WHO ကေ န ဒီ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားတာကုိ ကမာၻလံုးဆုိင္ရာ ျပည္သူ႕က်န္းမာေရး အေရးေပၚ အေျခအေနအျဖစ္ သတ္မွတ္လိုက္ပါၿပီ။ ဒီလို ျဖစ္တဲ့ေနရာမွာ ေရာဂါျဖစ္ရင္ ေသတဲ့ႏွဳန္း CFR က သိပ္မျမင့္ပါဘူး။ တရာမွာ ၂.၉ ေလာက္ ပဲ ရိွပါတယ္။ ဒါေပမယ့္ ကူးစက္ႏွဳန္း ျမင့္ပါတယ္။ ေရာဂါ လကၡဏာမေပၚခင္မွာ ကူးစက္ႏိုင္တဲ့အတြက္ ေတာ္ေတာ္မ်ားမ်ား ျဖစ္ဖို႕ မ်ားပါတယ္။

အထူးသျဖင့္ က်န္းမာေရး ေစာက္ေရွာက္မွဳ စနစ္ အင္အားနည္းတဲ့ ျမန္မာလို ႏိုင္ငံမွာ ျဖစ္ရင္ အထိနာမွာ ျဖစ္လို႕ ျပည္သူလူထု ပူးေပါင္းပါ၀င္မွဳက အေရးႀကီးပါတယ္။ public health emergency အေျခအေနမွာ အေျခခံ လူတန္းစားပါ ပူးေပါင္း ပါ၀င္မွ ဒီဒဏ္ကို ခံရသက္သာမွာပါ။ ဒီေတာ့ အခုေရးမယ့္ မက္ေဆ့ခ်္ေတြကို ရႏိုင္သမွ် ျဖန္႕ေပးပါ။ ကိုယ္ပဲ ကာကြယ္ရံုနဲ႕ မၿပီးပါ။

ဒီအေျခအေနကို တဦးခ်င္းလယ္ဗယ္၊ အဖြဲ႕အစည္းလယ္ဗယ္၊ မူ၀ါဒ ခ်တဲ့အဆင့္ လယ္ဗယ္ လို႕ သံုးမ်ိဳးေလာက္ ခြဲ ကာကြယ္ရပါလိမ့္မယ္။ အဖြဲ႕အစည္း လယ္ဗယ္မွာ မိသားစု၊ အလုပ္ရံု၊ လူေလးငါးေယာက္ကေန တရာႏွစ္ရာ ရိွတဲ့ အလုပ္ရံုလို ဟာမ်ိဳးအထိ ယူပါ။ မူ၀ါဒ ခ်တဲ့ လယ္ဗယ္မွာ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးကေန အထက္ယူပါ။

၁- တဦးခ်င္း

တဦးခ်င္းမွာလုပ္ရမွာေတြက -လက္ကို ဆပ္ျပာနဲ႕( အရက္ပ်ံပါတဲ့ ဂ်ယ္နဲ႕လည္းရတယ္) မၾကာခနေဆးပါ – ေခ်ာင္းဆိုး၊ ႏွာေခ်ရင္ တစ္ရွဴးနဲ႕ျဖစ္ျဖစ္၊ တံေတာင္ဆစ္ေကြးနဲ႕ ျဖစ္ျဖစ္ အုပ္ဆိုးပါ။ တစ္ရွဴးကို စနစ္တက် ခ်က္ခ်င္း လႊင့္ပစ္ပါ – ဖ်ားသူ၊ ေခ်ာင္းဆိုးသူနဲ႕ အနီးကပ္မေနပါနဲ႕။ – ကိုယ္တိုင္ ဖ်ားရင္၊ ေခ်ာင္းဆိုး၊ အသက္ရွဴရခက္ရင္ ေဆးရံုေဆးခန္းသြားပါ။ ပြင့္ပြင့္လင္းလင္း ေျပာပါ – အရွင္ေတြ ေရာင္းတဲ့ ေစ်းသြားရင္ လက္ဗလာနဲ႕ ဟိုကိုင္ ဒီကိုင္မလုပ္နဲ႕၊ လုပ္မိရင္ လက္ေဆးပစ္ – က်က္ေအာင္ခ်က္စား၊ မက်က္တက်က္ မစားနဲ႕။ သားငါးစိမ္းေတြနဲ႕ ခ်က္ခ်င္းစားရတာေတြ ေရာမ၀ယ္နဲ႕။ မသယ္နဲ႕ (ႏွာေခါင္း အုပ္ဖို႕ထက္ လက္ေဆးတာ ပိုအေရးႀကီးတယ္။ mask က စိတ္ခ်မ္းသာခ်င္ရင္ တပ္)

