းကန္ ၆၅ လုံး

ရွမ္းေ႐ႊေတာင္က လက္ဖက္ ၃၉ ဖာ , ဦးေအာင္ေက်ာ္ဦး ေဒၚျဖဴျဖဴလႈိင္မိသားစုက N95 mask 60 နဲ႔ Surgical mask အခု ၁၀,၀၀ဝ , ဥကၠာသီရိကုမၸဏီက US$ 405 တန္ဖိုးရွိ Antiviral spray မ်ား , Sea Lion Company မွ ေဒါက္တာသာထက္ေအာင္က PPE ေလာေလာဆယ္ အစုံ၂၀နဲ႔ ထပ္မံလိုအပ္သေလာက္ဆက္လႉသြားပါမယ္။ Post တင္ေနတုန္း ၾကယ္စင္မင္းကုမၸဏီက နံနက္ ေန႔လည္နဲ႔ ညစာ အတြက္ ၁၄ရက္စာ ကုန္က်မဲ့ ေငြက်ပ္ ၇၅သိန္းစလုံးလႉမယ္ေျပာလို႔ ၁၀သိန္းပဲလႉပါလို႔ ေတာင္းပန္လိုက္ရပါတယ္။ မႏၲေလးၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ ေစတနာကေတာ့ ကြၽန္ေတာ္လက္ေျမႇာက္ရပါတယ္။ အေရးႀကီးဆုံးက အခုျပန္လာမယ့္ေက်ာင္းသားေတြကို ဝူဟန္ၿမိဳ႕ေလဆိပ္မွာ ျမန္မာဆရာဝန္ေတြက စစ္ေဆးၿပီး သံသယရွိသူေတြ႕ရင္ ဝူဟန္မွာပဲ ထားခဲ့မွာပါ။

ေလယာဥ္စီးစဥ္ကာလ နဲ႔ ေဆး႐ုံကိုကားနဲ႔လာတဲ့ အခ်ိန္ေတြမွာ N95 masks ေတြ ေတာက္ေလွ်ာက္တပ္ခိုင္းထားၿပီး အစာစားတာ ခြင့္ျပဳမွာမဟုတ္ပါဘူး။ ကန္ေတာ္နဒီေရာက္လာရင္လဲ မိမိအတြက္ခ်ထားေပးတဲ့ အခန္းထဲမွာပဲေနရမွာျဖစ္ၿပီး ေကာ္ရီဒါမွာထြက္ၿပီး အခ်င္းခ်င္းစကားေျပာတာကအစ ခြင့္ျပဳမွာမဟုတ္ပါဘူး။ အထူးသျဖစ္ မိဘေဆြမ်ိဳးေတြနဲ႔ လုံးဝေတြ႕ခြင့္ျပဳမွာ မဟုတ္သလို ဖ်ားနာမႈရွိမရွိေန႔စဥ္စစ္ေဆးမယ့္ ဆရာမတစ္ဦးသာ အထဲကိုဝင္ခြင့္ျပဳမွာပါ။ အစားအစာနဲ႔ေရသန္႔ေတြကို အခန္းထဲမွာထည့္ထားၿပီး ထပ္မံလိုအပ္မဲ့ ေရ ေရေႏြး မနက္ ေန႔လည္ ညစာေတြကို ေက်ာင္းသားေတြထားမယ့္အစြန္ဆုံး အခန္းကို အလြတ္ထားၿပီး စားပြဲေတြေပၚတင္ေပးထားမွာပါ။

