ဆယ် ကျော်သက်အရွယ်လေးတွေဆို သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့အရွယ်လို့ ရှေ့လူကြီးတွေက ပြောစမှတ်ပြုကြပါတယ်။ သူတို့ဟာ ရင်ခုန်စိတ်လှုပ်ရှားတတ်သူတွေဖြစ်တာကြောင့် တော်ရုံ စိတ်ထိခိုက်မှုမျိုးကို မခံနိုင်ကြပါဘူး။ ဒီလိုအခြေအနေမှာချစ်သူက လမ်းခွဲသွားမယ်ဆိုရင်တော့ သူတို့အတွက် မျှော်လင့်ချက်မြို့ရိုးအထက်ခိုးတက်နေရာက ပက်လက်လန်ကျသလို ဖြစ်ကြမှာ အသေအချာပါပဲနော်။ ယခုစာဖတ်သူတွေလည်း ငယ်ဘဝက ရည်းစားဦးနဲ့ ကွဲကွာခဲ့တုန်းက ဘယ်သို့ ခံစားရလေမလဲဆိုတာ သိကြမှာပါနော်။

အခုတင်ပြပေမယ့် ရုပ်သံထဲက ကောင်မလေးကတော့ သူမရဲ့ချစ်သူက သူမကို စွန့်ခွာခဲ့တာကြောင့် လူ့လောကထဲမှာ မနေလိုတော့ဘူးဆိုပြီးတော့ ခေါင်းလျှော်ရည်တွေ သောက်ခဲ့တာကိုတွေ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူမ ပါးစပ်က အမြှပ်တစီစီထွက်နေတာကို ဗွီဒီယို ရိုက်ပြီး တင်ခဲ့တာကြောင့် လူကြည့်များနေခဲ့တာဖြစ်ပါတယ်။

ဒီအတွက် အများကတော့ မိုက်ရူးရဲဆန်တယ်လို့ အပြစ်တင်ဝေဖန်ကြသလို ၊ အများသူများကတော့ ဒီလို လုပ်စရာမလိုဘူးလို့ လှောင်ပြောင်ကြသူတွေလည်းရှိပါတယ်။ အချို့တွေကတော့ ခေါင်းလျှော်ရည်ဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်မှု နည်းပါးပြီးတော့ဝမ်းချုပ်နေသူတွေကိုပင် အထောက်အကူပြုနိုင်ပါတယ်လို့ ဆိုပါတယ်။နောက်ဆက်တွဲ အနေနဲ့ သူမ သေဆုံးသွားသလား ၊ မသေဆုံး ဘူးလားဆိုတာတော့ မည်သူမှ မသိရှိသေးပါဘူး။

Videoကြည့်ရန်