၂- အဖြဲ႕အစည္း

– ကိုယ့္အဖြဲ႕က လူေတြ ကို ေရာဂါအေၾကာင္း ရွင္းျပထား။ – အဖ်ားတိုင္းဖို႕၊ လက္ေဆးဖို႕ ျပင္ဆင္ထားေပး။ ဖ်ားရင္ ခ်က္ခ်င္းသတင္းပို႕ဖို႕ မွာထား။ – ဖ်ားရင္ ခြင့္ေပးပါ။ မိသားစုဆို ခြဲေနပါ။ တဦးခ်င္း လိုက္နာရမွာေတြ လိုက္နာပါ။

၃- ေပၚလစီ

– မလိုပဲ ပြဲေတြ မလုပ္နဲ႕၊ ပြဲမိန္႕ မေပးနဲ႕။ ခရီးသြားမ်ားတဲ့ ေနရာေတြ၊ ေဒသေတြမွာ ျဖစ္ႏိုင္ရင္ အပူခ်ိန္တိုင္း စစ္ေပးဖို႕ လိုတယ္။ – ေဒသအလိုက္ ျဖစ္လာရင္ ဘယ္လို ရင္ဆိုင္မလဲ၊ ဘယ္မွာ ခြဲထားမလဲ၊ စတဲ့ စီမံခ်က္ ေရးထားသင့္တယ္။ တကယ္ outbreak ျဖစ္ရင္ ေဆးရံုမွာ ေနရာ ေလာက္မလား။ ဘယ္မွာ စုထားမလဲ။ ရိကၡာ စုထားသင့္သလား။ ေဒသအလိုက္ မတူပါ။

၄- ေစ်းေတြ

– ေစ်းေတြကို တေန႕တခါေလာက္ ပိုးသတ္ေဆး ျဖန္းသင့္၊ (သားငါးတန္း) ကိရိယာေတြ၊ ဓားေတြ ပိုးသတ္ေပးဖို႕လို – ေစ်းသူ ေစ်းသား (အထူးသျဖင့္ သားငါးတန္းကလူေတြ) ကို အကာအကြယ္နဲ႕ ေစ်းေရာင္းဖို႕ စီမံသင့္။ ေရာင္းၿပီးခ်ိန္မွာ ေရခ်ိဳးဖို႕၊ လက္ေဆးဖို႕ ပညာေပးထားသင့္၊ ေရာင္းေနခ်ိန္ မ်က္လံုး၊ ႏွားေခါင္း၊ ပါးစပ္ မထိဖို႕ ပညာေပးပါ – ေစ်းမွာ ရိွေသာ လမ္းေဘး ေခြးေၾကာင္ေတြကို သီးျခား ရွင္းလင္းသင့္၊ အထူးသျဖင့္ သားငါးတန္းမွာ သားငါးေတြနဲ႕ ထိေနတဲ့ အေကာင္ရွင္ေတြ မရိွသင့္ပါ။

၅- ခရီးသြားရင္

– က်န္းမာမွ ခရီးသြားပါ – ခရီးသြားတုန္း ႏွာေခ်၊ ေခ်ာင္းဆိုးသူနဲ႕ ကပ္မေနရ။ ကိုယ္ဆိုးရင္လည္း အုပ္ဆိုး၊ တစ္ရွဴးကို စနစ္တက် ပစ္ – သြားေနတုန္း ဖ်ားလာရင္ ကုသမွဳ ခံယူပါ – လမ္းမွာ တံေတြးမေထြးနဲ႕ – ဖ်ားေနတဲ့ အေကာင္ေတြ၊ လမ္းေဘးက ေခြးေၾကာင္၊ တိရိစာၦန္ေတြ မထိနဲ႕၊ မကိုင္နဲ႕ပါနဲ႕။

