



Ref-Thai News

Unicode

ဝူ ဟန်ပိုးကြောင့် အထိနာနေတဲ့ ခရီးသွားလုပ်ငန်း လုပ်နေသူတွေအတွက် အစိုးရဘဏ်တွေဆီက ချေးထားတဲ့ ငွေတွေအပေါ် အတိုး အရင်း ပေဆပ်နေရမှုကို ၆ လတာ ရပ်ဆိုင်းပေးမတဲ့။ ဂျက်လေယာဉ်တွေအတွက် လောင်စာဆီအပေါ် စည်းကြပ်တဲ့ အထူး ကုန်စည်ခွန်ကိုလည်း လျှော့ပေးမယ်တဲ့။

သည်အစီအမံတွေကို အင်္ဂါနေ့မယ် ဝန်ကြီးအဖွဲ့ကို တင်ပြီး အတည်ပြုမှု ရယူမယ်လို့ ဆိုပါတယ်။ ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က သည်ရောဂါဖြစ်ပွားမှုကြောင့် သည်နှစ်ရဲ့ ပထမလေးလပတ်အတွင်း ပေါက်ဖော်ခရီးသွား ဝင်ရောက်မှု ၈၀ % (ခရီးသွားပေါင်း ၂ သန်း ၃ သိန်း ၂ သောင်း) လျော့သွားပြီး ဝင်ငွေအားဖြင့် ထိုင်းဘတ် ၉၈ ကုဋာ ဆုံးရှုံးနိုင်ချေ ရှိတယ်လို့ ဆိုလာပါပြီ။

သွက်ချက်ဗျာ…ပထမ ထိုင်းတွေရဲ့ ကျန်းမာရေးက အရေးကြီးဆုံး ဦးစားပေးကိစ္စပဲတဲ့။

ဒုတိယ သည်ရောဂါကြောင့် တိုင်းပြည်အပေါ် သက်ရောက်လာနိုင်မယ့် စီးပွားရေးအခြေအနေကို တွက်ဆပြီး အမြန်ဆုံး အရေးယူဆောင်ရွက်တာ…သြော်… အင်စထစ်ကျူးရှင်းရယ်တဲ့မှ ရှင်း.

Ref-Thai News