ဇန္ န၀ါရီ ၃၁ ရက္အထိ ျမန္မာႏုိင္ငံတြင္ ကိုရိုနာဗိုင္းရပ္ပိုး ကူးစက္ခံရသူနွင့္ သံသယ လူနာမရွိေသးဟု ရန္ကုန္တုိင္းျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရး ဦးစီးဌာန ဌာနမွဴး ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာထြန္းျမင့္က ေျပာပါတယ္။

ရန္ကုန္တုိင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာနရုံးတြင္ ဇန္န၀ါရီ ၃၁ ရက္က်င္းပေသာ ကုိရုိနာဗုိင္းရပ္စ္ပုိးေၾကာင့္ ျဖစ္ပြား ေသာ အဆုတ္ေရာင္ေရာဂါ ကာကြယ္တားဆီးေရး လုပ္ငန္းမ်ားအတြက္အသုံးျပဳရန္ က်န္းမာေရးအေထာက္အကူျပဳ ပစၥည္းမ်ား ေပးအပ္လွဴဒါန္းပြဲတြင္ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာထြန္းျမင့္က ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“ျပည္သူလူထုကုိ ထပ္အသိေပးခ်င္တာက Mask ကုိ နွာေစး၊ ေခ်ာင္းဆုိး မျဖစ္ရင္ တပ္စရာမလုိပါဘူး။ မိမိကုိယ္ကုိယ္မွာ နွာေစး၊ ေခ်ာင္းဆုိးျဖစ္ေနရင္ေတာ့ တပ္ရမယ္။ ေနာက္ဒီပုိးကလည္း တစ္မီတာ အကြာဆုိရင္ ဒီပုိးကျပန္႔ႏွံမႈမရွိဘူး။ ဒီေန႔အထိလည္း ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံမွာ ေရာဂါပုိး ကူးစက္ထားသူေရာ သံသယလူနာပါမရွိပါဘူး”ဟု ၄င္းက ေျပာပါတယ္။

ကုိရုိနာဗုိင္းရပ္စ္ပုိးေၾကာင့္ ျဖစ္ပြားေနေသာ အဆုတ္ေရာင္ေရာဂါသည္ လက္ရွိ ဇန္န၀ါရီ ၃၁ ရက္ မြန္းလြဲပုိင္းအထိ ေရာဂါပုိး ကူး စက္ခံရသူ တေသာင္းေက်ာ္ႏွင့္ ေသဆုံးသူ ၂၁၃ ဦး ရွိၿပီျဖစ္ေၾကာင္း သိရပါတယ္။ ေသဆုံးသူ ၂၁၃ ဦးတြင္ လူမွလူသုိ႔ ကူးစက္ခံရသည့္ လူ ၈ ဦးရွိေၾကာင္း ကမၻာ႔က်န္းမာေရးအဖြဲ႔မွ သိရပါတယ္။

လက္ရွိ ျမန္မာႏုိင္ငံတြင္ သံသယလူနာနွင့္ အတည္ျပဳလူနာမ်ားကုိ ထားရွိရန္ ေ၀ဘာဂီအထူးကု ေဆးရုံ၊ ေနျပည္ေတာ္ ခုတင္ ၁၀၀၀ ေဆးရုံ၊ မႏၱေလး ျပည္သူ႔ေဆးရုံႀကီးတုိ႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

Ref-AKT
Credit – Blacker

Unicode

ဇန် နဝါရီ ၃၁ ရက်အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရသူနှင့် သံသယ လူနာမရှိသေးဟု ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင် ဇန်နဝါရီ ၃၁ ရက်ကျင်းပသော ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွား သော အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများအတွက်အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ပြည်သူလူထုကို ထပ်အသိပေးချင်တာက Mask ကို နှာစေး၊ ချောင်းဆိုး မဖြစ်ရင် တပ်စရာမလိုပါဘူး။ မိမိကိုယ်ကိုယ်မှာ နှာစေး၊ ချောင်းဆိုးဖြစ်နေရင်တော့ တပ်ရမယ်။ နောက်ဒီပိုးကလည်း တစ်မီတာ အကွာဆိုရင် ဒီပိုးကပြန့်နှံမှုမရှိဘူး။ ဒီနေ့အထိလည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်ထားသူရော သံသယလူနာပါမရှိပါဘူး”ဟု ၄င်းက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားနေသော အဆုတ်ရောင်ရောဂါသည် လက်ရှိ ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းအထိ ရောဂါပိုး ကူး စက်ခံရသူ တသောင်းကျော်နှင့် သေဆုံးသူ ၂၁၃ ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။ သေဆုံးသူ ၂၁၃ ဦးတွင် လူမှလူသို့ ကူးစက်ခံရသည့် လူ ၈ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင် သံသယလူနာနှင့် အတည်ပြုလူနာများကို ထားရှိရန် ဝေဘာဂီအထူးကု ဆေးရုံ၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ၊ မန္တလေး ပြည်သူ့ဆေးရုံကြီးတို့ စီစဉ်ထားကြောင်း သိရပါတယ်။

Ref-AKT
Credit – Blacker