တအားႀကီးလည္း မေၾကာက္နဲ႕၊ ဒါေပမယ့္ မေပါ့နဲ႕၊ က်န္းမာေအာင္ေန၊ အားရိွေအာင္စား၊ ေလ့က်င့္ခန္းလုပ္၊ အားေဆးေသာက္၊ လက္ေဆး။ ဒီစကားေတြကို မသိသူေတြကို ျပန္ေျပာေပးပါ။

ေရးသားသူ – သကၠမိုးညိဳ
ေလးစားစြာျဖင့္ Blacker

Unicode

WHO ကေ န ဒီ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားတာကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်လိုက်ပါပြီ။ ဒီလို ဖြစ်တဲ့နေရာမှာ ရောဂါဖြစ်ရင် သေတဲ့နှုန်း CFR က သိပ်မမြင့်ပါဘူး။ တရာမှာ ၂.၉ လောက် ပဲ ရှိပါတယ်။ ဒါပေမယ့် ကူးစက်နှုန်း မြင့်ပါတယ်။ ရောဂါ လက္ခဏာမပေါ်ခင်မှာ ကူးစက်နိုင်တဲ့အတွက် တော်တော်များများ ဖြစ်ဖို့ များပါတယ်။

အထူးသဖြင့် ကျန်းမာရေး စောက်ရှောက်မှု စနစ် အင်အားနည်းတဲ့ မြန်မာလို နိုင်ငံမှာ ဖြစ်ရင် အထိနာမှာ ဖြစ်လို့ ပြည်သူလူထု ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။ public health emergency အခြေအနေမှာ အခြေခံ လူတန်းစားပါ ပူးပေါင်း ပါဝင်မှ ဒီဒဏ်ကို ခံရသက်သာမှာပါ။ ဒီတော့ အခုရေးမယ့် မက်ဆေ့ချ်တွေကို ရနိုင်သမျှ ဖြန့်ပေးပါ။ ကိုယ်ပဲ ကာကွယ်ရုံနဲ့ မပြီးပါ။

ဒီအခြေအနေကို တဦးချင်းလယ်ဗယ်၊ အဖွဲ့အစည်းလယ်ဗယ်၊ မူဝါဒ ချတဲ့အဆင့် လယ်ဗယ် လို့ သုံးမျိုးလောက် ခွဲ ကာကွယ်ရပါလိမ့်မယ်။ အဖွဲ့အစည်း လယ်ဗယ်မှာ မိသားစု၊ အလုပ်ရုံ၊ လူလေးငါးယောက်ကနေ တရာနှစ်ရာ ရှိတဲ့ အလုပ်ရုံလို ဟာမျိုးအထိ ယူပါ။ မူဝါဒ ချတဲ့ လယ်ဗယ်မှာ မြို့နယ် အုပ်ချုပ်ရေးကနေ အထက်ယူပါ။

၁- တဦးချင်း

တဦးချင်းမှာလုပ်ရမှာတွေက -လက်ကို ဆပ်ပြာနဲ့( အရက်ပျံပါတဲ့ ဂျယ်နဲ့လည်းရတယ်) မကြာခနဆေးပါ – ချောင်းဆိုး၊ နှာချေရင် တစ်ရှူးနဲ့ဖြစ်ဖြစ်၊ တံတောင်ဆစ်ကွေးနဲ့ ဖြစ်ဖြစ် အုပ်ဆိုးပါ။ တစ်ရှူးကို စနစ်တကျ ချက်ချင်း လွှင့်ပစ်ပါ – ဖျားသူ၊ ချောင်းဆိုးသူနဲ့ အနီးကပ်မနေပါနဲ့။ – ကိုယ်တိုင် ဖျားရင်၊ ချောင်းဆိုး၊ အသက်ရှူရခက်ရင် ဆေးရုံဆေးခန်းသွားပါ။ ပွင့်ပွင့်လင်းလင်း ပြောပါ – အရှင်တွေ ရောင်းတဲ့ စျေးသွားရင် လက်ဗလာနဲ့ ဟိုကိုင် ဒီကိုင်မလုပ်နဲ့၊ လုပ်မိရင် လက်ဆေးပစ် – ကျက်အောင်ချက်စား၊ မကျက်တကျက် မစားနဲ့။ သားငါးစိမ်းတွေနဲ့ ချက်ချင်းစားရတာတွေ ရောမဝယ်နဲ့။ မသယ်နဲ့ (နှာခေါင်း အုပ်ဖို့ထက် လက်ဆေးတာ ပိုအရေးကြီးတယ်။ mask က စိတ်ချမ်းသာချင်ရင် တပ်)

