စ ကၤာပူႏိုင္ငံဟာ ကို႐ိုနာဗိုင္းရဗ္စ္ေရာဂါျပန႔္ပြားမူကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ တ႐ုတ္ပတ္စ္ပို႔ကိုင္ထားသူအားလုံးကို ျပည္ဝင္ခြင့္ပိတ္ပင္လိုက္ၿပီလို႔ ဒီကေန႔ ညေနမွာေၾကညာလိုက္ပါတယ္။ ေလာေလာဆယ္ စကၤာပူႏိုင္ငံမွာ ကို႐ိုနာဗိုင္းရဗ္စ္ကူးစက္ခံရသူ ၁၃ ဦးအထိရွိေနၿပီျဖစ္ၿပီး အထူးကူသေဆာင္မွာ ၾကပ္မတ္ကုသေနသလို အျခားသံသယရွွိတဲ့တဲ့လူေတြကိုလဲေစာင့္ၾကည့္ေနတယ္လို႔သိရပါတယ္။

တ ႐ုတ္ႏိုင္ငံရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ အဆိုးဆုံး ပ်ံ႕ႏွံ႔ျဖစ္ပြားရာ ဟူေဘးျပည္နယ္မွာဆိုရင္ ေသာၾကာေန႔မွာ ေနာက္ထပ္ လူ ၄၂ ဦး ေသဆုံးတာေၾကာင့္ စုစုေပါင္း ေသဆုံးသူဦးေရဟာ ၂၁၃ ဦးအထိ ရွိသြားၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္းဟာ တေသာင္းေက်ာ္ထက္မနည္း ရွိေၾကာင္း ထုတ္ျပန္ထားပါတယ္။

“မျပည့္စံုတဲ့ က်န္းမာေရးစနစ္ေတြၾကားမွာ ကို႐ိုနာဗိုင္းရပ္စ္ဟာ ဒီထက္မက ကမာၻ႔ႏိုင္ငံေတြဆီ ပ်ံ႕သြားမွာကို ကြၽန္ေတာ္တို႔ အစိုးရိမ္ဆုံးအပူပန္ဆုံးပဲ။”လို႔ ကမာၻ႕က်န္းမာေရးအဖြဲ႕ခ်ဳပ္ အႀကီးအကဲ တီဒ႐ို႕စ္ အက္ဟမ္ႏြမ္ ဂီဘရီယက္ဆက္က ေျပာပါတယ္။

“ခုလို တစ္ကမာၻလုံးဆိုင္ရာ အေရးေပၚအေျခအေနအျဖစ္ ေၾကညာရတာဟာ တ႐ုတ္ႏိုင္ငံကုိ မယံုၾကည္လုိ႔ မဟုတ္ပါဘူး။ ဒီေရာဂါပုိးကို ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔အတြက္ အားနည္းတဲ့ ႏိုင္ငံေတြကို အကူအညီ အေထာက္အပံ့ေတြ ေပးႏိုင္ဖို႔အတြက္ ရည္႐ြယ္ၿပီး ထုတ္ျပန္လိုက္ရတာ ျဖစ္တယ္။”လို႔ အမ်ားျပည္သူ က်န္းမာေရး အေရးေပၚအေျခအေန ေၾကညာခ်က္ ထုတ္ရာ၌ တီဒ႐ို႕စ္က ေျပာခဲ့တာ ျဖစ္ပါတယ္။

“ခုကစလို႔ ကြၽန္ေတာ္တို႔ အားလုံး ကို႐ိုနာဗိုင္းရပ္စ္ ေနာက္ထပ္ မျပန႔္ပြားေအာင္ တားဆီးဖို႔ အတူတကြ ေဆာင္႐ြက္သြားရလိမ့္မယ္။ အားလုံးပူးေပါင္းေဆာင္႐ြက္မွပဲ ဒီ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ရပ္တန႔္ႏိုင္မွာ ျဖစ္တယ္။”ဟု ၎က တရုတ္ႏုိင္ငံကုိ ခ်ီးက်ဴးစကား ေျပာခဲ့ပါတယ္။

Rf – SG.News
Credit – Blacker

Unicode

စ င်္ကာပူနိုင်ငံဟာ ကိုရိုနာဗိုင်းရဗ်စ်ရောဂါပြန့်ပွားမူကို ထိန်းချုပ်တဲ့အနေနဲ့ တရုတ်ပတ်စ်ပို့ကိုင်ထားသူအားလုံးကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီလို့ ဒီကနေ့ ညနေမှာကြေညာလိုက်ပါတယ်။ လောလောဆယ် စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ကူးစက်ခံရသူ ၁၃ ဦးအထိရှိနေပြီဖြစ်ပြီး အထူးကူသဆောင်မှာ ကြပ်မတ်ကုသနေသလို အခြားသံသယရှှိတဲ့တဲ့လူတွေကိုလဲစောင့်ကြည့်နေတယ်လို့သိရပါတယ်။

တ ရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ပျံ့နှံ့ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှာဆိုရင် သောကြာနေ့မှာ နောက်ထပ် လူ ၄၂ ဦး သေဆုံးတာကြောင့် စုစုပေါင်း သေဆုံးသူဦးရေဟာ ၂၁၃ ဦးအထိ ရှိသွားပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်းဟာ တသောင်းကျော်ထက်မနည်း ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

“မပြည့်စုံတဲ့ ကျန်းမာရေးစနစ်တွေကြားမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီထက်မက ကမ္ဘာ့နိုင်ငံတွေဆီ ပျံ့သွားမှာကို ကျွန်တော်တို့ အစိုးရိမ်ဆုံးအပူပန်ဆုံးပဲ။”လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အကြီးအကဲ တီဒရို့စ် အက်ဟမ်နွမ် ဂီဘရီယက်ဆက်က ပြောပါတယ်။

“ခုလို တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာရတာဟာ တရုတ်နိုင်ငံကို မယုံကြည်လို့ မဟုတ်ပါဘူး။ ဒီရောဂါပိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် အားနည်းတဲ့ နိုင်ငံတွေကို အကူအညီ အထောက်အပံ့တွေ ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်ပြန်လိုက်ရတာ ဖြစ်တယ်။”လို့ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ရာ၌ တီဒရို့စ်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ခုကစလို့ ကျွန်တော်တို့ အားလုံး ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် မပြန့်ပွားအောင် တားဆီးဖို့ အတူတကွ ဆောင်ရွက်သွားရလိမ့်မယ်။ အားလုံးပူးပေါင်းဆောင်ရွက်မှပဲ ဒီ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရပ်တန့်နိုင်မှာ ဖြစ်တယ်။”ဟု ၎င်းက တရုတ်နိုင်ငံကို ချီးကျူးစကား ပြောခဲ့ပါတယ်။

Rf – SG.News
Credit – Blacker