ယ ခုျမင္ရတဲ့ ပုံေတြကေတာ့ မူဆယ္က ေပးပို႔လာတဲ့ တ႐ုတ္ျပည္ ေ႐ႊလီဂ်ယ္ေဂါင္မွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏိုင္ငံသား အလုပ္သမားေတြပါ သူတို႔ေတြလည္း အဲ့ေရာဂါကိုေၾကာက္လို႔ ျပန္လာၾကတာပါ။ ဒီဘက္က နယ္စပ္ဂိတ္မွာ စစ္ေဆးသူေတြကလည္း အဖ်ားတိုင္းယုံဘဲ။ အဖ်ားမရွိရင္ အကုန္လႊတ္ေပးလိုက္တယ္ဆိုေတာ့ နဲနဲေတာ့ အံ့ဩေနမိတယ္။

ဩဇီမွာေတာ့ တ႐ုတ္ျပည္က ျပန္လာတဲ့သူေတြကို အဖ်ားရွိရွိ၊ မရွိရွိ ၿမိဳ႕ထဲေပးမဝင္ပဲ ကြၽန္းေပၚမွာထားၿပီး အခ်ိန္ကာလတစ္ခုအထိ ေစာင့္ၾကည့္မယ္။ ေရာဂါမရွိတာ ေသခ်ာၿပီလို႔ စိတ္ခ်ရမွ ၿမိဳ႕ထဲေပးဝင္မယ္တဲ့ တ႐ုတ္ျပည္ကို အလည္သြားခဲ့တဲ့ ကေလးေတြကို ဩဇီကေက်ာင္းေတြက လတ္တေလာ လာမတက္ဖို႔ က်န္းမာေရး ဝန္ႀကီးဌာနက အမိန႔္ထုတ္ထားတယ္။

ဒါေတာင္ ဒီႏိုင္ငံေတြမွာ ေရာဂါစစ္ေဆးတာ အဆင့္ျမင့္ နည္းပညာေတြ အသုံးျပဳၿပီး စစ္ေဆးေနၾကတာပါ။ ဒါေပမဲ့ သူတို႔ကိုယ္တိုင္ စိတ္မခ်လို႔ တ႐ုတ္ျပည္က ျပန္လာသူေတြကို ဩဇီႏိုင္ငံသားျဖစ္ေပမယ့္ ၿမိဳ႕ထဲေပးမဝင္ပဲ အကုန္အက်ခံၿပီး ကြၽန္းေပၚပို႔ထားတာပါ။

က်ေတာ္တို႔ႏိုင္ငံအေနနဲ႔ က်န္းမာေရးစစ္ေဆးမႈ႕က အရမ္းကို ေပါ့ေလွ်ာ့လြန္းေနတယ္။ အဖ်ားတိုင္းတာ သာမိုမီတာတိုင္းတဲ့ စက္တစ္လုံးနဲ႔ပဲ လက္တေလာ အဖ်ားမရွိရင္ ေပးဝင္လိုက္တယ္။ အဲ့ဒီ့လူေတြက ျမန္မာႏိုင္ငံ ေနရာေဒသ အသီးသီးကို ျပန္ၾကမွာ။ သူတို႔ကို ဘယ္ျပန္မွာလဲ မသိသလို ေစာင့္ၾကည့္စစ္ေဆးမယ့္သူလည္း မရွိေတာ့ဘူး။

အကယ္၍သာ ဒီလူေတြထဲက တစ္ေယာက္တေလ လတ္တေလာမွာ အဖ်ားမရွိေပမယ့္ မေျပာေကာင္း မဆိုေကာင္း ေရာဂါပါလာရင္ ဘယ္သူသိၾကမလဲ …. ခုမူဆယ္ေဆး႐ုံႀကီးမွာလည္း ေဆးဝါးလုံေလာက္ေအာင္ မရွိဘူးလို႔ ဆရာမေတြက ရင္ဖြင့္ေနၾကပါတယ္။

တ႐ုတ္ျပည္နဲ႔ အိမ္နီးခ်င္းျဖစ္ေနတဲ့ က်ေတာ္တို႔ ျမန္မာႏိုင္ငံအေနနဲ႔ ဒီေရာဂါဆိုးႀကီးကို ကမာၻကေတာင္ စိုးရိမ္ထိတ္လန႔္ေနခ်ိန္မွာ မေပါ့ဆၾကေစခ်င္ပါဘူး။ က်န္းမာေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူေတြအေနနဲ႔ ႏိုင္ငံတကာမွာ ဘယ္လို ကာကြယ္ေရးေတြ လုပ္ေနလည္း ေလ့လာၾကေစခ်င္ပါတယ္ နယ္စပ္က ေဆး႐ုံေတြမွာ ေဆးဝါးလုံေလာက္ေအာင္ ခ်ေပးေစခ်င္ပါတယ္….