၂- အဖွဲ့အစည်း

– ကိုယ့်အဖွဲ့က လူတွေ ကို ရောဂါအကြောင်း ရှင်းပြထား။ – အဖျားတိုင်းဖို့၊ လက်ဆေးဖို့ ပြင်ဆင်ထားပေး။ ဖျားရင် ချက်ချင်းသတင်းပို့ဖို့ မှာထား။ – ဖျားရင် ခွင့်ပေးပါ။ မိသားစုဆို ခွဲနေပါ။ တဦးချင်း လိုက်နာရမှာတွေ လိုက်နာပါ။

၃- ပေါ်လစီ

– မလိုပဲ ပွဲတွေ မလုပ်နဲ့၊ ပွဲမိန့် မပေးနဲ့။ ခရီးသွားများတဲ့ နေရာတွေ၊ ဒေသတွေမှာ ဖြစ်နိုင်ရင် အပူချိန်တိုင်း စစ်ပေးဖို့ လိုတယ်။ – ဒေသအလိုက် ဖြစ်လာရင် ဘယ်လို ရင်ဆိုင်မလဲ၊ ဘယ်မှာ ခွဲထားမလဲ၊ စတဲ့ စီမံချက် ရေးထားသင့်တယ်။ တကယ် outbreak ဖြစ်ရင် ဆေးရုံမှာ နေရာ လောက်မလား။ ဘယ်မှာ စုထားမလဲ။ ရိက္ခာ စုထားသင့်သလား။ ဒေသအလိုက် မတူပါ။

၄- စျေးတွေ

– စျေးတွေကို တနေ့တခါလောက် ပိုးသတ်ဆေး ဖြန်းသင့်၊ (သားငါးတန်း) ကိရိယာတွေ၊ ဓားတွေ ပိုးသတ်ပေးဖို့လို – စျေးသူ စျေးသား (အထူးသဖြင့် သားငါးတန်းကလူတွေ) ကို အကာအကွယ်နဲ့ စျေးရောင်းဖို့ စီမံသင့်။ ရောင်းပြီးချိန်မှာ ရေချိုးဖို့၊ လက်ဆေးဖို့ ပညာပေးထားသင့်၊ ရောင်းနေချိန် မျက်လုံး၊ နှားခေါင်း၊ ပါးစပ် မထိဖို့ ပညာပေးပါ – စျေးမှာ ရှိသော လမ်းဘေး ခွေးကြောင်တွေကို သီးခြား ရှင်းလင်းသင့်၊ အထူးသဖြင့် သားငါးတန်းမှာ သားငါးတွေနဲ့ ထိနေတဲ့ အကောင်ရှင်တွေ မရှိသင့်ပါ။

၅- ခရီးသွားရင်

– ကျန်းမာမှ ခရီးသွားပါ – ခရီးသွားတုန်း နှာချေ၊ ချောင်းဆိုးသူနဲ့ ကပ်မနေရ။ ကိုယ်ဆိုးရင်လည်း အုပ်ဆိုး၊ တစ်ရှူးကို စနစ်တကျ ပစ် – သွားနေတုန်း ဖျားလာရင် ကုသမှု ခံယူပါ – လမ်းမှာ တံတွေးမထွေးနဲ့ – ဖျားနေတဲ့ အကောင်တွေ၊ လမ်းဘေးက ခွေးကြောင်၊ တိရိစ္ဆာန်တွေ မထိနဲ့၊ မကိုင်နဲ့ပါနဲ့။

တအားကြီးလည်း မကြောက်နဲ့၊ ဒါပေမယ့် မပေါ့နဲ့၊ ကျန်းမာအောင်နေ၊ အားရှိအောင်စား၊ လေ့ကျင့်ခန်းလုပ်၊ အားဆေးသောက်၊ လက်ဆေး။ ဒီစကားတွေကို မသိသူတွေကို ပြန်ပြောပေးပါ။

ရေးသားသူ – သက္ကမိုးညို
လေးစားစွာဖြင့် Blacker