မေန႔ က ၿမိဳ့မ အ ထက (လွည္းကူးၿမိဳ့)မွာ ဂုဏ္ျပဳပြဲေလးတစ္ခု လုပ္ခဲ့ပါတယ္။
23/1/2020 ေန႔က က်င္းပခဲ့ေသာ ၿမိဳ့မအထက စုံညီပြဲေတာ္ေန႔တြင္ ဆရာမေဒၚသန္းေအးထံ ကေလးတစ္ဦးမွ ေရႊထည္ပစၥည္း တစ္ခုေကာက္ရလို့ လာအပ္တာပါဆိုၿပီး ၅ မူးသားခန႔္ရွိေရႊ foot- chain တစ္ခုလာေပးတယ္။ ပိုင္ရွင္လာယူဖို့ ေၾကညာလိုက္ပါတယ္။
ေန႔လည္ 1 နာရီမွာ အေနာက္ဘက္ကမ္းတံတားထိပ္နားမွ ခြန္မင္းသီဟစိုက္ပ်ိဳးေရးေဆးဆိုင္မွ ေဒၚအိမြန္ဝင္း ေရာက္လာၿပီး တိတ္ိက်က်ေျပာနိုင္လို့ ပစၥည္းျပန္ေပးလိုက္ပါတယ္။
ေကာက္ရသူက ေမာင္ဝဏၰထြန္း၊ အဘ ဦးရဲမင္းလတ္(ကြယ္လြန္)အမိ ေဒၚျမတ္ျမတ္ၿငိမ္း (အေၾကာ္ေရာင္း) ေမဃဝတီ 11 လမ္း ၿမိဳ့အုပ္စုမွာေနပါတယ္။
ပိုင္ရွင္မွ ဂုဏ္ျပဳခ်င္သည့္အတြက္ အဌမတန္း Assembly ၏ ကေလးမ်ားအားလုံးေရွ႕တြင္ ပိုင္ရွင္မွ ေက်းဇူးတင္စကားေျပာၿပီး ဂုဏ္ျပဳလက္ေဆာင္ေပးပါသည္ ေက်ာင္းအုပ္ႀကီးမွလည္း ဂုဏ္ျပဳ လိုက္ပါသည္။
ဆရာမႀကီးမွ ကၽြန္မတို့ ကေလးမ်ားကို မိုးထက္ျမင့္မားသည့္ ရိုးသားသည့္ စိတ္ဓာတ္ကို လူတိုင္းႏွစ္သက္တန္ဖိုးထားၾကေၾကာင္း၊ေကာက္ရေသာ္လည္း ပိုင္ရွင္မသိဘဲ ယူထားလၽွင္ ခိုးယူျခင္းပင္ ျဖစ္ေၾကာင္း၊ ၿမိဳ့မ အ ထ ကမွ ကေလးမ်ား၏ စာရိတၱကိုေက်နပ္ ဝမ္းသာဂုဏ္ယူေၾကာင္း၊
ကေလးမ်ားကိုပညာသင္ရာတြင္ စိတ္ဓာတ္၊ စည္းကမ္း၊ ပညာကို အေလးထားရန္ႏွင့္ စိတ္ဓာတ္ေကာင္းမွ စည္းကမ္းေကာင္းမည္၊ပညာေကာင္းမည္ကို ရွင္းလင္းေျပာၾကားၿပီး ေမာင္ဝဏၰထြန္းကဲ့သို့ ရိုးသားၾကရန္ ကိုယ္က်င့္သီလကိုတန္ဖိုးထားရန္ေျပာၾကားခဲ့ပါသည္။
စနစ္သစ္ပညာေရးတြင္ စာရိတၱသင္ခ်ိန္ကို ေသခ်ာစြာသင္ၾကားျခင္း၏ ေကာင္းမြန္ေသာရလဒ္ပါပဲ။
သတင္း – Daw Khin Myint Wai
ကောက်ရသည့် ၅ မူးသားခန့် ရွှေထည်ပစ္စည်း တစ်ခုအား ရိုးသားစွာ အပ်နှံပေးအပ်ခဲ့သည့် ကျောင်းသားလေးအား ဂုဏ်ပြုဆုချီးမြင့်
မနေ့က မြို့မ အ ထက (လှည်းကူးမြို့)မှာ ဂုဏ်ပြုပွဲလေးတစ်ခု လုပ်ခဲ့ပါတယ်။
23/1/2020 နေ့က ကျင်းပခဲ့သော မြို့မအထက စုံညီပွဲတော်နေ့တွင် ဆရာမဒေါ်သန်းအေးထံ ကလေးတစ်ဦးမှ ရွှေထည်ပစ္စည်း တစ်ခုကောက်ရလို့ လာအပ်တာပါဆိုပြီး ၅ မူးသားခန့်ရှိရွှေ foot- chain တစ်ခုလာပေးတယ်။ ပိုင်ရှင်လာယူဖို့ ကြေညာလိုက်ပါတယ်။
နေ့လည် 1 နာရီမှာ အနောက်ဘက်ကမ်းတံတားထိပ်နားမှ ခွန်မင်းသီဟစိုက်ပျိုးရေးဆေးဆိုင်မှ ဒေါ်အိမွန်ဝင်း ရောက်လာပြီး တိတိကျကျပြောနိုင်လို့ ပစ္စည်းပြန်ပေးလိုက်ပါတယ်။
ကောက်ရသူက မောင်ဝဏ္ဏထွန်း၊ အဘ ဦးရဲမင်းလတ်(ကွယ်လွန်)အမိ ဒေါ်မြတ်မြတ်ငြိမ်း (အကြော်ရောင်း) မေဃဝတီ 11 လမ်း မြို့အုပ်စုမှာနေပါတယ်။
ပိုင်ရှင်မှ ဂုဏ်ပြုချင်သည့်အတွက် အဌမတန်း Assembly ၏ ကလေးများအားလုံးရှေ့တွင် ပိုင်ရှင်မှ ကျေးဇူးတင်စကားပြောပြီး ဂုဏ်ပြုလက်ဆောင်ပေးပါသည် ကျောင်းအုပ်ကြီးမှလည်း ဂုဏ်ပြု လိုက်ပါသည်။
ဆရာမကြီးမှ ကျွန်မတို့ ကလေးများကို မိုးထက်မြင့်မားသည့် ရိုးသားသည့် စိတ်ဓာတ်ကို လူတိုင်းနှစ်သက်တန်ဖိုးထားကြကြောင်း၊ကောက်ရသော်လည်း ပိုင်ရှင်မသိဘဲ ယူထားလျှင် ခိုးယူခြင်းပင် ဖြစ်ကြောင်း၊ မြို့မ အ ထ ကမှ ကလေးများ၏ စာရိတ္တကိုကျေနပ် ဝမ်းသာဂုဏ်ယူကြောင်း၊
ကလေးများကိုပညာသင်ရာတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို အလေးထားရန်နှင့် စိတ်ဓာတ်ကောင်းမှ စည်းကမ်းကောင်းမည်၊ပညာကောင်းမည်ကို ရှင်းလင်းပြောကြားပြီး မောင်ဝဏ္ဏထွန်းကဲ့သို့ ရိုးသားကြရန် ကိုယ်ကျင့်သီလကိုတန်ဖိုးထားရန်ပြောကြားခဲ့ပါသည်။
စနစ်သစ်ပညာရေးတွင် စာရိတ္တသင်ချိန်ကို သေချာစွာသင်ကြားခြင်း၏ ကောင်းမွန်သောရလဒ်ပါပဲ။
သတင်း – Daw Khin Myint Wai