ZN.H (AU)
Credit – Blacker

Unicode

ယ ခုမြင်ရတဲ့ ပုံတွေကတော့ မူဆယ်က ပေးပို့လာတဲ့ တရုတ်ပြည် ရွှေလီဂျယ်ဂေါင်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေပါ သူတို့တွေလည်း အဲ့ရောဂါကိုကြောက်လို့ ပြန်လာကြတာပါ။ ဒီဘက်က နယ်စပ်ဂိတ်မှာ စစ်ဆေးသူတွေကလည်း အဖျားတိုင်းယုံဘဲ။ အဖျားမရှိရင် အကုန်လွှတ်ပေးလိုက်တယ်ဆိုတော့ နဲနဲတော့ အံ့ဩနေမိတယ်။

ဩဇီမှာတော့ တရုတ်ပြည်က ပြန်လာတဲ့သူတွေကို အဖျားရှိရှိ၊ မရှိရှိ မြို့ထဲပေးမဝင်ပဲ ကျွန်းပေါ်မှာထားပြီး အချိန်ကာလတစ်ခုအထိ စောင့်ကြည့်မယ်။ ရောဂါမရှိတာ သေချာပြီလို့ စိတ်ချရမှ မြို့ထဲပေးဝင်မယ်တဲ့ တရုတ်ပြည်ကို အလည်သွားခဲ့တဲ့ ကလေးတွေကို ဩဇီကကျောင်းတွေက လတ်တလော လာမတက်ဖို့ ကျန်းမာရေး ဝန်ကြီးဌာနက အမိန့်ထုတ်ထားတယ်။

ဒါတောင် ဒီနိုင်ငံတွေမှာ ရောဂါစစ်ဆေးတာ အဆင့်မြင့် နည်းပညာတွေ အသုံးပြုပြီး စစ်ဆေးနေကြတာပါ။ ဒါပေမဲ့ သူတို့ကိုယ်တိုင် စိတ်မချလို့ တရုတ်ပြည်က ပြန်လာသူတွေကို ဩဇီနိုင်ငံသားဖြစ်ပေမယ့် မြို့ထဲပေးမဝင်ပဲ အကုန်အကျခံပြီး ကျွန်းပေါ်ပို့ထားတာပါ။

ကျတော်တို့နိုင်ငံအနေနဲ့ ကျန်းမာရေးစစ်ဆေးမှု့က အရမ်းကို ပေါ့လျှော့လွန်းနေတယ်။ အဖျားတိုင်းတာ သာမိုမီတာတိုင်းတဲ့ စက်တစ်လုံးနဲ့ပဲ လက်တလော အဖျားမရှိရင် ပေးဝင်လိုက်တယ်။ အဲ့ဒီ့လူတွေက မြန်မာနိုင်ငံ နေရာဒေသ အသီးသီးကို ပြန်ကြမှာ။ သူတို့ကို ဘယ်ပြန်မှာလဲ မသိသလို စောင့်ကြည့်စစ်ဆေးမယ့်သူလည်း မရှိတော့ဘူး။

အကယ်၍သာ ဒီလူတွေထဲက တစ်ယောက်တလေ လတ်တလောမှာ အဖျားမရှိပေမယ့် မပြောကောင်း မဆိုကောင်း ရောဂါပါလာရင် ဘယ်သူသိကြမလဲ …. ခုမူဆယ်ဆေးရုံကြီးမှာလည်း ဆေးဝါးလုံလောက်အောင် မရှိဘူးလို့ ဆရာမတွေက ရင်ဖွင့်နေကြပါတယ်။

တရုတ်ပြည်နဲ့ အိမ်နီးချင်းဖြစ်နေတဲ့ ကျတော်တို့ မြန်မာနိုင်ငံအနေနဲ့ ဒီရောဂါဆိုးကြီးကို ကမ္ဘာကတောင် စိုးရိမ်ထိတ်လန့်နေချိန်မှာ မပေါ့ဆကြစေချင်ပါဘူး။ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံတကာမှာ ဘယ်လို ကာကွယ်ရေးတွေ လုပ်နေလည်း လေ့လာကြစေချင်ပါတယ် နယ်စပ်က ဆေးရုံတွေမှာ ဆေးဝါးလုံလောက်အောင် ချပေးစေချင်ပါတယ်….

ZN.H (AU)
Credit – Blacker