



Ref-KKL

Unicode

ပ ထမတော့ ပိတ်သင့်တယ်ပေါ့- အစိုးရ ဘာလို့ မပိတ်သေးတာလဲ ဆိုပြီး နားလည်မှု လွဲသေးတယ်။ တရုတ်လေကြောင်း လိုင်းတွေကို မပိတ်သိမ်းသေးတဲ့ အကြောင်းအရင်းကတော့ ဒီညနေမှ ကိုယ်လည်းသိတယ်။

အခုညနေ သမ္မတရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောမှ ရှင်းသွားတော့တယ်။ ဒီလိုပါ နိုင်ငံတစ်နိုင်ငံမှာ လေကြောင်းလိုင်းတွေကို ပိတ်ချင်တိုင်း ပိတ်လို့မရပါဘူး။ အဓိက ကျတာကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပါ။ WHO က အခု ရောဂါပိုး ပျံ့နှံ့မှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

ဒီထက်ပိုပြီး ကြပ်မတ်ရမယ့် အဆင့်ဆိုရင် WHO ရဲ့ recommendation ကို ICAO က လိုက်နာရပါတယ်။ ICAO ဆိုတာ International Civil Aviation Organization ကိုပြောတာပါ၊ နိုင်ငံတကာက လေကြောင်းလိုင်းတွေကို ကြီးကြပ်ရတဲ့ အဖွဲ့အစည်းပါ။ ICAO ရဲ့ ကြီးကြပ်မှုကို နိုင်ငံတကာ လေကြောင်းလိုင်းတွေက လိုက်နာရပါတယ်။

အစိုးရက လေကြောင်းလိုင်းတွေကို ဖျက်ချင်တိုင်း ဖျက်လို့ မရဘူးဆိုတာ ဒါကြောင့်ပါပဲ။ လေကြောင်းလိုင်းတွေ ပိတ်ဖို့ WHO ရဲ့ recommendation ကို စောင့်နေတာပါ။ တရုတ်လိုင်းတွေ မပိတ်သေးဘူးလားဆိုတဲ့ အစိုးရ အပေါ် အထင်လွဲနေတာလေး ရေးပြတာပါ။

Ref-KKL