လာတင္မဲ့သူတင္ေနတုန္း ေက်ာင္းသားေတြကို မလာခိုင္းပဲ bell တီးမွသာ လာေရာက္ယူခြင့္ရွိမွာပါ။ Quarantine လုပ္ထားတဲ့ ကာလအတြင္း ေက်ာင္းသားေတြနဲ႔ထိေတြ႕မႈ မရွိရေအာင္ ေဆာင္ရန္ေရွာင္ရန္မ်ားကို လာႀကိဳတဲ့ ကားေပၚမတက္ခင္ျဖန္႔ေဝမွာျဖစ္သလို ကုတင္အားလုံးေပၚမွာလည္း တင္ေပးထားမွာပါ။ ေက်ာင္းသားေတြကိုႏႈတ္နဲ႔ရွင္းျပရင္ exposure မ်ားမွာစိုးလို႔ပါ။ သတိဆိုတာပိုတယ္မရွိပါဘူး။ ဒါေပမယ့္လဲ လိုအပ္တာထက္ အစိုးရိမ္မပိုဖို႔ အေရးပိုႀကီးပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕က အေရးေပၚေၾကညာလိုက္ၿပီ ျဖစ္လို႔ က်န္းမာေရးဌာနက ျဖန္႔ေဝထားတဲ့ ပညာေပးခ်က္မ်ားကိုပါ ထပ္မံေဖာ္ျပလိုက္ပါတယ္။ စည္ပင္က က်န္းမာေရးနဲ႔ တိုက္႐ိုက္မသက္ဆိုင္ေပမယ့္ ၿမိဳ႕ေတာ္အတြက္ တိုင္းျပည္အတြက္ အေရးႀကီးရင္ ေသြးနီးရမွာျဖစ္လို႔ ၿမိဳ႕ေတာ္စည္ပင္က လိုအပ္တာမွန္သမွ် ဝိုင္းဝန္းေဆာင္႐ြက္ေပးသြားမွာပါ။

U Ye Lwin FB

Unicode

စာင့်ကြည့်ကာ လအတွင်း ကျောင်းသားတွေအဆင်ပြေစွာနေထိုင်နိုင်ဖို့ အစစ အရာရာထောင့်စေ့အောင် စီစဉ်ထားပေမယ့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကမ်းလှမ်းလာသူတွေကို မြို့တော်ကိုယ်စားကျေးဇူးအထူးတင်ပါတယ်။ Myanmar Net က 50MB free wifi,MPT က ငွေဖြည့်ထားတဲ့ SIM card များ,Alpine သောက်ရေသန့်က လိုအပ်သမျှသောက်ရေသန့်များ,SP Bakery က မုန့် ၄မျိုးပါ အထုတ်ကြီး ၇၀ လိုအပ်ရင် ထပ်မံလှူဒါန်းမှာပါ,မြို့တော်ဘီစကစ်က အထုတ်၆ဝပါ ၁ရဖာ လိုအပ်ရင်ထပ်မံ လှူဒါန်းမှာပါ,Premier Coffeemix က အထုတ် ၁၄၀၀ ထုတ် လိုအပ်ရင် ထပ်လှူမှာပါ,Pocari Sweat က အားဖြည့်အချိုရည် ၄၀၈ ပုလင်း,ဦးကာက ဒေါ်စိန် လက်ဖက်က လက်ဖက်သုပ်နဲ့ လက်ဖက်ခြောက်ဘူးများ လိုအပ်ရင် ထပ်လှူမှာပါ

မြန် မာ တရုတ်ချစ်ကြည်ရေးအသင်းက စောင် ၆၅ထည် ရေနွေးဓာတ်ဘူး တစ်ခန်းတစ်လုံး ၄၀ လုံး ရေနွေးကြိုတဲ့ ဓာတ်ဘူးအကြီး ၅ခု လက်ဆေးဆပ်ပြာရည် ၆၅ဘူး Tissue ၆၅ထုတ် မျက်နှာသုတ်ပုဝါ ၆၅ ထည် အဖုံးပါ လက်ဖက်ရည်ကြွေခွက် ၆၅ခွက် ထမင်းစားပန်းကန်ပြား ၆၅ချပ် ဇွန်ခက်ရင်း ၆၅ စုံ ကော်ဖီဖျော်ဇွန်း ၆၅ခု အကြမ်းပုဂံလုံး ၆၅ လုံး ဟင်းရည်သောက်ပန်းကန် ၆၅ လုံး

