ဒါရိုက် တာ ညို မင်းလွင်က ရိုက်ကူး ပုံဖော် ထားပြီး သင်ဇာဝင့်ကျော် ပါဝင် သရုပ်ဆောင်ထားတဲ့ မြမြ ဇာတ်ကား ရဲ့ Red Carpet ပွဲကိုတော့ ဇန်နဝါရီ (၃၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီဇာတ်ကားက တော့ ပရိသတ်ကြားမှာ တော်တော်လေး စိတ်ဝင်စားမှု

မြင့်တက်နေတဲ့ ဇာတ်ကားပါ။မြမြ ကိုတော့ (၂၀၂၀) ဖေဖော်ဝါရီ (၆) ရက်နေ့မှာ ရုံတင်ပြသမှာပါ။သင်ဇာကတော့ မြမြ ရဲ့ Red Carpet ပွဲကို တက်ရောက်ခဲ့တဲ့ ပုံလေးကိုတော့ သူမရဲ့ အကောင့်မှာ ဖော်ပြ ထားပါတယ်။

“မွမွ Red carpet show ❤️ congratulations Nyo Min Lwin & Mya Mya Team
👗 Ko Nyein Ko📸 Nay Min Tun💄 Swar Swar Kyone Lay

ဖေဖော်ဝါရီ (၈)ရက်နေ့မှာတော့ မြမြ အဖွဲ့သားတွေ က မန္တလေး ပရိသတ်တွေ နဲ့ တွေ့ ဆုံသွားမှာပါ။အဲ့ဒီ နောက်ပိုင်း မှာတော့ တောက်လျောက်ဆိုသလို နယ်ပရိသတ်တွေ နဲ့ တွေ့ ဆုံသွားဖို့ ရှိပါတယ်။ရန်ကုန်ပရိသတ်တွေနဲ့ ကတော့ ပြည်ထောင်စု နေ့မှာ တွေ့ဆုံ သွားမယ်လို့ မြမြ ရဲ့ live မှာ ပြောထားပါတယ်။

မြမြ ဇာတ်လမ်း ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကတော့ အွန်လိုင်းပေါ်မှာ တက်လာတဲ့ ဝိဉာဉ် ပူးကပ်တဲ့ ဗီဒီယိုဖိုင် တစ်ခု ကြောင့်ပါ။အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့ မြမြ ဆိုတဲ့ ဝိဉာဉ် က မိန်းကလေး တစ်ယောက်ကို ပူးကပ်ပြီး သူမဟာမုဒိမ်းကျင့်သတ်ခံလိုက်ရတယ်…

သူမ အတွက် အမှန် တရား ဖော်ထုတ်ပေးဖို့ ပြောခဲ့တာပါ။ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဖြစ်ခဲ့တာပါ။အဲ့ဒီ ဗီဒီယိုဖိုင်ထဲက မိန်းကလေး ပြောတဲ့ အကြောင်းအရာကို ဒါရိုက်တာ ညို မင်းလွင်က မြမြ ဆိုပြီး ဇာတ်ကားရိုက်ကူးခဲ့တာပါ။