ရှမ်းရွှေတောင်က လက်ဖက် ၃၉ ဖာ , ဦးအောင်ကျော်ဦး ဒေါ်ဖြူဖြူလှိုင်မိသားစုက N95 mask 60 နဲ့ Surgical mask အခု ၁၀,ဝဝဝ , ဥက္ကာသီရိကုမ္ပဏီက US$ 405 တန်ဖိုးရှိ Antiviral spray များ , Sea Lion Company မှ ဒေါက်တာသာထက်အောင်က PPE လောလောဆယ် အစုံ၂ဝနဲ့ ထပ်မံလိုအပ်သလောက်ဆက်လှူသွားပါမယ်။ Post တင်နေတုန်း ကြယ်စင်မင်းကုမ္ပဏီက နံနက် နေ့လည်နဲ့ ညစာ အတွက် ၁၄ရက်စာ ကုန်ကျမဲ့ ငွေကျပ် ၇၅သိန်းစလုံးလှူမယ်ပြောလို့ ၁ဝသိန်းပဲလှူပါလို့ တောင်းပန်လိုက်ရပါတယ်။ မန္တလေးမြို့သူမြို့သားတွေရဲ့ စေတနာကတော့ ကျွန်တော်လက်မြှောက်ရပါတယ်။ အရေးကြီးဆုံးက အခုပြန်လာမယ့်ကျောင်းသားတွေကို ဝူဟန်မြို့လေဆိပ်မှာ မြန်မာဆရာဝန်တွေက စစ်ဆေးပြီး သံသယရှိသူတွေ့ရင် ဝူဟန်မှာပဲ ထားခဲ့မှာပါ။

လေယာဉ်စီးစဉ်ကာလ နဲ့ ဆေးရုံကိုကားနဲ့လာတဲ့ အချိန်တွေမှာ N95 masks တွေ တောက်လျှောက်တပ်ခိုင်းထားပြီး အစာစားတာ ခွင့်ပြုမှာမဟုတ်ပါဘူး။ ကန်တော်နဒီရောက်လာရင်လဲ မိမိအတွက်ချထားပေးတဲ့ အခန်းထဲမှာပဲနေရမှာဖြစ်ပြီး ကော်ရီဒါမှာထွက်ပြီး အချင်းချင်းစကားပြောတာကအစ ခွင့်ပြုမှာမဟုတ်ပါဘူး။ အထူးသဖြစ် မိဘဆွေမျိုးတွေနဲ့ လုံးဝတွေ့ခွင့်ပြုမှာ မဟုတ်သလို ဖျားနာမှုရှိမရှိနေ့စဉ်စစ်ဆေးမယ့် ဆရာမတစ်ဦးသာ အထဲကိုဝင်ခွင့်ပြုမှာပါ။ အစားအစာနဲ့ရေသန့်တွေကို အခန်းထဲမှာထည့်ထားပြီး ထပ်မံလိုအပ်မဲ့ ရေ ရေနွေး မနက် နေ့လည် ညစာတွေကို ကျောင်းသားတွေထားမယ့်အစွန်ဆုံး အခန်းကို အလွတ်ထားပြီး စားပွဲတွေပေါ်တင်ပေးထားမှာပါ။

လာတင်မဲ့သူတင်နေတုန်း ကျောင်းသားတွေကို မလာခိုင်းပဲ bell တီးမှသာ လာရောက်ယူခွင့်ရှိမှာပါ။ Quarantine လုပ်ထားတဲ့ ကာလအတွင်း ကျောင်းသားတွေနဲ့ထိတွေ့မှု မရှိရအောင် ဆောင်ရန်ရှောင်ရန်များကို လာကြိုတဲ့ ကားပေါ်မတက်ခင်ဖြန့်ဝေမှာဖြစ်သလို ကုတင်အားလုံးပေါ်မှာလည်း တင်ပေးထားမှာပါ။ ကျောင်းသားတွေကိုနှုတ်နဲ့ရှင်းပြရင် exposure များမှာစိုးလို့ပါ။ သတိဆိုတာပိုတယ်မရှိပါဘူး။ ဒါပေမယ့်လဲ လိုအပ်တာထက် အစိုးရိမ်မပိုဖို့ အရေးပိုကြီးပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်ကြေညာလိုက်ပြီ ဖြစ်လို့ ကျန်းမာရေးဌာနက ဖြန့်ဝေထားတဲ့ ပညာပေးချက်များကိုပါ ထပ်မံဖော်ပြလိုက်ပါတယ်။ စည်ပင်က ကျန်းမာရေးနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် မြို့တော်အတွက် တိုင်းပြည်အတွက် အရေးကြီးရင် သွေးနီးရမှာဖြစ်လို့ မြို့တော်စည်ပင်က လိုအပ်တာမှန်သမျှ ဝိုင်းဝန်းဆောင်ရွက်ပေးသွားမှာပါ။

U Ye Lwin FB